ရယ်စရာ အမှားတွေနဲ့ တလွဲလုပ်ကြသူများရဲ့ ဓာတ်ပုံများ

အခုပြောပြမယ့် အကြောင်းအရာလေးကတော့ တစ်နေ့တာမှာ မလွဲပဲ မနေနိုင်သူတွေရဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို အလွဲတွေ လုပ်မိကြလဲဆိုတာကတော့ အောက်ပုံလေးတွေ တစ်ပုံချင်းစီကို အတူ ကြည့်လိုက်ရအောင်နော် ။ shwekhitonlinetv.com

၁။ နာမည် မှားတပ်ခံလိုက်ရတဲ့ ချေဂွေဗားရား

ခါးပတ်အရောင်းဆိုင်တစ်ခုမှာ ဒီပုံလေးတွေကို တစ်ယောက်ယောက်က တွေ့ပြီး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ် ။ နာမည်ကြီး တော်လှန်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ချေဂွေဗားရားပုံကို ပြထားပြီး Reggae အဆိုတော် Bob Marley နာမည်တပ်ပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ အပြင်မှာ ပြထားတာနဲ့ အတွင်းပိုင်းမှာ ပါတာ တလွဲဖြစ်နေတဲ့ စည်သွတ်ဘူး

အခုပုံမှာ မြင်နေရတဲ့ စည်သွတ်ဘူးမှာဆိုရင် အပြင်မှာ တံဆိပ်ကပ်ပြီး ကြော်ငြာထားတာက ပဲစိမ်းဘူးလို့ ပြောထားပေမယ့် တစ်ကယ်ပါနေတာကတော့ ပြောင်းဖူးစေ့လေးတွေပဲ ဖြစ်ပါတယ် ။ တစ်ခါတစ်လေမှာ ကိုယ်ဝယ်တဲ့ ပစ္စည်းတွေက ဒီလိုမျိုး အလွဲလေးတွေ ဖြစ်နေတတ်ပါတယ် ။shwekhitonlinetv.com

၃။ ကားမှောင်ခိုသွင်းတာ ကျွမ်းကျင်ကြသူများ

ဒါကတော့ မက္ကစီကိုနိုင်ငံနဲ့ အမေရိကန် နိုင်ငံ နယ်စပ်ကြားမှာ ကားမှောင်ခို တင်သွင်းနေတဲ့ ပုံပဲ ဖြစ်ပါတယ် ။ နံရံတစ်ဖက်ကနေ ကားတစ်စီးကို ရအောင် တင်သွင်းနိုင်တဲ့ သူတို့ရဲ့ အိုင်ဒီယာကတော့ တစ်ကယ့်ကို လေးစားစရာပါပဲ ။ shwekhitonlinetv.com

၄။ ဖတ်လိုက်တာနဲ့ ခေါင်းမူးသွားနိုင်တဲ့ ဆိုင်းဘုတ်

လမ်းမတစ်နေရာမှာ ထားပေးထားတဲ့ ဆိုင်းဘုတ်ကတော့ ဘယ်လိုလွဲနေလဲဆိုရင် ပုံမှာ မြင်နေရတဲ့ အတိုင်းပါပဲ ။ ပထမဆိုင်းဘုတ်မှာတော့ ကားတွေ ခဏရပ်နားနိုင်အောင် ညွှန်ပြထားတဲ့ ဆိုင်းဘုတ်ဖြစ်ပြီး အောက်ဘက်က ဆိုင်းဘုတ်မှာတော့ ဒီနေရာမှ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ရပ်မရဘူးလို့ သတိပေးထားတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကားမောင်းသူတွေ ဒီဆိုင်းဘုတ်ကို ဖတ်ပြီး ရူးချင်သလိုလို ဖြစ်သွားမှာ အသေအချာပါပဲ ။ shwekhitonlinetv.com

၅။ မနိုင်ဝန်ကို ရအောင် ထမ်းထားတဲ့ ကား

ဒီကားလေးရဲ့ ပိုင်ရှင်ကတော့ သူ့ကားပေါ်မှာ ပစ္စည်းတွေကို အဆမတန်တင်ထားတာပဲ ဖြစ်ပါတယ် ။ အခုလို ရပ်ထားရင်တော့ ပြသာနာမရှိပေမယ့် ကားမောင်းနေရင်း ဘရိတ်အုပ်တာ အရှိန်လွန်သွားလို့ကတော့ ကားပေါ်က ပစ္စည်းတွေနဲ့ ကားသမားရဲ့ ဘဝကတော့ မတွေးရဲစရာပါဲ ။ shwekhitonlinetv.com

၆။ နံရံဘက်သာ မျက်နှာချင်း ဆိုင်ချင်နေတဲ့ တီဗီ

ပုံထဲက တီဗီထားတဲ့ပုံလေးကို ကြည့်ပြီး လူတိုင်း သဘောကျမိသွားပါ ။ ဒီလို တီဗီကို နံရံနဲ့ မျက်နှာချင်းဆိုင် မှာ ထားပြီး တပ်ပေးသွားတဲ့ ပညာရှင်ရဲ့ စိတ်ကူးကတော့ တစ်ကယ့်ကို လိုက်လို့ မမှီနိုင်အောင်ပါပဲ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ တစ်နေ့တာမှာ အလွဲတွေကို မရိုးနိုင်အောင် လုပ်မိနေကြသူတွေရဲ့ ပုံတွေကို ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း ပေါက်ပေါက်ရှာရှာ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာ မို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။