ကမ္ဘာ့လက်ရာ အဆိုးဆုံးအဖြစ် စာရင်းဝင်သွားခဲ့ရတဲ့ ဆောက်လုပ်ရေး ဒီဇိုင်းများ

အခုတစ်ခါမှာတော့ ဆောက်လုပ်ရေးလောကမှာ အလွဲလွဲအချော်ချော် ဖြစ်သွားရတဲ့ ဒီဇိုင်းတွေ အကြောင်းကို ပြောပြပေးချင်ပါတယ်နော် ။အိမ်တစ်အိမ်ကို ဆောက်တာပဲ ဖြစ်ဖြစ် ၊ အိမ်အတွင်းပိုင်း အလှဆင်တဲ့နေရာပဲ ဖြစ်ဖြစ် ပုံစံကောင်းကောင်းမလုပ်တာနဲ့ ဘယ်လိုမှ ကြည့်လို့မလှနိုင်တော့ပါဘူး ။ အောက်မှာ ပြထားတဲ့ ပုံတွေဟာဆိုရင် ကမ္ဘာအရပ်ရပ်က ဆောက်လုပ်ရေးနယ်ပယ်တွေမှာ မှားယွင်းသွားတဲ့ ဒီဇိုင်းတွေပါဝင်လို့ တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ လှေကားနဲ့ ရန်ဖြစ်ထားတဲ့ တံခါး

ဒီအဆောက်အဦးကို ဆောက်တဲ့ ပညာရှင်ကတော့ လှေကားနဲ့ တံခါးကို ကွက်တိကျအောင် လုပ်ပေးဖို့ မေ့သွားပုံပါပဲ ။ အာ့ဒီအိမ်မှာနေတဲ့ သူတွေကတော့ ရုတ်တရက်ယောင်ပြီး တံခါးဖွင့် အောက်ဆင်းလိုက်မယ်ဆိုရင်တော့ မတွေးရဲစရာတွေ ဖြစ်သွားမှာပါ ။ shwekhitonlinetv.com

၂။ အရှေ့နဲ့ အနောက်ပါ တပြိုင်တည်း ကြည့်နိုင်တဲ့ မှန်

တစ်ကယ်လို့ သင်ဟာ အဝတ်အစား အသစ်ကို စမ်းဝတ်ပြီး မှန်ကြည့်မယ်ဆိုရင်တော့ ပုံထဲက မှန်လေးနဲ့ဆို အဆင်ပြေသွားမှာပါ ။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်ကတော့ မနက်ခင်း မျက်နှာသစ်ပြီး မှန်ကြည့်ချင်တယ်ဆိုရင်တော့ အတော်ကို ကိုးရိုးကားယားနိုင်စွာနဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ကလေးတွေကို ခေါ်မသွားသင့်တဲ့ အဆောက်အအုံ

ပုံထဲက အဆောက်အအုံကတော့ ကလေးမိဘတွေကို ရင်တမမ ဖြစ်သွားအောင် လုပ်နိုင်တဲ့ အဆောက်အအုံပဲ ဖြစ်ပါတယ်။ အဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ ကလေးငယ်တွေအတွက် ကစားချင်စရာ လျှောကလေးတွေ လုပ်ထားပေမယ့်လည်း တစ်ခါစီးလိုက်တာနဲ့ အသက်ပျောက်သွားမယ့် ကိန်းပါပဲ ။ shwekhitonlinetv.com

၄။ အပေါက်ဝမှာ ကွက်တိ ပိတ်ထားတဲ့ တိုင်ကြီး

ပုံထဲက အဆောက်အအုံကို ဆောက်တဲ့ ပညာရှင်ကတော့ လူတွေကို လှေကားသုံးပြီး အတက်အဆင်း မလုပ်စေချင်သလိုပါပဲ ။ အကြောင်းကတော့ လှေကား အတက်အဆင်းနေရာ တည့်တည့်မှာမှ တိုင်ကြီးကို ပိတ်ပြီး ဆောက်ထားတာကြောင့် လှေကားကိုမသုံးပဲ ဘေးနားကနေ ပတ်ပြီးသွားတာ အကောင်းဆုံးဖြစ်မှာပါ ။ shwekhitonlinetv.com

၅။ လူတစ်ကိုယ်စာသာ ဝင်နိုင်တဲ့ လျှို့ဝှက် အိမ်သာ

ဒီပုံထဲက တံခါးလေးကို ကြည့်လိုက်မယ်ဆိုရင် အိမ်သာရှိတဲ့ တံခါးမှန်း ဘယ်သူမှ ထင်မှာမဟုတ်ပါဘူး ။ တစ်ကယ့်ကို ကျဉ်းကျဉ်း ကျပ်ကျပ်လေးနဲ့ ရအောင် ဆောက်ထားပြီး ဝတဲ့ လူတွေအနေနဲ့ လုံး၀ အသုံးမပြုသင့်တဲ့ အိမ်သာလေးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ရုံးခန်းထဲက အိမ်သာ

အခုမြင်နေရတာကတော့ ရုံးတစ်ခုမှာ ထားပေးထားတဲ့ အိမ်သာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လို စိတ်ကူးနဲ့ အခုလိုမျိုး အကာလည်းမပါ တဲ့အပြင် လူမြင်ကွင်းရှေ့မှာဆောက်ထားလဲဆိုတာ တစ်ကယ့်ကို မစဉ်းစားတတ်တော့ပါဘူး ။ shwekhitonlinetv.com

၇။ ပြောင်းပြန်ဖြစ်သွားတဲ့ တံခါး

ဒီတံခါးကို တပ်တဲ့ ဆောက်လုပ်ရေး ဆရာကြီးတွေကတော့ အားလုံးပြီးသွားမှ ပြောင်းပြန်မှန်း သတိထားမိသွားပုံပါပဲ ။ ဒါပေမယ့်လည်း အကုန်လုံးတပ်ပြီးသွားဖြစ်လို့ ပုံမှာမြင်ရတဲ့အတိုင်း ပြောင်းပြန်ဒီဇိုင်းနဲ့ ထားခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာအရပ်ရပ်က တလွဲ ဖြစ်သွားခဲ့ရတဲ့ ဆောက်လုပ်ရေး ဒီဇိုင်းတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khitz ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။