ဘဝမှာ အပျော်ဆုံးနေ့တစ်နေ့ကို မမျှော်လင့်ပဲ ပိုင်ဆိုင်ခဲ့ကြသူများ

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဘဝမှာ အပျော်ဆုံးနေ့ကို ပိုင်ဆိုင်ခဲ့ကြတဲ့ သူတွေ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ မထင်မှတ်ပဲနဲ့ ကံကောင်းခြင်းတွေ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ သူတို့ဘယ်လောက်တောင် ပျော်သွားကြလဲဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ Business Class မှာစီးခွင့်ရလို့ အပျော်ကြီးပျော်သွားတဲ့ စုံတွဲ

ပုံထဲက စုံတွဲဟာဆိုရင် လေယာဉ်စီးဖို့အတွက် Rebooking လုပ်လိုက်ရာကနေ မမျှော်လင့်ပဲ Business Class ကို စီးခွင့်ရသွားတာပဲ ဖြစ်ပါတယ်။ Business Class မှာဆိုရင် ခရီးသည်ထိုင်ခုံတွေဟာ အနှိပ်ထိုင်ခုံ ဖြစ်တဲ့အပြင် အထူးဝန်ဆောင်မှုတွေ ၊ ရှန်ပိန် တွေနဲ့ အခြားသော မရေတွက်နိုင်တဲ့ သောက်စရာတွေကို ရနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့စုံတွဲ ဘယ်လောက် ပျော်နေလဲဆိုတာ ပုံကို ကြည့်လိုက်တာနဲ့ သိသာနိုင်ပါတယ်။ shwekhitonlinetv.com

၂။ အသက် ( ၉၉ ) နှစ်အရွယ်မှာ ဆန္ဒပြည့်ဝသွားခဲ့တဲ့ အဘွားအို

ဒိန်းမတ်နိုင်ငံသူ အဘွားအို တစ်ဦးရဲ့ အဖြစ်ချင်ဆုံး ဆန္ဒက ဘဝမှာ တစ်ခါလောက် အဖမ်းခံရဖူး ချင်တာပါတဲ့ ။ ဒါ့ကြောင့်ပဲ ဒိန်းမတ်ရဲအရာရှိတွေဟာ အဘွားအိုရဲ့ ဆန္ဒကို ဖြည့်ပေးတဲ့အနေနဲ့ လက်ထိတ်ခတ်ပြီး အချုပ်ခန်းထဲမှာ ၂ မိနစ်ထားပေးခဲ့ပါတယ်။ ဘဝမှာ ဖြစ်ချင်တဲ့ ဆန္ဒပြည့်သွားလို့ အပျော်ကြီး ပျော်နေတဲ့ အဘွားရဲ့ ပုံလေးကတော့ ကြည့်မိသူတိုင်းကို ပီတိဖြစ်သွားစေမှာပါ ။shwekhitonlinetv.com

၃။ မင်္ဂလာဆောင်နေတုန်း Tom Hank နဲ့ အမှတ်မထင် တွေ့သွားခဲ့တဲ့ စုံတွဲ

Elizabeth နဲ့ Ryan တို့ စုံတွဲဟာ နယူးယောခ့်မြို့က ပန်းခြံတစ်ခုမှာ မင်္ဂလာပွဲကျင်းပနေတုန်း ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသားကြီး Tom Hank နဲ့ အမှတ်မထင် တွေ့ခဲ့ကြတာပဲ ဖြစ်ပါတယ်။ မင်းသားကြီး Tom Hank ပန်းခြံထဲ အပြေးလေ့ကျင့်နေတုန်း မင်္ဂလာပွဲကျင်းပနေတဲ့ ဇနီးမောင်နှံကိုတွေ့ခဲ့တာပါ။ ကိုယ်အားပေးရတဲ့ အနုပညာရှင်ကို တစ်ကယ့် မင်္ဂလာရှိတဲ့ နေ့လေးမှာတွေ့ရလို့ နှစ်ထပ်ကွမ်း ကံကောင်းတယ်လို့ပဲ ပြောရမှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄။ ၂နှစ်လောက် အလုပ်ရှာပြီးမှ ကံကောင်းသွားတဲ့ အမျိုးသမီး

ပုံထဲက အမျိုးသမီးကတော့ အလုပ်တစ်ခုရဖို့အတွက် အချိန် ၂ နှစ်လောက်ကြာအောင် ကြိုးစားပြီး အလုပ်ရှာခဲ့ရတာပဲ ဖြစ်ပါတယ်။ အခုအခါမှာတော့ သူမဟာ အလုပ်ရသွားပြီဖြစ်ပြီး အလုပ်အသစ်မှာလည်း အဆင်ပြေပြေနဲ့ ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၅။ စာရေးဆရာ ကိုယ်တိုင်ပေးတဲ့ Comic စာအုပ်တွေ လက်ဆောင်ရခဲ့တဲ့ ကောင်လေး

ဒီကောာင်လေးကတော့ Spider-Man Comic တွေကို ဖတ်တာ အရူးအမူး ဝါသနာပါ သူပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ ကောင်လေးဟာ ကားမတော်တဆမှုကြောင့် ဒဏ်ရာရသွားခဲ့ပါတယ်။ ဒါကို သိသွားတဲ့ စာရေးဆရာဟာ စိတ်ဓာတ် အားပေးချင်တဲ့ အတွက် Comic စာအုပ်တွေကို လက်ဆောင်ပေးခဲ့တာကြောင့် ကောင်လေးခမျာ အပျော်တွေ လွန်သွားတဲ့ ပုံပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ပုံစံအကြီးအကျယ် ပြောင်းလဲသွားလို့ အံ့သြမဆုံးဖြစ်ခဲ့တဲ့ အမျိုးသား

Jose Antonio လို့ခေါ်တဲ့ အမျိုးသားဟာ အိမ်ခြေယာမဲ့အဖြစ် လမ်းပေါ်မှာ ( ၂၅ ) နှစ်လောက် နေလာခဲ့တာပဲ ဖြစ်ပါတယ် ။ တစ်နေ့မှာတော့ အလှပြင်ဆိုင် ပိုင်ရှင်က သူ့ကို ဆိုင်ထဲခေါ်ပြီး ပုံစံပြောင်းပေးလိုက်တာကြောင့် Jose ဟာ သူ့မျက်နှာသူ မှန်ထဲကြည့်ပြီူ အကြီးအကျယ် အံ့သြသွားခဲ့တာပဲ ဖြစ်ပါတယ် ။ အခုဆိုရင်တော့ Jose ဟာ အိမ်ခြေယာမဲ့ မဟုတ်တော့ပဲ သားနားလွန်းတဲ့ သူ့ပုံစံကြောင့် Fashion နဲ့ ပတ်သတ်တဲ့ အလုပ်တစ်ခုကို ရသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတာ့ ဘဝမှာ အပျော်ဆုံးနေ့တွေကို မမျှော်လင့်ပဲ ပိုင်ဆိုင်ခဲ့ကြတဲ့ သူတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်။ ပရိသတ်ကြီးလည်း နေ့ရက်တိုင်းမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။