ကိုယ့်လက်ကိုယ် လက်ထိပ်ခတ်မိသွားတဲ့ ရဲအရာရှိကို ကယ်တင်ခဲ့ရတဲ့ မီးသတ်သမားများ

ဒီတစ်ခေါက်မှာတော့ Shwe Khit ပရိသတ်ကြီးကို ထူးထူးဆန်းဆန်း သတင်းလေးတစ်ခု အကြောင်း ပြောပြပေးချင်ပါတယ် ။ ဒါကတော့ ရဲအရာရှိ တစ်ယောက်ဟာ ကိုယ့်လက်ကိုယ် လက်ထိပ်ခတ်မိသွားပြီး ပြန်မချွတ်တတ်တော့လို့ မီးသတ်သမားတွေက ကယ်ဆယ်ခဲ့ရတဲ့ အကြောင်းပဲ ဖြစ်ပါတယ် ။ ဘယ်လို ဖြစ်သွားလဲဆိုတာကတော့ အောက်မှာ ဆက်ပြီး ဖတ်ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

ဗြိတိန်နိုင်ငံ Northamptonshire ကောင်တီ က ရဲအရာရှိတစ်ဦးဟာ သူ့လက်သူ မတော်တဆ လက်ထိပ်ခတ်မိသွားပြီး ပြန်မဖြုတ်တတ်တော့လို့ မီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီ ဖြုတ်ပေးခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ် ။ ရဲအရာရှိရဲ့ နာမည်ကတော့ Scott Renwick ဖြစ်ပြီး ဒီအကြောင်းကို သူ့ရဲ့ ကိုယ်ပိုင် Twitter အကောင့်မှာ တင်ခဲ့တာပါ ။ shwekhitonlinetv.com

သူ တင်ထားတဲ့ စာထဲမှာတော့ ဒီနေ့ဟာ သူ့အတွက် ကောင်းမွန်ခြင်းနဲ့စတင်ခဲ့တဲ့ နေ့တစ်နေ့ မဖြစ်ခဲ့ပါဘူး။ အခုလိုမျိုး သူ့ကို ကူညီပြီး လက်ထိပ်ဖြုတ်ပေးတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ဒီအဖြစ်ဟာ ရယ်စရာ မဟုတ်ပေမယ့် သူကိုယ်တိုင်လည်း ရယ်မိသွားရပါတယ်လို့ ပြောပြထားပါတယ် ။ ဒါပေမယ့် ဘယ်လိုကြောင့် လက်ထိပ်ခတ်မိပြီး ပြန်မဖြုတ်တတ်တော့လဲဆိုတာကိုတော့ မရှင်းပြထားပါဘူး ။ shwekhitonlinetv.com

မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ဟိုက်ဒရောလစ် ဖြတ်စက်နဲ့ လက်ထိပ်ကို ခဲရာခဲဆစ် ဖြတ်ခဲ့ရတယ်လို့ လည်း သိရပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ထို ရဲအရာရှိကို ဝေဖန်နေကြတဲ့သူတွေလည်း ရှိသလို ၊ တစ်ခါတစ်လေ မှားသွားတာကြောင့် စိတ်ဓာတ်မကျအောင် အားပေးသူတွေလည်း ရှိခဲ့ပါတယ် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေခေတ်အွန်လိုင်းတီဗီ၏ Content များကို လစဥ် အခကြေးငွေ သောင်းဂဏန်း ပေးသွင်း၍ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါသည်။ ဝယ်ယူလိုပါက Shwe Khit Online TV Page ကို မက်ဆေ့ချ်ပို့၍ စုံစမ်းမေးမြန်းနိုင်ပါသည်။

ဝယ်ယူထားခြင်း မရှိဘဲ ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။