ဒေါက်ဖိနပ်ပုံစံ ကိတ်မုန့်တွေကို စားချင်စဖွယ် ဖန်တီးပြလိုက်တဲ့ အမျိုးသား

ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ထူးထူးခြားခြား အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ် ။ ဒါကတော့ ဒေါက်ဖိနပ်ပုံစံ နဲ့ စားချင်စဖွယ် ကိတ်မုန့် ဖြစ်အောင် ဖန်တီးနေတဲ့ အမျိုးသားတစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ် ။ သူ့ရဲ့ လက်ရာတွေက ဘယ်လောက်တောင် ထူးခြားလဲဆိုတာကတော့ အောက်မှာ သေချာ လေ့လာကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

ဒီအမျိုးသားရဲ့ နာမည်ကတော့ Chris Chambell ဖြစ်ပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါ မြို့က Artist တစ်ယောက်လည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

Chris ဟာ သူ့ရဲ့ ကုမ္ပဏီကို Shoe Bakery လို့ နာမည်ပေးထားပြီး ထူးခြားလှတဲ့ ဖိနပ်ဒီဇိုင်း ကိတ်မုန့်တွေကို ဖန်တီးနေတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

ကိတ်မုန့်ရဲ့ အပေါ်ယံမှာဆိုရင်လည်း ဝေဖာ ၊ ဘီစကစ် ၊ ခရမ် ၊ ချောကလက် အရည်တွေနဲ့ ချယ်ရီသီးတွေကို ပေါင်းပြီး ဖန်တီးထားပါသေးတယ် ။ shwekhitonlinetv.com

Chris ရဲ့ ဆိုင်ကိုတော့ အမျိုးသမီး အများစု လာအားပေးကြပြီး သူတို့သဘောကျတဲ့ ဖိနပ်ဒီဇိုင်းလေးတွေကို ပြကာ ကိတ်မုန့် ပုံစီ ဖန်တီးခိုင်းကြပါတယ်တဲ့ ။ shwekhitonlinetv.com

ဒါ့အပြင် တစ်ချို့သော အမျိုးသားတွေကလည်း သူတို့ ကောင်မလေးတွေအတွက် လက်ဆောင်အနေနဲ့ သူ့ဆိုင်မှာ ကိတ်မုန့်တွေ လာဝယ်ကြတယ်လို့ Chris ကပြောပါတယ် ။ shwekhitonlinetv.com

တစ်ချို့သော Customer တွေ ပြောကြတာကတော့ ChrIs ဆိုင်က ကိတ်မုန့်တွေဟာ လက်ရာမြောက်လွန်းလို့ စားရမှာလား ၊ စီးရမှာလားတောင် ဝေခွဲမရတော့ဘူးလို့ ပြောကြပါတယ် ။ shwekhitonlinetv.com

တစ်ကယ်ပဲ ဒီ ဖိနပ်ကိတ်မုန့်ဒီဇိုင်းတွေက လက်ရာမြောက်ရဲ့လားဆိုတာ ပရိသတ်ကြီးရဲ့ အမြင်လေးကိုလည်း ပြောပြခဲ့ပါဦးနော် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဒေါက်ဖိနပ် ပုံစံတွေနဲ့ စားချင်စဖွယ် ကိတ်မုန့် ဖြစ်အောင် ဖန်တီးထားတဲ့ ပညာရှင်တစ်ဦးရဲ့ လက်ရာတွေကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

နောက်ပိုင်းတွေမှာလည်း ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။