ကိုဗစ်ကာလမှာ YBS စီးနင်းနေရသူတွေ သတိပြုသင့်သည့် အချက်များ

အခုလက်ရှိအချိန်ကာလ မှာဆိုရင်တော့ ကိုဗစ် ကူးစက်မြန် ကပ်ရောဂါကြီးက မြန်မာနိုင်ငံကို Second Wave အနေနဲ့ ထပ်မံရိုက်ခတ်လာပြန်ပြီဖြစ်ပါတယ်။ ပထမအကြိမ်ကထက်လည်း ရောဂါပိုးတွေ့ရှိသူတွေ အဆမတန် လျင်လျင်မြန်မြန်နဲ့ များပြားလာတာကလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ကိုဗစ် နဲ့ပတ်သက်ပြီးဆောင်ရန်ရှောင်ရန်တွေကျတော့ အားလုံးလဲသိပြီးဖြစ်လို့ ထွေထွေထူးထူးပြောဖို့ရာတော့မရှိပါဘူး။shwekhitonlinetv.com

အမှန်အတိုင်း ပြောရရင်တော့ လက်ရှိမှာဘတ်စ်ကား အစီးရေ တွေလည်း လျော့ ချ ထားတာ မို့ ရုံးသွား ရုံး ပြန် ရင် ဘတ်စ်ကားက စီးရတာကျပ်တာ၊ မိုးရွာတဲ့ နေ့ မျိုးတွေ ဆိုရင်သွားရလာရတာ ဘယ်လောက်ထိ အခက် အခဲ ဖြစ် လဲ ဆိုတာကိုတော့ ဘတ်စ်ကား တိုးစီးနေရတဲ့ ဘ၀ တူချင်းတွေ အသိဆုံးဖြစ်မှာပါ။

ဒါပေမယ့်လည်း တစ်၀မ်း တစ်ခါး အတွက် တော့ မဖြစ် မနေ သွားလာနေကြရပါတယ်။ အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဥ်တွေဖြစ်တဲ့ ဘတ်စ် ကား၊ ရထားတွေ ပေါ်မှာ Mask တပ်ပြီးတိုးကြိတ်စီးနေရပေမယ့် ကိုယ့်ရဲ့ကျန်းမာရေး၊ ကိုယ့်မိသားစု ကျန်းမာရေး အတွက် ကိုယ်တက်နိုင်တဲ့ကာကွယ်မှု လေးတွေပြုလုပ်ကြဖို့ ရွှေခေတ်အွန်လိုင်းတီဗွီ ပရိသတ်တွေအတွက် သတိပေး တိုက်တွန်းလိုက်ပါရစေနော်။shwekhitonlinetv.com

၁။ မဖြစ်မနေ Mask တပ်ထားပါ

မြင်ရတွေ့ရသလောက် အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ မြန်မာလူမျိုးတော်တော်များများတစ်ချို့အရေးကြီးတဲ့ကိစ္စတွေကို အတော်လေး ပေါ့ပေါ့တန်တန် သဘောထားကြပါတယ်။ မဖြစ်ခင်ကကြိုတင်ကာကွယ်ဖို့ထက် ဖြစ်လာကာမှ အသည်းအသန်နဲ့ ဆောက်တည်ရာမရ ဖြစ်တက်ကြတယ်လို့ ဆိုရင် လွန်မယ်မထင်ပါဘူနော်။shwekhitonlinetv.com

ဒီလို ကိုဗစ် Second Wave မလာခင်အချိန်လေးထိကို YBS တွေပေါ်မှာ Mask မတပ်တဲ့ လူတွေ တော်တော်လေးများခဲ့ပါတယ်။ အခုလည်း Mask မတပ်ပဲ သွားလာနေကြသူတွေ၊ဘတ်စ်ကား စီး နေသူတွေ အများကြီးရှိနေတုန်းပါပဲ။ လူကျပ်ကျပ်၊အဲကွန်း ကောင်းကောင်းမရတဲ့ ဘတ်စ်ကား ပေါ်မှာ Mask တပ်ထားရတာ တော်တော်လေး အဆင်မပြေ ပေမယ့်လည်း မိမိ နဲ့ မိမိ မိသားစု ကျန်းမာရေး အတွက် မဖြစ် မ နေ Mask ကို တပ်ထားဖို့တိုက်တွန်းပါရစေ။shwekhitonlinetv.com

၂။ အများပြည်သူသုံး ယာဉ်၊ရထားတွေ မစီးခင်၊စီးပြီး လက်ဆေးပါ

မိမိ အိမ်ကနေ ရုံး (အလုပ်) ကို သွားတာပဲ ဖြစ်ဖြစ်၊ ပြန်လာတာပဲ ဖြစ်ဖြစ် အများပြည်သူသုံး ယာဉ် ၊ရထားတွေကို မစီးခင်မှာ နဲ့ စီးပြီးအချိန်တို့မှာ ချက်ချင်းလက်ကိုဆေးပေးသင့်ပါတယ်။ ရေနဲ့ လက်ဆေး ကိုသုံးပြီးကောင်းမွန်သေချာစွာ မဆေးနိုင်ရင်တောင်မှ လက်သန့်ဆေးရည် နဲ့ ဆေးပေးသင့်ပါတယ်။ ဒါမှသာ ကိုယ့်လက်မှာ ဗိုင်းရပ်စ် ၊ပိုးမွှားတွေ ကပ်နေခဲ့လို့ ယာဉ်ပေါ် မှာ လက်တန်း နဲ့ တခြားဟာ တွေ ကိုင်မိရင် ကိုယ့်ဆီ က ပိုးမွှားတွေ သူများကိုမကူးစေမှာဖြစ်သလို တစ်ပါးသူတွေဆီကလည်း ပိုမွှားတွေ မကူးအောင် ကာကွယ်ပြီးသား ဖြစ်သွားစေမှာပါ။shwekhitonlinetv.com

၃။ လက်သန့် ဆေးရည် (Hand Gel) ကို သွား လေရာဆောင်ထားပါ

ဖြစ်နိုင်မယ်ဆိုရင်တော့ လက်ရှိ ကာလ မှာဘယ်သူပဲ ဖြစ်ဖြစ် ဘယ်နေရာကိုပဲ သွားသွား လက်သန့် ဆေးရည်ကို ဆောင်ထားစေချင်ပါတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့ လက်ဆေးဖို့နေရာဆိုတာ ရောက်လေမှာ ရှိနိုင်မရှိနိုင် မသေချာလို့ပဲဖြစ်ပါတယ်။ မိမိကိုယ်ပိုင် လက်သန့်ဆေးရည်ပါတဲ့အခါမှသာ ဘဟ်အရာဖြစ်ဖြစ် ကိုင်ပြီးတိုင်းချက်ချင်းလက်ကိုသန့်စင်နိုင်မှာဖြစ်ပါတယ်။shwekhitonlinetv.com

၄။ လက်ကိုငြိမ်ငြိမ်ထားပါ

တစ်ချို့တွေဟာ အများပြည်သူ သုံးယာဉ် လိုင်း တွေကို စီးနင်းလာရင်း လက်နဲ့မိမိ မျက်နှာကို ကိုင်တာ၊ နှာခေါင်း ကို ကိုင်တာ၊ပါးစပ်ကို ကိုင်တာ၊Mask ကို တပ်လိုက် ချွတ်လိုက် လုပ်တာ မျိုးတွေ ပြုလုပ်တက်ကြပါတယ်။ ဒီအချက်ကတော့ အလွန် အရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ဘယ်သူမဆို အမှုမဲ့ အမှတ်မဲ့ မသိစိတ်ကနေ ပြုမူတက်တဲ့ အပြုအမူတွေဖြစ်နေလို့ပါပဲ။ ဒီလိုမျိုးလုံးဝ မပြုလုပ်ဖို့ သတိပေးတိုက်တွန်းပါရစေနော်။shwekhitonlinetv.com

၅။ ခပ်ခွာခွာ နေပါ

အခြေအနေအရ ဘတ်စ်ကားတွေကို အတင်းတိုးကြိတ် စီးနေရတဲ့ အ နေ အထားမို့ တ Social Distancing ဆိုတာ ကြီးကို ဘတ်စ်ကား ပေါ် မှာ လုပ်ဖို့ဆိုတာတော့ ဘယ်လိုမှကို မဖြစ်နိုင်ပါဘူး။ဒါပေမယ့် ကိုယ်စီးတဲ့ အချိန် မှာ ကားချောင်နေ၊ရထားချောင်နေတာ နဲ့ များ ကြုံ များ ကြုံ ခဲ့ရင်တော့ တစ်ယောက် နဲ့ တစ်ယောက် ခပ် ခွာ ခွာ ထိုင် ကြပါလို့တိုက်တွန်းချင်ပါတယ်။shwekhitonlinetv.com

၆။ ရုံးတက် ရုံးဆင်းချိန်တွေရှောင်ရှားပါ

အခုလိုကာလမှာတော့ တက်နိုင်ရင် ဘယ်မှမသွားပဲ မိမိအိမ်မှာပဲနေတာက အကောင်းဆုံးဖြစ်ပါတယ်။ (တကယ်မဖြစ်မနေ သွားလာဖို့ လိုအပ်တဲ့သူတွေကတော့ ချွင်းချက်ပါ)။ အရေးကြီးအကြောင်းကိစ္စပေါ်လို့ အများပြည်သူသုံး ယာဥ်တွေကို အသုံးပုပြီးသွားရမယ်ဆိုရင်တော့ ဘတ်စ်ကားတွေ ကျပ်တက်တဲ့ ရုံးတက်၊ရုံးဆင်း အချိန်တွေ ကို ရှောင်ပြီး ကြား အချိန် တွေ မှာ သွားလာပေးဖို့ တိုက်တွန်နှိုးဆော်ပါရစေနော်။ အားလုံးပဲ ကိုဗစ် ကင်းစင်ပြီး ပျော်ရွှင်ကျန်းမာတဲ့ လူမှုဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေနော် …..shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် ….shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။