လူသိအရမ်းနည်းတဲ့ ကမ္ဘာပေါ်က ထူးထူးဆန်းဆန်း အကြောင်းအရာများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ကမ္ဘာကြီးပေါ်က လူသိနည်းလှတဲ့ အကြောင်းအရာ တစ်ချို့ကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ဗဟုသုတရစေမယ့် အကြောင်းအရာတွေလည်း ပါဝင်တာမို့လို့ တစ်ပုံချင်းစီကို ဖတ်ကြည့်လိုက်ပါဦးနော်။ shwekhitonlinetv.com

၁။ ဝေလ ငါးပြာရဲ့ နှလုံး

အခုမြင်တွေ့နေရတာကတော့ ၂၀၁၄ ခုနှစ်တုန်းက သောင်တင်လာတဲ့ ဝေလငါးပြာရဲ့ နှလုံးကို လေ့လာသူတွေက ထုတ်ယူထားတာဖြစ်ပြီး မပုပ်သွားအောင် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ် ။ ဒီဝေလငါးပြာ နှလုံးရဲ့ အလေးချိန်ဟာ ပေါင် ၄၀၀ ရှိပြီး သွေးခုန်နှုန်းဟာ ၂၂၀ လီတာရှိပါတယ်။ ဒါပေမယ့် ဝေလငါးတွေရဲ့ နှလုံးခုန်နှုန်းဟာ အတော်လေးကို နှေးလွန်းလှပြီး ၁ မိနစ်ကိုမှ ၄ ကြိမ်ကနေ ၈ ကြိမ်အတွင်းသာ ခုန်နိုင်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ လိပ်ပြာတွေဟာ အခွင့်အရေးရရင် လူတွေရဲ့ သွေးကိုလည်း သောက်နိုင်ပါတယ် ။

လိပ်ပြာတွေဟာ လိပ်တွေရဲ့ မျက်ရည်ကို သောက်ကြတယ်ဆိုတဲ့ အချက်ကို အားလုံး သိကြမှာပါ ။ ဒါပေမယ့် လေ့လာချက်တွေအရ လိပ်ပြာတွေဟာ လူတွေရဲ့ သွေးကို အခွင့်အရေးရရင်လည်း သောက်ပါတယ်တဲ့ ။ အကြောင်းကတော့ သွေးထဲမှာ minerals နဲ့ nutrients ဓာတ် ( ဥပမာ – ဂလူးကိုစ့် ၊ ဆိုဒီယမ် ) တွေ ပါဝင်လို့ပဲ ဖြစ်ပါတယ် ။ လိပ်ပြာတွေအတွက်ကတော့ အပေါ်ကပြောတဲ့ ဓာတ်၂ မျိုးကို လိုအပ်တာကြောင့်‌ သွေးကို သောက်နိုင်တာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ သင်ဟာ ဆီနဲ့ လုပ်ထားတဲ့ အာလူးကို စားပြီး အချိန်အကြာကြီး အသက်ဆက်နိုင်ပါတယ် ။

တစ်ကယ်လို့ သင်ဟာ ရိက္ခာအလွယ်တကူ မရနိုင်တဲ့ နေရာမှာနေရတော့မယ်ဆိုရင် အာလူးနဲ့ ဆီကို မဖြစ်မနေ ဝယ်ထားဖို့ အကြံပေးပါရစေ ။ အာလူးမှာ ကာဗွန်ဟိုက်ဒရိတ် ၊ အမျှင်ဓာတ်နဲ့ ပရိုတိန်း ဓာတ် ပမာဏတွေ အတော်များများ ပါဝင်ပြီး ခန္ဓာကိုယ်ကို အထောက်အပံ့ဖြစ်စေမယ့် ဗီတာမင် ဓာတ်ကိုလည်း ဖြည့်ဆည်း ပေးနိုင်ပါသေးတယ် ။ ဒါပေမယ့် အာလူးဟာ ခန္ဓာကိုယ်ကို ၀ လာအောင် အပြည့်အ၀ မလုပ်ပေးနိုင်လို့ ဆီနဲ့ တွဲဖက်ပြီး စားပေးသင့်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ဂရိတ် ဗြိတိန်မှာ မင်္ဂလာ ကျေးရွာတွေ ရှိပါတယ် ။

ဂရိတ်ဗြိတိန်မှာ ပထမ ကမ္ဘာစစ်တုန်းက အသက်မသေပဲ နေရပ်အိမ်ကို ပြန်လာပြီး နေထိုင်သူတွေ ရှိတဲ့ မင်္ဂလာ အမည်ရှိ ကျေးရွာပေါင်း ၅၂ ရွာရှိခဲ့ပါတယ်။ အလားတူစွာပဲ ဒုတိယ ကမ္ဘာစစ်အပြီးမှာတော့ အသက်မသေပဲ ပြန်လာသူတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ မင်္ဂလာနှစ်ဆအမည်ရှိ ရွာပေါင်း ၁၃ ရွာ ရှိပါတယ်။ ဒီရွာလေးတွေ ရဲ့ လမ်းမတွေမှာဆိုရင် ယာဉ်မောင်းတွေကို ဂရုတစိုက်မောင်းနှင်ဖို့ သတိပေးထားတဲ့ ဆိုင်းဘုတ်လေးတွေ ထားရှိပေးထားပါတယ်။ shwekhitonlinetv.com

၅။ Rap Battles တွေဟာ ၅ ရာစုနှစ်ကတည်းက ရှိခဲ့တာပါ ။

Rap Battles ပြိုင်ပွဲ တွေဟာဆိုရင် ၅ ရာစုနှစ်ကတည်း ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ အာ့ခေတ်တုန်းကတော့ Rap Battle လို့မခေါ်ကြပဲ Flyting ( သို့ ) Fliting  လို့ခေါ်ကြတာပါ ။ ယှဉ်ပြိုင်ပုံကတော့ ကဗျာ ဆရာ နှစ်ယောက်ဟာ သူတို့ရဲ့ ကိုယ်ပိုင် ကဗျာ တွေကို အပြန်အလှန် ရွတ်ဆို တိုက်ခိုက်ရတာဖြစ်ပြီး ရှုံးသွားတဲ့သူရဲ့ ကဗျာကို အဆိုးဆုံး ကဗျာအဖြစ် သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ သမိုင်းထဲက ကမ္ဘာ့အလေးချိန် အများဆုံးလူသားဟာ ပေါင် ၁၄၀၀ ရှိပါတယ်တဲ့ ။

သမိုင်းထဲက ကမ္ဘာ့အလေးချိန် အများဆုံးလူသားရဲ့ နာမည်ကတော့ Jon Brower ဖြစ်ပြီး သူ့ရဲ့ အလေးချိန်ဟာ ပေါင် ၁၄၀၀ ရှိပါတယ် ။ သူ့အသက် ( ၁၂ ) အရွယ်တည်းက ပေါင် ၂၉၄ ပေါင်ရှိနေခဲ့တာ ဖြစ်ပြီး အ၀လွန်တဲ့ ပြသနာကို ရင်ဆိုင်ခဲ့ရတာပါ ။ တစ်ခါကဆိုရင် Jon Brower ဟာ ဆေးရုံမှာ ရှိနေစဉ်တုန်းက သူ့ရဲ့ အိပ်ယာခင်းကို လဲပေးဖို့အတွက် လူ ( ၁၃ ) ယောက်လောက် က သူ့ခန္ဓာကိုယ်ကို ရွှေ့ခဲ့ရပါတယ်တဲ့ ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာကြီးပေါ်က လူသိနည်းလှတဲ့ အကြောင်းအရာတွေကို ဗဟုသုတ အနေနဲ့ ရှာဖွေ ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာတွေကိ‌ု ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။