စျေးကွက်တစ်ခုမှာ Brand တစ်ခုအောင်မြင်အောင် လုပ်ဖို့ဆိုတာ ထင်သလောက် မလွယ်တဲ့ ကိစ္စတစ်ခုပဲလို့ ပြောရမှာပါ ။ ဒီအထဲမှာမှ ပြည်တွင်းစျေးကွက်တင် မဟုတ်ပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ brand တစ်ခုကို အောင်မြင်အောင် စျေးကွက်ဖောက်နိုင်ဖို့ဆိုတာကတော့ တော်တော်လေး ခက်ခဲတဲ့ အလုပ်တစ်ခုလို့ပဲ ညွှန်းရမှာပါ..အခုတစ်ခေါက်မှာတော့ ကမ္ဘာပေါ်က နာမည်ကြီး brand တွေရဲ့ နောက်ကွယ်က ဖန်တီးသူတွေရဲ့ အကြောင်းကို ပြောပြပေးချင်ပါတယ်။ shwekhitonlinetv.com
၁။ Calvin Klein

အမေရိကန်နိုင်ငံက နာမည်ကြီး ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Calvin Klein ကိုတော့ အတော်များများ သိကြမှာပါ ။ Calvin ဟာ မက်ဟန်တန်က အနုပညာ နဲ့ ဒီဇိုင်းပိုင်းကို သင်ကြားပေးတဲ့ ကျောင်းမှာ တက်ရောက်ခဲ့ပြီး နယူးယောခ့် ဖက်ရှင် institute မှာလည်း ပညာသင်ခဲ့ပါသေးတယ် ။ ၁၉၆၈ ခုနှစ်မှာတော့ သူ့ရဲ့ နာမည်ပေးထားတဲ့ အကျီအဝတ်အစား brand တစ်ခုကို စတင်မိတ်ဆက်ခဲ့ပါတယ် ။shwekhitonlinetv.com
နောက်ပိုင်းမှာတော့ သူထုတ်လုပ်ထားတဲ့ Calvin Klein အတွင်းခံတွေဟာ လူကြိုက်အတော်များခဲ့ပြီး ကုမ္ပဏီရဲ့ အဓိက ဝင်ငွေအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် Calvin ဟာ ကျား/မ သုံးနိုင်တဲ့ ရေမွှေး ၊ CK One နဲ့ နာမည်ကြီး ဂျင်းဘောင်းဘီ တို့ကို ပထမဦးဆုံး မိတ်ဆက်နိုင်ခဲ့တဲ့ ဒီဇိုင်နာ တစ်ဦးလည်း ဖြစ်ပါတယ် ။ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလ အလယ်လောက်မှာတော့ Calvin ဟာ သူ့ရဲ့ ကုမ္ပဏီကို Phillips-Van Heusen ဆီ ရောင်းချခဲ့ပါတယ် ။ shwekhitonlinetv.com
၂။ Christian Dior

ပြင်သစ် ဖက်ရှင် ဒီဇိုင်နာ တစ်ယောက်ဖြစ်တဲ့ Christian Dior ကိုတော့ လူလတ်တန်းစား မိသားစုကနေ မွေးဖွားလာခဲ့တာလည်း ဖြစ်ပါတယ် ။ Christian ဟာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို ကောလိပ်မှာ သင်ကြားခဲ့ပြီးနောက် ဖက်ရှင် လောက ဘက်ကို ပြောင်းကာ ဝင်လာခဲ့ပါတယ် ။ shwekhitonlinetv.com
၁၉၄၆ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဦးဆုံး အပ်ချုပ်ဆိုင်လေးကို ပဲရစ်မြို့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။ Christian ကို လူသိများစေခဲ့တာကတော့ သူ့ရဲ့ “ New Look “ အမည်ရှိ လှုပ်ရှားမှုကြောင့်ပဲ ဖြစ်ပါတယ်။ New Look ဆိုတာ အမျိုးသမီး ဖက်ရှင်တစ်မျိုး ဖြစ်ပြီး သေးသွယ်တဲ့ ခါးပုံစံ ရှိပြီး စကတ်ကိုတော့ ကြမ်းပြင်ကနေ ကြည့်ရင် ၂၀ စင်တီမီတာ ကျယ်တဲ့ ပုံစံမျိုး ဖန်တီး ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com
၃။ Gianni Versace

Gianni ကတော့ ကလေးဘ၀တည်းက သူ့အမေ အကျီချုပ်တာတွေကို ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ် ။ သူဟာ ဗိသုကာ ပညာရပ်ကို သင်ကြားထားပေမယ့်လည်း ၁၉၇၈ ခုနှစ်မှာတော့ မီလန်မြို့မှာ သူ့ရဲ့ ပထမဦးဆုံး ဖက်ရှင်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ် ။ shwekhitonlinetv.com
Gianni ဟာ သူ့ရဲ့ ရောင်စုံဒီဇိုင်းတွေ ကြောင့် လူသိများလာခဲ့တာဖြစ်ပြီး နာမည်ကြီး အနုပညာရှင်တွေ ဖြစ်တဲ့ မိုက်ကယ် ဂျက်ဆင် ၊ မက်ဒေါနား ၊ ပေါလ် မက်ကာသီ ၊ နာအိုမီ ကမ်းဘဲလ် နဲ့ တော်ဝင်မိသားစုတွေထဲမှာဆိုရင် ဒိုင်ယာနာ မင်းသမီး တို့အတွက် ဒီဇိုင်းဖန်တီးပေးခဲ့ရသူတစ်ယောက်ပါ ။ ဒါ့ကြောင့် မို့လည်း Gianni ကို စီးပွားရေး နဲ့ ဖက်ရှင်လောက ကို ချိတ်ဆက်ပေးနိုင်တဲ့သူလို့ ချီးကျူးကြတာလည်း ဖြစ်ပါတယ် ။ shwekhitonlinetv.com
၄။ Louis Vuitton

Louis ကတော့ အသက် ( ၁၃ ) နှစ်အရွယ်တည်းက အိမ်ကနေ ထွက်လာခဲ့တာဖြစ်ပြီး ပဲရစ်မြို့ကို သွားခဲ့သူလည်း ဖြစ်ပါတယ် ။ ပဲရစ် မြို့ပေါ်မှာ အခက်အခဲပေါင်းများစွာ နဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့ နောက် သေတ္တာတွေ ထုတ်လုပ် တာနဲ့ အထုတ်အပိုးတွေ ထုတ်ပိုးတဲ့ နေရာမှာ အလုပ်သင်အဖြစ် လုပ်ကိုင်လာခဲ့ပြီး ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ shwekhitonlinetv.com
သူ့ကို ကျော်ကြားလာစေခဲ့တာကတော့ ၁၈၅၂ ခုနှစ်မှာ နပိုလီယံဘုရင် III ရဲ့မိန်းမ ဖြစ်သူအတွက် အထက်တန်းလွှာ လူတန်းစားတွေ အကြား ကြိုက်နှစ်သက်စေမယ့် ကိုယ်ပိုင်သေတ္တာဒီဇိုင်းကို ဖန်တီးပေးခဲ့တာကနေ စလာတာပဲ ဖြစ်ပါတယ် ။ ၁၈၅၄ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဦးဆုံး အလုပ်ရုံလေးကို သူ့ရဲ့ မိန်းမ ဖြစ်သူနဲ့ စတင်ဖွင့်လှစ်ပြီး လုပ်ကိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Louis ရဲ့ ဒီဇိုင်းတွေဟာ နာမည်ကြီးလွန်းတာကြောင့် အီဂျစ် ဘုရင်ခံတစ်ဦးဖြစ်တဲ့ Ismail Pasha အတွက်တောင် ဒီဇိုင်းဖန်တီးပေးခဲ့ရပါသေးတယ် ။ shwekhitonlinetv.com
၅။ Ralph Lauren

Ralph ကတော့ အမေရိကန် တပ်မတော်ထဲမှာ စစ်မှုထမ်းသူတစ်ဦး ဖြစ်တဲ့ အပြင် စီးပွားရေးပညာရပ်ကို ( ၂ ) နှစ်လောက် သင်ကြားခဲ့ပါသေးတယ်။ နယူးယောခ့် ဖက်ရှင် ဒီဇိုင်နာတစ်ဦး ဖြစ်တဲ့ Ralph ဟာ သူ့ဘ၀ရဲ့ ပထမဦးဆုံး လမ်းကြောင်းအဖြစ် နက်ကတိုင် ကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ် ။ ၁၉၆၇ ခုနှစ်မှာတော့ Ralph ဟာ သူ့ရဲ့ ကိုယ်ပိုင်ဒီဇိုင်း ဖန်တီးနိုင်ဖို့အတွက် သူ့အလုပ်ရှင်ကို စည်းရုံးခဲ့ပြီး ပိုလို Brand အောက်မှာ အမျိုးသားဝတ် အကျီတွေကို စပြီး ဖန်တီးခဲ့ပါတယ် ။ shwekhitonlinetv.com
၁၉၇၁ ခုနှစ်မှာတော့ အမျိုးသမီးတွေအတွက် အဝတ်အစား ဖက်ရှင်ဒီဇိုင်း ကိုပါ ဖန်တီးပေးလာပါတယ် ။ ဒါ့အပြင် ၁၉၇၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Great Gatsby ဇာတ်ကားထဲက သရုပ်ဆောင်တွေ အားလုံးရဲ့ အဝတ်အစား ဒီဇိုင်းကို တာဝန်ယူ ပြင်ဆင်ပေးရတဲ့ အခွင့်အရေးကို ရခဲ့ပါသေးတယ် ။ shwekhitonlinetv.com
အခုဖော်ပြပေးထားတာကတော့ ကမ္ဘာ့နာမည်ကြီး Brand တွေရဲ့ နောက်ကွယ်က ဖန်တီးသူတွေ အကြောင်းကို ဗဟုသုတအဖြစ် ဖော်ပြပေးထားတာလည်း ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com
Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.