ကမ္ဘာကြီးပေါ်မှာ ခေတ်အလိုက် ရေပန်းစားခဲ့တဲ့ ထူးခြားသော ဖက်ရှင်ဒီဇိုင်းများ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာကတော့ ခေတ်အလိုက် ရေပန်းစားခဲ့တဲ့ ထူးထူးခြားခြား ဖက်ရှင်ဒီဇိုင်းတွေ အကြောင်းကို ပြောပြပေးမှာပဲ ဖြစ်ပါတယ် ။ ဘယ်လို ပုံစံတွေက ခေတ်စားလဲဆိုတာကတော့ အောက်ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။

၁။ ထူးဆန်းသော မျက်ခုံးမွှေးပုံစံများ

အေဒီ ၇ ရာစု နဲ့ ၉ ရာစု အတွင်းက ရှေးဟောင်း တရုတ်လူမျိုးတွေ ကြားမှာ ရေပန်းစားခဲ့တဲ့ ဖက်ရှင် တစ်ခု ရှိခဲ့ပါတယ် ။ ဒါကတော့ မျက်ခုံးမွှေးတွေကို နှုတ်ပြီး နဖူးပြင်က တစ်ခြားနေရာတွေမှာ ပြန်လည်တပ်ထားကြတာပဲ ဖြစ်ပါတယ်။ အသစ်ဖြစ်လာတဲ့ မျက်ခုံးမွှေးတွေရဲ့ ပုံစံဟာ ထူးထူးဆန်းဆန်း ဖြစ်သွားပြီး လုံးဝန်းတာလည်း ရှိသလို သဘာ၀ မဟုတ်ပဲ ဖြောင့်တန်းတဲ့ ပုံစံ တွေလည်း ရှိခဲ့ပါတယ် ။ shwekhitonlinetv.com

၂။ အပြုံးပုံစံ တက်တူး

ဂျပန်နိုင်ငံက ကျွန်းစုတွေနဲ့ ရုရှားနိုင်ငံက ဒေသတစ်ချို့မှာ Ainu လို့ခေါ်တဲ့ ထူးထူးဆန်းဆန်း လူမျိုးစုတစ်စု နေထိုင်ခဲ့ကြပါတယ် ။  Ainu  လူမျိုးစုတွေရဲ့ ထူးခြားချက်ကတော့ အမျိုးသမီးတွေ ရဲ့ မျက်နှာမှာ ဂျိုကာလိုမျိုး အပြုံးပုံစံ တက်တူးထိုးထားကြတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒီလို တက်တူးထိုးရတဲ့ အကြောင်းရင်းက လက်ထပ်နိုင်ဖို့အတွက်နဲ့ ငရဲပြည်ရောက်နေရင်တောင် ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်‌ ရေးထိုးကြတာပဲ ဖြစ်ပါတယ် ။ ဒီလိုတက်တူးထိုးတဲ့အခါမှာလည်း အသက် ( ၇ ) နှစ်က စ ထိုးရတာဖြစ်ပြီး အသက်အပိုင်းခြားအလိုက် တက်တူးပုံစံတွေကလည်း ကွဲပြားသွားပါတယ် ။ shwekhitonlinetv.com

၃။ ရှည်လျားတဲ့ ဦးခေါင်းခွံ ပုံစံ

သိပ္ပံပညာရှင်တွေဟာ အခုလိုမျိုး ဦးခေါင်းပုံစံကို ရှည်လျားအောင် လုပ်ကြတဲ့ ယဉ်ကျေးမှု ကို နေရာအနှံ့နဲ့ လူမျိုးစု အတော်များများမှာ ရှိခဲ့တယ် ဆိုတာကို လေ့လာ တွေ့ရှိခဲ့ပါတယ် ။ ဒီလူမျိုးတွေကတော့ ဟန်လူမျိုး ၊ အီတာလျံ လူမျိုး ၊ ဆမားတီးယန်း လူမျိူး ၊ မာယာလူမျိုး နဲ့ အာဖရိက လူမျိုးတွေဆီမှာ တွေ့ခဲ့ကြပြီး ၂၀ ရာစု နှစ်တုန်းက ပြင်သစ်နိုင်ငံမှာတောင် ဒီလို ယဉ်ကျေးမှုမျိုးကို တွေ့ရှိခဲ့ကြပါတယ် ။ shwekhitonlinetv.com

အခုလိုမျိုး ရှည်လျားတဲ့ ဦးခေါင်းပုံစံမျိုး ဖြစ်အောင် မိဘတွေဟာ သူတို့ရဲ့ ကလေးငယ်တွေရဲ့ ခေါင်းကို ဖဲကြိုးဖြင့် ချည်နှောင်တာ ( ဒါမှမဟုတ် ) အထူးအိပ်ယာထဲ ထည့်ထားရတာမျိုးတွေ လုပ်ရပါတယ် ။ shwekhitonlinetv.com

၄။ အနက်ရောင် သွားပုံစံ

Ohaguro ဆိုတာ ဂျပန်နိုင်ငံရဲ့ ဓလေ့ထုံးတမ်း တစ်ခုဖြစ်ပြီး သွားတွေကို အနက်ရောင် ဆိုးရတာ ပဲ ဖြစ်ပါတယ် ။ ဒီဓလေ့ထုံးတမ်းဟာ ၁၉ ရာစုနှောင်းပိုင်းက ဂျပန်နိုင်ငံမှာ အတော်လေး ခေတ်စားခဲ့တာပါ ။ shwekhitonlinetv.com

ဒါပေမယ့် အခုလိုမျိုး အနက်ရောင် ဆေးဆိုးတာဟာ အလှဆင်ဖို့ သက်သက်မဟုတ်ပဲ သွားတွေကို ကာကွယ်ပေးတဲ့အပြင် သွားရဲ့ ကိုယ်ထည်ကို သံနဲ့ ထောက်ပံ့ပေးထားတာပဲဖြစ်ပါတယ် ။ အကြောင်းကတော့ ဒီဆိုးဆေးမှာ သံနဲ့ အက်ဆီတစ် အက်ဆစ်တွေ ရောနှောပါဝင်ထားတဲ့ Sumac gallnuts တွေ ပါဝင်ထားတာကြောင့်ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅။ လက်သည်း အရှည်

တရုတ်နိုင်ငံမှာ တစ်ချိန်တုန်းက လက်သည်းအရှည်ကြီးတွေ ထားတဲ့ ဖက်ရှင်လည်း ခေတ်စားခဲ့ပါတယ် ။ ဒီလို လက်သည်းအရှည်ထားတဲ့နေရာမှာ  ကြွယ်၀ခြင်း နဲ့ အလုပ်မရှိတဲ့ သူတွေအကြား ပုံစံအလိုက် သတ်မှတ်ထားကြပါတယ်။ လူတစ်ချို့ကတော့ ဒီလိုမျိုး လက်သည်းအရှည်ထားတာဟာ နတ်ဘုရားတွေနဲ့ စကားပြောတဲ့အခါ ပိုပြီး လွယ်ကူစေတယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ် ။ shwekhitonlinetv.com

၆။ အမျိုးသား အလှပြိုင်ပွဲ

နိုင်ဂျီရီးယား နိုင်ငံထဲက Wodaabe လို့ခေါ်တဲ့ လူမျိုးစုတွေမှာ ထူးထူးခြားခြား ပွဲတော်တစ်ခု ရှိပါတယ် ။ ဒါကတော့ Gerewol လို့ အမည်ရတဲ့ ပွဲတော်မှာ    အမျိုးသားတွေဟာ စင်ပေါ်တက်ကာ အလှပြရပြီး အမျိုးသမီးတွေက သူတို့ သဘောကျတဲ့သူကို အနာဂတ် သတို့သားအဖြစ် ရွေးချယ်ရတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အလှပြိုင်ပွဲမှာဆိုရင် အမျိုးသားတွေဟာ သူတို့ရဲ့ မျက်စိ အတွင်းသား နဲ့ သွားရဲ့ အဖြူရောင်ကို အလေးထားတဲ့ အနေနဲ့  မျက်လုံးနဲ့ နှုတ်ခမ်းတွေကို အနက်ရောင် ခြယ်ထားကြပါတယ် ။ ဦးထုပ်ကိုတော့ ရှုပ်ထွေးပြီး အကွေ့အကောက် ပုံစံပါတဲ့ ဦးထုပ်ကို ဆောင်းကာ မျက်နှာတွေကို လည်း ဆေးခြယ်ထားပါသေးတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ခေတ်အလိုက် ရေပန်းစားခဲ့တဲ့ ထူးထူးခြားခြား ဖက်ရှင် ဒီဇိုင်းတွေကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။