မေတ္တာတရားနဲ့ အကြင်နာတွေကို တစ်ခြားသူတွေထံ မျှဝေပေးခဲ့ကြသူများ

လူတိုင်းအပေါ် မေတ္တာထားရင် ကိုယ်ကိုယ်တိုင်လည်း အေးချမ်းရတယ်တဲ့ စကားလေး တစ်ခုရှိပါတယ် ။ ငွေကြေးပြည့်စုံနေရင်တောင် မေတ္တာစိတ် မရှိတဲ့အခါ ပူလောင်နေရမှာ ဖြစ်သလို ပျော်ရွှင်နေရမှာလည်း မဟုတ်ပါဘူး ။ shwekhitonlinetv.com

အခု အောက်မှာ ဖော်ပြထားတဲ့ ပုံလေးတွေဟာဆိုရင် မေတ္တာတရားနဲ့ အကြင်နာတွေကို တစ်ခြားသူတွေထံ မျှဝေပေးခဲ့ကြသူတွေရဲ့ ပုံလေးတွေကို ဖော်ပြပေးထားလို့ တစ်ပုံချင်းစီ ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ အနွေးဓာတ်ရသွားတဲ့ ခွေးလေးများ

ဒီပုံလေးကတော့ တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့မှာ နှင်းမုန်တိုင်းကျနေတဲ့ အချိန်ဖြစ်တာကြောင့် လမ်းဘေးက ခွေးလေးတွေ အနွေးဓာတ်ရအောင် စောင်ခြုံပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ နက်ကတိုင် စီးနည်း သင်ပေးနေတဲ့ အဘိုးအို

အခုမြင်နေရတာကတော့ အဘိုးအို တစ်ယောက်ဟာ ဘူတာမှာ ရထားစောင့်နေရင်း သူစိမ်း လူငယ်လေးတစ်ယောက် ကို နက်ကတိုင် စီးနည်း သင်ပေးနေတာပါ ။ shwekhitonlinetv.com

၃။ နိုင်ငံသား ပီသတဲ့ အမျိုးသမီး

ဒီပုံထဲက အမျိုးသမီးကတော့ ဘက်စ်ကားစီးနေရင်း သူမရှေ့က ထိုင်ခုံပြဲနေတာကို တွေ့လို့ ချုပ်ပေးနေတာပဲ ဖြစ်ပါတယ် ။ သူမရဲ့ နိုင်ငံသားပီသတဲ့ စိတ်ဓာတ်ကတော့ တစ်ကယ့်ကို လေးစားစရာပါ ။ shwekhitonlinetv.com

၄။ သင်္ချာနဲ့ ရူပဗေဒပညာတွေကို အခမဲ့ သင်ပေးတဲ့ အမျိုးသား

အမျိုးသားတစ်ယောက်ဟာ ပန်းခြံထဲမှာ အမြဲထိုင်နေပြီး သင်္ချာနဲ့ ရူပဗေဒပညာရပ်တွေကို နားမလည်တဲ့သူတွေအတွက် အခမဲ့ သင်ပေးတယ်ဆိုတဲ့ စာလေးကပ်ထားပါတယ် ။ လာမေးတဲ့ ကျောင်းသားတွေကိုလည်း စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြပေးတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၅။ ငှက်သိုက်လေးကို မဖျက်ဆီးခဲ့တဲ့ အမျိုးသား

ဒီအမျိုးသားကတော့ ခရီးကနေ အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ သူ့စက်ဘီးရဲ့ အနောက်ဘက်မှာ ငှက်ကလေးတွေ အသိုက်လုပ်နေတာကို တွေ့သွားခဲ့ပါတယ် ။ ဒီလိုနဲ့ပဲ သူဟာ ငှက်သိုက်ကို မဖျက်စီးချင်တာကြောင့် ငှက်ကလေးတွေ အသိုက်ကို မစွန့်ခွာတဲ့ အချိန်အထိ ရုံးတက်တိုင်း စက်ဘီးမစီးတော့ပဲနဲ့ ဘက်စ်ကားပဲ စီးနေတာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆။ ဝေလငါးလေးကို ကယ်တင်ခဲ့တဲ့ ဇနီးမောင်နှံ

ပုံလေးကတော့ အဘိုးအို ဇနီးမောင်နှံဟာ ကမ်းခြေမှာ သောင်တင်နေတဲ့ ဝေလငါးလေးကို ကယ်ဆယ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ် ။ ဒီပုံလေးကိုတော့ သူတို့ရဲ့ မြေးဖြစ်သူက အမှတ်တရ ရိုက်ကူးပေးခဲ့တာပါ ။ shwekhitonlinetv.com

၇။ Puppy လေးကို စောင့်ရှောက်ပေးခဲ့တဲ့ အိမ်ခြေယာမဲ့ အမျိုးသား

အိမ်ခြေယာမဲ့ အမျိုးသားတစ်ဦးဟာ လမ်းပျောက်နေတဲ့ ခွေးလေးတစ်ကောင်ကို တွေ့ခဲ့လို့ ခေါ်ယူစောင့်ရှောက်ပေးထားခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ ခွေးလေးရဲ့ သခင်ကိုပါ ကူညီရှာဖွေပြီး ပြန်လည်ပေးအပ်ခဲ့ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ မေတ္တာတရားနဲ့ အကြင်နာတွေကို တစ်ခြားသူတွေထံ မျှဝေပေးခဲ့ကြသူတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း စိတ်ဝင်စားဖွယ့ရာ အကြောင်းအရာတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။