စျေးကြီးကြီးနဲ့ ဖန်တီး ရောင်းချထားတဲ့ နေ့စဥ်သုံးပစ္စည်းများ

အခုတစ်ခါမှာတော့ နေ့စဉ်သုံးနေကျ ပစ္စည်းတွေထဲက မှ သာမန်ထက် စျေးပိုကြီးစွာ ဖန်တီးထားတဲ့ အသုံးအဆောင် ပစ္စည်းတွေ အကြောင်းကို ဖော်ပြပေးချင်ပါတယ် ။ ဒီအထဲမှာမှ ဘယ်လို ပစ္စည်းတွေ ပါမလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။

၁။ သွားတိုက်ဆေး အသေးစား ( ဒေါ်လာ ၉၉.၉၉ )

THEODENT လို့ခေါ်တဲ့ ကုမ္ပဏီကတော့ ထူးခြားတဲ့ အစိတ်အပိုင်းတွေ နဲ့ မူပိုင်ခွင့်တင်ထားတဲ့ သွားတိုက်ဆေး အသေးစားလေးကို ထုတ်လုပ်ခဲ့ပါတယ် ။ ဒီသွားတိုက်ဆေးလေးကို ပထမဆုံး အကြိမ် အသုံးပြုပြီးတဲ့ အခါမှာ တစ်နေ့တာလုံး သွားတွေကို ခိုင်မာစေပြီး ကာကွယ်ပေးနိုင်တယ်လို့ ဆိုထားပါတယ် ။ shwekhitonlinetv.com

စျေးကြီးရတဲ့ အကြောင့် သွားအပေါ်ယံက ကြွေသွားတွေကို ပြုပြင်တဲ့အခါ ဖလိုရိုက်ဒ် ထက်ပိုကောင်းတဲ့ Rennou ဒြပ်ပေါင်းကို  ကိုကိုး အမှုန့်တွေနေ ထုတ်ယူပြီး အသုံးပြုပေးထားလို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂။ အိမ်သာ ထိုင်ခုံ ( ၂၉၉.၉၅ ဒေါ်လာ )

ဒီအိမ်သာထိုင်ခုံဟာဆိုရင် သာမန် ထိုင်ခုံတွေလိုမျိုး ကြွေနဲ့ ပြုလုပ်ထားတာ မဟုတ်ပဲ လက်လုပ် ကာဘွန်ဖိုက်ဘာ အဖုံးပဲ ဖြစ်ပါတယ် ။ Carbon Fiber Gear ဆိုတဲ့ ကုမ္ပဏီကနေ ထုတ်လုပ်ထားတာ ဖြစ်ကာ သဘာ၀ ပစ္စည်းတွေကနေ ဖန်တီးထားတာဖြစ်ပြီး အလေးချိန် ပေါ့ပါးတဲ့ အပြင် ဆိုဒ်တစ်မျိုးတည်းကိုမှ အရေအတွက် အကန့် အသတ်နဲ့ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃။ နားကြပ် ( ၆၃၈ ဒေါ်လာ )

GOLDSTRIKER ဆိုတဲ့ ကုမ္ပဏီကတော့ သူတို့ ထုတ်လုပ်ထားတဲ့ နားကြပ်ကို စိန်အစစ် ( ၂၄ ) ကာရက် ထည့်ပေးထားပြီး သီချင်းနားထောင်တဲ့ အခါ ပိုပြီး စီးမျောနိုင်စေဖို့အတွက် ရည်ရွယ်တယ်လို့ ဆိုထားပါတယ် ။ နားကြပ်ရဲ့ ကိုယ်ထည်ကို ရွှေအစစ်နဲ့ ဖန်တီးပေးထားပြီး စိန်အလုံးလေးတွေပါ ထည့်ပေးထားလို့ နေရောင်ထဲ ရောက်သွားရင် နားက အရောင်တလက်လက် ဖြစ်နေမှာပါ ။ shwekhitonlinetv.com

၄။ မီးဖိုချောင်သုံး ဓား ( ၅၄၁၅ ဒေါ်လာ )

NESMUK ကနေ ထုတ်လုပ်ထားတဲ့ မီးဖိုချောင်သုံး ဓားကတော့ တစ်ကယ့်ကို စျေးကြီးလွန်းတယ်လို့ပဲ ဆိုရမှာပါ ။ ဓားအသွားကိုတော့ ကာဘွန်စတီးလ်နဲ့ ပြုလုပ်ထားပြီး လက်ကိုင်ကတော့ ဘုစပတ် သစ်သားနဲ့ ဖန်တီးထားကာ အဆက်ကွင်းနေရာလေးကိုတော့ ငွေအစစ်ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ထုတ်ပိုးမှု အပိုင်းမှာဆိုရင်လည်း ယွန်းထည်နဲ့ ပြုလုပ်ထားတဲ့ သေတ္တာထဲ ထည့်ပေးထားကာ အတွင်းပိုင်းမှာဆိုရင် သားရေအိတ် ၊ ဓားသွေးစက်နဲ့ နာမည်ကြီး ဓား အဆီ တို့ကိုလည်း ထည့်သွင်းပေးထားပါသေးတယ် ။ shwekhitonlinetv.com

၅။ အိမ်သာသုံး စက္ကူ ( ဒေါ်လာ ၁၅ သိန်း ကျော် )

ဒီ အိမ်သာသုံး စက္ကူကတော့ သာမန် အိမ်သာသုံး စက္ကူတွေထက် အဆပေါင်းများစွာ စျေးကြီးတာပဲ ဖြစ်ပါတယ် ။ Toilet Paper Man ကုမ္ပဏီကနေ ထုတ်လုပ်ထားပြီး ( ၂၄ ) ကာရက်အလေးချိန်ရှိတဲ့ ရွှေနဲ့ ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ် ။ ဒီကုမ္ပဏီဟာဆိုရင် စျေးကြီးလွန်းတဲ့ ပစ္စည်းတွေကို ရောင်းချပေးနေတာ ဖြစ်ပြီး ဒေါ်လာ ၁၅ သန်း တန်တဲ့ စာလိပ် တစ်လိပ်ကိုလည်း ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ shwekhitonlinetv.com

၆။ အိမ်သာ ( ဒေါ်လာ ၂၅ သိန်း )

ရှေးယခင် ခေတ်ကတည်းက ရွှေနဲ့ ပြုလုပ်ထားတဲ့ အိမ်သာတွေဟာ ခေတ်စားလာခဲ့ဖြစ်ပြီး ယနေ့အချိန်ထိ ခေတ်စားဆဲ လို့ပဲ ပြောရမှာပါ ။ အခုအခါမှာတော့ ၂၀၀၁ ခုနှစ်တုန်းက Hang Fung ရွှေနည်းပညာ အဖွဲ့ကနေ ထုတ်လုပ်ထားတဲ့ ဒီအိမ်သာကတော့ ကိုယ်ထည်တစ်ခုလုံးကို ရွှေ ( ၂၄ ) ကာရက် အလေးချိန်ရှိတဲ့ ရွှေတွေနဲ့ ဒီဇိုင်းဆွဲကာ ပုံဖော်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေထားတာကတော့ တန်ဖိုးကြီးမားလွန်းတဲ့ နေ့စဉ်သုံးနေကျ အသုံးအဆောင် ပစ္စည်းတစ်ချို့ကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွေမှာလည်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။