အနာဂတ် လူသားတွေ ကိုယ်ဖျောက်တဲ့အစွမ်း ရှိနိုင်မှာလားလို့ မေးခွန်းထုတ်ရမယ့် တီထွင်မှု တစ်ခုအကြောင်း

ယနေ့ကမ္ဘာကြီးရဲ့ နည်းပညာတိုးတက်မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုမိုအဆင့်မြင့်မားလာလျှက်ရှိပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာရှိတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ ထူးခြားဆန်းသစ်တဲ့ အရာတွေကိုတီထွင်ဖန်တီး ထုတ်လုပ်ဖို့အတွက် အမြဲမပြတ်ကြိုးစားနေပါတယ်။ shwekhitonlinetv.com

အခုတစ်ခါမှာလည်း အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ အခြေစိုက်တဲ့ ‘Invisibility Shield Co’ ဟာ “ကိုယ်ပျောက်ဒိုင်း” ကိုတီထွင်ဖန်တီးနိုင်ခဲ့ပြီး ဈေးကွက်ထဲကိုဖြန့်ချိတော့မယ်လို့ သိရပါတယ်။ ဒါဟာတစ်ကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ သတင်းတစ်ခုပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့ ကိုယ်ပျောက်တယ်ဆိုတာ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်ကားတွေ ဟယ်ရီပေါ်တာလိုမျိုး မှော်ရုပ်ရှင်ဇာတ်ကားတွေထဲမှာသာရှိတဲ့ အရာတွေလို ယေဘူယျအားဖြင့်လူသားတွေအနေနဲ့ သိထားကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့ကြောင့်အပြင်မှာတစ်ကယ် ကိုယ်ပျောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ထင်ချင်စရာကောင်းလှပါတယ်။ ဒါပေမယ့် နည်းပညာတွေတိုးတက်နေတဲ့ဒီနေ့လို ကမ္ဘာကြီးမှာတော့ မဖြစ်နိုင်ဘူးလို့ထင်ခဲ့တဲ့ ကိစ္စတွေဟာ တဖြည်းဖြည်းချင်း နည်းပါးလာပါပြီ။ shwekhitonlinetv.com

အမှန်တစ်ကယ်တော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကတည်းက ကနေဒါအခြေစိုက် Hypersteath Biotechnology Corporation က Quantum Steath လို့အမည်ပေးထားတဲ့ “Invisibility Cloak” ကို စမ်းသပ်တီထွင်ပြီး အများပြည်သူကိုချပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ဈေးကွက်ထဲကိုတော့ ဖြန့်ချိခဲ့ခြင်းမရှိပါဘူး။ shwekhitonlinetv.com

အခု လန်ဒန်အခြေစိုက် ‘Invisibility Shield Co’ ကတော့ဈေးကွက်ထဲ တရားဝင်ဖြန့်ချိဖို့ ရည်ရွယ်ထားတာကြောင့်မို့လို့ အနာဂတ်မှာ ဒီ ကိုယ်ပျောက်ဒိုင်း ကိုဝယ်ယူအသုံးပြုပြီး သူငယ်ချင်းမိတ်ဆွေတွေကို အံ့အားသင့်အောင်ပြုလုပ်နိုင်တော့မှာလည်းဖြစ်ပါတယ်။ ဒီတော့ သူတို့အနေနဲ့ “ကိုယ်ပျောက်ဒိုင်း” ကို ဘယ်လိုနည်းပညာတွေအသုံးပြုပြီး တီထွင်ဖန်တီးထားသလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။ shwekhitonlinetv.com

ပထမဆုံးအနေနဲ့ ဒီ ဒိုင်းကို အလင်းယိုင်ခြင်းဥပဒေသ တစ်ခုဖြစ်တဲ့ Snell’s Law ကိုအခြေခံပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ဒိုင်းကို ရှေ့တည့်တည့်ကကြည့်မယ်ဆိုရင် ဒိုင်းအနောက်တည့်တည့်မှာကွယ်နေတဲ့ အရာဝတ္ထုကို မမြင်ရစေဘဲ နောက်ကပတ်ဝန်းကျင်ကိုသာမြင်ရအောင် လို့ မှန်ဘီလူးတွေအများကြီးသုံးပြီး အလင်းလမ်းကြောင်းကိုသွေဖယ်ထားပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့နောက်ခံပတ်ဝန်းကျင်က အရောင်အသွေးတစ်သမတ်တည်းရှိတဲ့အရာဖြစ်နေရင် ဒီဒိုင်းရဲ့ကိုယ်ပျောက်နိုင်စွမ်းက ပိုမိုကောင်းမွန်မှာဖြစ်ပြီး ကြည့်ရှုသူအနေနဲ့ ဒိုင်းကိုပါမမြင်နိုင်လောက်အောင် ဖြစ်စေနိုင်ပါတယ်။ ဒီဒိုင်းမှာတပ်ဆင်ထားတဲ့မှန်ဘီလူးတွေဆီကိုလာရိုက်တဲ့ အလင်းတန်းတွေကို တိကျစွာအလင်းယိုင်ဖို့အတွက် အသေးစိတ်သေသေချာချာ ဒီဇိုင်းရေးဆွဲထားတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် ဒီ “ကိုယ်ပျောက်ဒိုင်း” ကို ခရမ်းလွန်ရောင်ခြည်ဒဏ်၊ မြင့်မားတဲ့အပူဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ပြုလုပ်ထားပြီး အလွန်မာကျောအောင် အထူးပြုလုပ်ဖန်တီးထားပါတယ်။ ဒီအချက်က သာမန်နေရာမျိုးတွေထက် စစ်ပွဲတွေမှာပါအသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ထင်ရပါတယ်။ shwekhitonlinetv.com

လတ်တလောကာလမှာတော့ Social App တွေကတစ်ဆင့် ဒီ “ကိုယ်ပျောက်ဒိုင်း” ကို မိတ်ဆက်ထားပြီး လာမယ့် ဒီဇင်ဘာလထဲမှာတော့ တရားဝင်ဖြန့်ချိသွားဖို့ရှိတယ်လို့သိရပါတယ်။ ဒီ ကိုယ်ပျောက်ဒိုင်း တစ်ခုရဲ့ အကြမ်းဖျင်းဈေးနှုန်းကတော့ (၁၂×၈) လက်မ အရွယ်အစားကို စတာလင်ပေါင် (၄၉) ပေါင် နဲ့ (၃၇×၂၅) လက်မ အရွယ်အစားကိုတော့ စတာလင်ပေါင် (၂၉၉) ပေါင်လောက် ကျသင့်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။