လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀,၀၀၀) ကျော်က အီဂျစ်ဘုရင်မ နက်ဖာတီတီနဲ့ ဆက်စပ်တဲ့ သင်္ချိုင်းဂူတစ်ခုကို တူရကီတွင် ရှာဖွေတွေ့ရှိ

ရှေးခေတ် သင်္ချိုင်းဂူတွေကို ရှာဖွေတယ်ဆိုတာဟာ အလွန်စိတ်ဝင်စားဖို့ကောင်းတဲ့ အလုပ်တစ်ခုဖြစ်သလို တစ်ချို့ သင်္ချိုင်းဂူတွေကတော့ရှေးဟောင်းကျိန်စာတွေတိုက်ထားတာကြောင့် အလွန်အန္တရာယ်များပြီး တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းတဲ့ အလုပ်တစ်ခုဖြစ်တယ်လို့လဲဆိုနိုင်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း သမိုင်းပညာရှင်တွေနဲ့ ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ဝါသနာကိုဦးစားပေးရှေ့တန်းတင်ထားတာကြောင့် သာမန်လူတွေတော်ရုံ မသွားဝံ့တဲ့နေရာတွေကိုတောင် မကြောက်မရွံ့သွားပြီး ရှာဖွေစူးစမ်းမှုတွေကို ပြုုလုပ်တက်ကြပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုး စွန့်စားရှာဖွေမှုတွေကြောင့်လည်း တိမ်မြုပ်ကွယ်ပျောက်နေတဲ့ သမိုင်းတွေ၊ ပညာရပ်တွေ၊ ယဉ်ကျေးမှုတွေ ကို နှောင်းလူတွေအနေနဲ့ သိရှိမှတ်သားခွင့်ရနေတာဖြစ်ပါတယ်။ အခုတစ်ခါမှာလည် သုတေသနအဖွဲ့တစ်ခုဟာ တူရကီနိုင်ငံမှာ ရှေးအီဂျစ် ဘုရင်မ နက်ဖာတီတီ (Nefertiti) နဲ့စပ်ဆက်နေတဲ့ သင်္ချိုင်းဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။ shwekhitonlinetv.com

ဒီ သင်္ချိုင်းဂူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၂,၀၀၀) လောက်ကတည်ဆောက်ခဲ့တာလို့ ခန့်မှန်းချက်တွေအရသိရပါတယ်။ နာမည်ကျော် အီဂျစ်ဧကရာဇ်တစ်ပါးဖြစ်တဲ့ တူတန်ခမန် (Tutankhamun) ရဲ့အုတ်ဂူနဲ့ ဆင်တူပေမယ့် အထဲမှာ ဖာရိုဘုရင် အာခီနာတမ် (Akhenaten) ရဲ့ရုပ်တုတွေ၊ သူ့ရဲ့ကြင်ယာတော် ဘုရင်မ Nefertiti အတွက် အထူးပြုလုပ်ထားတဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပြည့်နှက်နေတာကြောင့် ဘုရင်မ နက်ဖာတီတီ (Nefertiti) နဲ့ စပ်ဆက်တဲ့ သင်္ချိုင်းဂူတစ်ခုလို့ယူဆရတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါ့အပြင် သင်္ချိုင်းနေရာအနှံ့မှာလည်း ဘုရင်မ နက်ဖာတီတီ ရဲ့အမည်နာမတွေကို ရေးထိုးထားတယ်လို့သိရပါတယ်။ သမိုင်းရာဇဝင်တွေထဲက သူမနဲပတ်သက်တဲ့ ဇာတ်လမ်းတစ်ခုမှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ အာခီနာတမ်ဟာ အကျင့်ပျက်ခြစားတဲ့ ယဇ်ပရောဟိတ် တစ်ဦးရဲ့လမ်းညွှန်မှုတွေအတိုင်း လုပ်ကိုင်ဆောင်ရွက်နေပြီး ဒီလိုလုပ်ကိုင်နေတာဟာ ဘုရင်မ နက်ဖာတီတီအတွက် တစ်ချိန်ချိန်မှာအန္တရာယ်ရှိလာနိုင်တယ်ဆိုတာကိုသိလို့ သူမရဲ့ သစ္စာရှိနောက်လိုက်တွေက ဘုရင် အာခီနာတမ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ မှတ်တမ်းအချို့မှာဖော်ပြထားပါတယ်။ shwekhitonlinetv.com

ဒီအဆိုသာမှန်ကန်ခဲ့မယ်ဆိုရင်တော့ ဒီသင်္ချိုင်းဂူဟာ သူမရဲ့အကျိုးကိုရှေးရှုပြီး သူမတောင်မသိလိုက်ခင်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ခင်ပွန်းဖြစ်သူူအတွက် သူမကိုယ်တိုင်ပြုလုပ်ပေးထားတဲ့ သင်္ချိုင်းဂူလို့ယူဆရပါတယ်။ နောက်ပြီး သင်္ချိုင်းဂူရဲ့ အနေအထားက တူတန်ခမန် ဘုရင်ရဲ့ သင်္ချိုင်းဂူနဲ့ အဆင့်အတန်း တန်းတူအနေအထားလောက်ရှိတယ်လို့ ရှာဖွေတွေ့ရှိခဲ့တဲ့ ပညာရှင်တွေကဆိုပါတယ်။ shwekhitonlinetv.com

ဘုရင်မ နက်ဖာတီတီ အုပ်စိုးတဲ့ကာလတွေဟာ အီဂျစ်ပြည်ကြီးရဲ့ အချမ်းသာအကြွယ်ဝဆုံးကာလတွေဖြစ်ပါတယ်။ ဒီအချက်တွေအားလုံးကိုထောက်ရှုကြည့်မယ်ဆိုရင်တော့ ဒီသင်္ချိုင်းဂူဟာ ဘုရင်မ နက်ဖာတီတီနဲ့ စပ်ဆက်နေတဲ့ တော်ဝင်မိသားစုဝင်တစ်ဦးဦးရဲ့ သင်္ချိုင်းဂူဆိုတာသေချာသလောက်ရှိနေပါတယ်။ shwekhitonlinetv.com

သုတေသနပညာရှင်တွေကတော့ ပိုမိုတိကျတဲ့ အဖြေတစ်ခုရရှိဖု့ိအတွက် ဆက်လက်လေ့လာမှုတွေပြုလုပ်လျက်ရှိနေပါတယ်။ ဒါကြောင့် မကြာခင်မှာတော့ ဒီသင်္ချိုင်းဂူဟာ ဘယ်သူဘယ်ဝါရဲ့ သင်္ချိုင်းဂူဖြစ်တယ်ဆိုတာကို အထောက်အထား သက်သေနဲ့တကွဖော်ထုတ်နိုင်မှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။