သုတေသန ပညာရှင်တွေရဲ့ အံ့အားသင့်ဖွယ် တွေ့ရှိမှုများ

ထူးဆန်းတဲ့ အခြင်းအရာတွေ နေ့စဥ်နဲ့အမျှဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးမှာတော့ သုတေသနပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အသစ်တွေ့ကလည်း အစဥ် တိုးပွားလို့နေပါတယ်။ ဒီတစ်ခေါက်မှာ လည်း သုတေသနပညာရှင်တွေရဲ့ လေ့လာမှုတွေအရ သိရှိခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ပြန်လည်ဝေမျှ ပေးသွားဦးမှာပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် ….. shwekhitonlinetv.com

၁။ လူသားတွေဟာ ပူစပ်တဲ့အစားအစာကို စားသုံးတဲ့ တစ်ခုတည်းသော သတ္တဝါပါ

သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိမှုအသစ်တွေအရ လူသားတွေဟာ အစားအစာတွေကို ပူစပ်အောင်မွမ်းမံပြီး စားသောက်တက်တဲ့ တစ်ခုတည်းသောသတ္တဝါတွေဖြစ်ပါသတဲ့။ တစ်ချို့တွေကတော့ ပူစပ်တဲ့ အစားအစာတွေ စားသုံးတာဟာ ကျန်းမာရေးအတွက် ဘာမှအကျိုးမရှိဘူးလို့ ထင်မှတ်ကြပါတယ်။ ဒါပေမယ့် သုတေသန ပညာရှင်တွေကတော့ အပူအစပ်များက မှိုများကိုတိုက်ထုတ်နိုင်ကြောင်း ဆိုထားပါတယ်။ shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။)

၂။ လူသားတွေဟာ ဦးနှောက်ကျုံ့နိုင်တဲ့ တစ်ခုတည်းသော သတ္တဝါတွေပါ

အသက်ကြီးလာတာနဲ့ အမျှလူသားတွေရဲ့ ဦး နှောက်ဟာလည်း တဖြည်းဖြည်းကျုံ့သွားလေ့ရှိပြီးအယ်လ်ဇိုင်းမားရောဂါနှင့်စိတ်ဖောက်ပြန်မှုကဲ့သို့သောမှတ်ဥာဏ်ဆိုင်ရာကမောက်ကမဖြစ်မှုများကိုခံစားရတက်ကြပါတယ်။ သုတေသနပညာရှင်တွေအနေနဲ့ အခြားတိရိစ္ဆာန်မျိုးစိတ် ပေါင်းများစွာကို စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ရာမှာတော့ အလားတူဖြစ်ရပ်မျိုးမတွေ့ရှိခဲ့ပါဘူး။ ချင်ပန်ဇီမျောက်လိုမျိုး လူသားတွေနဲ့ အလွန်နီးစပ်တဲ့ မျိုးစိတ်တွေတောင် ဒီလိုဖြစ်စဥ်မျိုး မရှိပါဘူး။ ပျမ်းမျှအားဖြင့် လူသားတွေရဲ့ ဦးနှောက်ဟာကတော့ အသက် (၄၀) နောက်ပိုင်းမှာ တဖြည်းဖြည်း ကျုံ့လာတာဖြစ်တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၃။ အခြားအစားအစာတွေထက် အလေးချိန်ပိုတိုးစေတဲ့ အာလူး

ဟားဗတ်တက္ကသိုလ်မှ လေ့လာသုတေသနပြုခဲ့တဲ့ စစ်တမ်းတစ်ခုမှာတော့ အာလူးဟာ တစ်ခြားဘယ်အစားအစာ တွေထက်မဆို ကိုယ်အလေးချိန်ကို ပိုမိုတိုးစေကြောင်း ဆိုထားပါတယ်။ သူတို့ဟာ လူပေါင်း (၁၂၀,၀၀၀) ကျော်လောက်က်ို လေးနှစ်လောက်အချိန်ယူကာ မတူညီတဲ့ စားသောက်မှုပုံစံတွေကို လေ့လာခဲ့ပြီး အခုလို ကောက်ချက်ချနိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အပင်အစိတ်အပိုင်းတွေကနေ မျိုးပွားနိုင်တဲ့ ငှက်ပျောသီး

အစေ့လည်းမရှိတဲ့ ငှက်ပျောသီးအပင်တွေဟာ ဘယ်လိုနည်းနဲ့ မျိုးပွားကြသလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုပါ။ ဒါပေမယ့်လည်း အားလုံးသိတဲ့ အတိုင်းငှက်ပျောပင်ဟာ သူ့ရဲ့ အပင်အစိတ်အပိုင်းတွေကနေ ပြန်လည်ရှင်သန် မျိုးပွားနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အိမ်သာထက် ဘက်တီးရီးယားပိုများတဲ့ ဆဲလ်ဖုန်းများ

ဗြိတိန် သိပ္ပံပညာရှင်များရဲ့လေ့လာမှုအရတော့ဆဲလ်ဖုန်းတွေကို ကိုင်တွယ်တာက အိမ်သာထဲက အရာတွေကို ကိုင်တွယ်မိတာထက် (၁၈) ဆလောက်ပိုပြီး အန္တရာယ်ရှိပါသတဲ့။ အကြောင်းကတော့ဆဲလ်ဖုန်းတွေဟာ မကောင်းတဲ့ ဘက်တီးရီးဟားတွေကို အများအပြားသယ်ဆောင်ထားတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဗုံးတွေကို ခြေရာခံနိုင်တဲ့ ပျားများ

ပျားတွေဟာ ဗုံးတွေကို အာရုံခံနိုင်စွမ်းရှိတယ်ဆိုရင် သင်ယုံပါ့မလား ? မယုံမရှိပါနဲ့ ခွေးတွေ ဗုံးကို အနံ့ခံနိုင်သလို ပျားတွေဟာလည်း သူတို့နှာမောင်းတွေနဲ့ ဗုံးကို အာရုံခံနိုင်စွမ်းရှိပါတယ်။ ခေတ်မီတဲ့နိုင်ငံတွေက အထူးရဲတပ်ဖွဲ့တွေဟာ ဗုံးရှာဖို့အတွက် ပျားတွေကိုသေချာစနစ်တကျ မွေးမြူ လေ့ကျင့်ပေးလျက်ရှိတယ်လို့သိရပါတယ်။ သူတို့တွေဟာ ပန်းခင်းတွေထဲမှာ ဗုံးတွေကိုထားရှိပြီး ပျားတွေရဲ့ ပြုမူတုံ့ပြန်မှုတွေကို လေ့လာနေကြတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အမျိုးသားများနှင့် အိမ်မှုကိစ္စ

နိုင်ငံပေါင်း (၂၈) နိုင်ငံကလူပေါင်း (၁၇,၀၀၀) လောက်ကို သုတေသနပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ လက်ထပ်ပြီးတဲ့အချိန်မှာ ယောက်ျားဟာအပတ်စဉ် အိမ်မှုကိစ္စများကိုလုပ်ကိုင်တဲ့အချိန်ပမာဏသိသိသာသာကျဆင်းသွားကြောင်းတွေ့ရှိခဲ့ရပါတယ်။ ဆိုလိုတာကတော့ ချစ်သူရည်စားဘဝမှာ ယောကျ်ားလေးတွေဟာ အိမ်မှုကိစ္စတွေကို ပိုမိုပြုလုပ်တက်ကြတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ မွေးကင်းစကလေးတွေဟာ မျက်ရည်မကျပါဘူး

မွေးကင်းစကလေးတွေ မျက်ရည်ကျပြီးငိုတာကို သင့်အနေနဲ့ တွေ့ဖူးပါသလား ? မတွေ့ဖူးဘူးလို့ထင်ပါတယ်နော် … ဟုတ်ပါတယ် သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ မွေးကင်းစကနေ (၃) လသားအရွယ်ထိ ကလေးလေးတွေဟာ မျက်ရည်မကျကြပါဘူး။ အကြောင်းကတော့ သူတို့ရဲ့မျက်ရည်ပြွန်လေးတွေဟာ အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့်ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ မွှေ့ယာထက်ပိုကောင်းတဲ့ ပုခက်

ကြိုးပုခက်၊ အဝတ်ပုခက် စတာတွေနဲ့အိပ်စက်ခြင်းဟာ ပုံမှန်မွှေ့ယာနဲ့ အိပ်စက်ခြင်းထက် ပိုမိုနှစ်ခြိုက်စွာအိပ်ပျော်စေနိုင်တယ်လို့ သိရပါတယ်။ သုတေသန ပြုလုပ်လျက်တွေအရတော့ ပုခက်လွှဲသလိုဖြစ်နေတာက နှစ်ခြိုက်စွာအိပ်စက်ခြင်းအဆင့် (N2) ကိုလျှင်မြန်စွာရောက်ရှိစေနိုင်တယ်ိ့ ဆိုပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Be the first to comment

Leave a Reply