စျေး အဆမတန်တင်ပြီး လေလံတင် ရောင်းချနိုင်ခဲ့တဲ့ ပေါက်ပေါက်ရှာရှာ ပစ္စည်းများ

ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ စျေး အဆမတန် တင်ပြီး ရောင်းချခဲ့ကြတဲ့ ပေါက်ပေါက်ရှာရှာ ပစ္စည်းတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာဆိုရင် သာမန် အမြင်မှာ ပုံမှန် ပစ္စည်းလို့ ထင်ရပေမယ့်လည်း တစ်ခြားလူတွေ ရဲ့ အမြင်မှာတော့ အနုပညာတစ်ရပ်ကို ခံစားမိကြတာကြောင့် ဘယ်လို ပစ္စည်းတွေ ဖြစ်မလဲဆိုတာ အောက်ကပုံလေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁ ။ ရှုပ်ပွနေ တဲ့ အခန်း ( တန်ဖိုး – ဒေါ်လာ ၄ သန်း )

ဗြိတိသျှ နိုင်ငံသူ  အနုပညာရှင် တစ်ဦးဖြစ်တဲ့ Tracey Emin ကတော့ သူမ ဖန်တီးထားတဲ့ ရှုပ်ပွနေသော အခန်းကို စျေးကြီးကြီးနဲ့ ရောင်းချခဲ့ပါတယ် ။ ၁၉၉၉ ခုနှစ်ကာလတွေတုန်းက သူမဟာ အချစ်ပြဿနာတွေ ကြောင့် စိတ်ကျ နေခဲ့ကာ  ဒီအခန်းထဲမှာ ရက်ပေါင်းများစွာ နေထိုင်ခဲ့တာဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ သူမဟာ အခန်းအတွင်းက အမှိုက်တွေနဲ့ ပစ္စည်းအကြွင်းကျန်တွေကို လေလံပွဲတစ်ခုမှာ တင်ခဲ့ပါတယ်။ shwekhitonlinetv.com

သူမ လေလံတင်ထားတဲ့ ပစ္စည်းတွေကို Charles Saatchi လို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဒေါ်လာ တစ်သိန်းခွဲနဲ့ ဝယ်ယူသွားခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ ထို စီးပွားရေးလုပ်ငန်းရှင်ဟာ ဒီအခန်းလေးကို စိတ်ဓာတ်ကျနေတဲ့ အမှတ်အသား လို့ ခေါင်းစဉ်တပ်ပြီး ဒေါ်လာ ( ၄ ) သိန်းနဲ့ ပြန်လည် ရောင်းချခဲ့ပါတယ်တဲ့ ။ shwekhitonlinetv.com

၂ ။ ရောခ့်ဘုရင်ကြီး သောက်ခဲ့တဲ့ ရေ ( တန်ဖိုး – ၄၅၅ ဒေါ်လာ )

( ၁၉၇၇ ) ခုနှစ်တုန်းက အဲဗစ် ပရက်စလေ ရဲ့ လက်ထောက်ဟာ ပရက်စလေ ပြီးအောင် မသောက်ခဲ့တဲ့ ရေခွက်နဲ့ ရေ ကို ဒေါ်လာ ( ၄၅၅ ) နဲ့ ရောင်းချခဲ့ပါတယ် ။ ဒီအဖြစ်အပျက်ဟာ မြောက်ပိုင်း ကယ်ရိုလိုင်းနားပြည်နယ်မှာ ကျင်းပခဲ့တဲ့ ပရက်စလေ ရဲ့ ရှိုးပွဲတစ်ခုမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဖျော်ဖြေနေရင်းနဲ့ ပရက်စလေ သောက်ခဲ့တဲ့ ရေနဲ့ ရေခွက်ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

ထိုခေတ်အခါက ဒေါ်လာ ( ၄၀၀ ) ကျော်ဟာ အတော်လေးကို များပြားတဲ့ ငွေပမာဏ ဖြစ်ပြီး ပရက်စလေ သောက်ခဲ့တဲ့ ရေကို အမိအရ ထိန်းသိမ်းနိုင်ခဲ့တဲ့ လက်ထောက်ရဲ့ အကွက်မြင်မှုကိုလည်း လေးစားမိခဲ့ပါတယ် ။ shwekhitonlinetv.com

၃ ။ ပျော်စရာ ဖန်တီးပေးမယ့် ဝန်ဆောင်မှု ( တန်ဖိုး – ဒေါ်လာ ၃၀၀၀ )

ပျော်ပျော် နေတတ်တဲ့ ဩစတေးလျ ကျောင်းသား ( ၄ ) ယောက်ဟာ သူတို့ရဲ့ ကိုယ်ပိုင် အချိန်တွေကို eBay မှာ လေလံတင်ပြီး ရောင်းချခဲ့ပါတယ် ။ သူတို့ ကမ်းလှမ်းထားတဲ့ ဝန်ဆောင်မှုကတော့ အားလပ်ရက်တိုင်း မှာ ပျော်စရာ တွေဖန်တီးပေးမှာ ဖြစ်ပြီး ဝန်ဆောင်မှု အတွက် ဒေါ်လာ ( ၃၀၀၀ ) ကျသင့်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

ဒီ ပျော်စရာ ဖန်တီးပေးမယ့် ပရိုဂရမ်မှာ ပါဝင်တဲ့ ဝန်ဆောင်မှုတွေကတော့ သောက်စရာတွေ ၊ အဆာပြေ စားနိုင်တဲ့ အစား အစာတွေ နဲ့ နားထောင်လို့ ကောင်းမယ့် စကားဝိုင်း လေး တို့ ပါဝင်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ ဂေါဖ့် ဘောလုံး ( တန်ဖိုး – ဩစတေးလျ ဒေါ်လာ ၁၄၀၀ )

အခု ဂေါ့ဖ် ဘောလုံးတွေဟာ နာမည်ကြီး ဂေါ့ဖ် ကစားသမား အကျော်အမော်တွေ ပိုင်ဆိုင်တာကြောင့်‌ စျေးကြီးတာလို့ တော်တော်များများက ထင်ကြမှာပါ ။ တစ်ကယ်တမ်းကတော့ ဒီ ဂေါ့ဖ် ဘောလုံးတွေဟာ စပါးအုံးမြွေ မျိုချထားလို့ ဗိုက်ထဲမှာ ရောက်ခဲ့တဲ့ ဘောလုံးတွေ ပဲ ဖြစ်ပါတယ် ။ ဆရာဝန်တွေဟာ ဒီမြွေကြီးကို ခွဲစိတ်ကာ ဘောလုံးတွေကို ထုတ်ပေးခဲ့ပြီးနောက် ဒီ ဂေါ့ဖ်ဘောလုံးတွေကို ဩစတေးလျ ဒေါ်လာ ( ၁၄၀၀ ) ကျော်နဲ့ လေလံတင် ရောင်းချခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ ဆန်းဒွစ်ချ် တစ်ခု ( တန်ဖိုး – ဒေါ်လာ ၂၈၀၀၀ )

 ( ၂၀၀၄ ) ခုနှစ်တုန်းက Diana Duyser လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ( ၁၀ ) နှစ်ကျော် သက်တမ်း ရှိတဲ့ စားလက်စ ကိုက်ရာပါတဲ့ ဆန်းဒွစ်ချ်တစ်ခုကို လေလံတင် ရောင်းချခဲ့ပါတယ် ။ shwekhitonlinetv.com

ပုံစံခွက်ထဲ ထည့်ထားတဲ့ ဆန်းဒွစ်ချ် ပေါင်မုန့်ပေါ်မှာ ပေါက်နေတဲ့ မှိုတွေကို Virgin Mary ပုံမျိုး ဖြစ်အောင် ရေးဆွဲထားတာပါ ။ သူမ လေလံတင် ရောင်းချထားတဲ့ ဒီ ဆန်းဒွစ်ချ် ပေါင်မုန့်ကို ဒေါ်လာ ( ၂၈၀၀၀ ) နဲ့ အမည်မဖော်လိုသူတစ်ဦးက ဝယ်ယူသွားခဲ့ပါတယ် ။ shwekhitonlinetv.com

၆ ။ နာမည်တစ်ခု ( တန်ဖိုး – ဒေါ်လာ ၂၅၀၀၀ )

နယူး အင်္ဂလန် တောင်ပိုင်းက Connecticut ပြည်နယ်မှာ နေထိုင်တဲ့ စုံတွဲတစ်တွဲဟာ သူတို့ရဲ့ သားလေးကို နာမည်ပေးဖို့အတွက် eBay မှာ လေလံ ခေါ်ခဲ့ပါတယ် ။ ဒီ လေလံပွဲမှာ GoldenPalace . com ဆိုတဲ့ ကုမ္ပဏီက လေလံအောင်ခဲ့ပြီး သူတို့ကုမ္ပဏီရဲ့ နာမည်ကို ဒေါ်လာ ( ၂၅၀၀၀ ) နဲ့ ထို စုံတွဲ ထံ ရောင်းချခဲ့ပါတယ်။ စုံတွဲကတော့ သူတို့ သားလေးရဲ့ နာမည်ကို လေလံပွဲက နေ ဝယ်ယူခဲ့တဲ့ နာမည်လည်း ပါအောင်လို့ Golden Palace Benedetto ဆိုပြီး အမည် မှည့်ခဲ့ပါတယ် ။ shwekhitonlinetv.com

အခု ဖော်ပြပေးထားတာကတော့ စျေး အဆမတန်တင်ပြီး လေလံတင် ရောင်းချခဲ့တဲ့ ပေါက်ပေါက်ရှာရှာ ပစ္စည်းအချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း  အခုလိုမျိုး ထူးဆန်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့  Shwe Khit ကို စောင့်မျှော်ဖတ်ရှု ပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

Be the first to comment

Leave a Reply