နာမည်ကျော်ရုပ်ရှင်တွေရဲ့ နောက်ကွယ်က လူသိနည်းတဲ့ အံ့အားသင့်ဖွယ်အကြောင်းများ

Advertisements

အခုတစ်ခေါက်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က ပရိသတ်တွေသိပ်မသိသေးတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာလေးအချို့ပဲဖြစ်ပါတယ်။ ဘယ်လို အံ့အား သင့်ဖွယ်အကြောင်းအရာတွေဖြစ်မလဲ ဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါဦးနော် …  shwekhitonlinetv.com

၁။ Dallas Buyers Club

ဒီရုပ်ရှင်မှာ မိတ်ကပ်အသုံးပြုဖို့အတွက် ချပေးထားတဲ့ဘတ်ဂျက်ဟာ အလွန်နည်းပြီး ဒေါ်လာ (၂၅၀) သာရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပမာဏကို မိတ်ကပ်ပညာရှင်တွေနဲ့ သရုပ်ဆောင်တွေက အလုပ်ဖြစ်အောင် အသုံးချနိုင်ခဲ့တဲ့အပြင် ဒီဇာတ်ကားဟာ မိတ်ကပ်နှင့်ဆံပင်ဆိုင်ရာ အော်စကာဆုကိုပါရရှိခဲ့ပါတယ်။ ရှိတာလေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပြခဲ့တာကတော့ အတုယူစရာကောင်းလှပါတယ်။  shwekhitonlinetv.com

၂။ The Terminator

ဒီဇာတ်ကားရိုက်ကူးနေရင်း ရိုက်ကွင်းခဏနားနေချိန်မှာ မင်းသားကြီးအာနိုးဟာ နေ့လည်စာအတွက် အနီးနားမှာရှိတဲ့ စားသောက်ဆိုင်တစ်ခုကိုသွားရောက်ခဲ့ပါတယ်။ ဒီလိုသွားရာမှာ ပုံပါအတိုင်း သရုပ်ဆောင်နေရင်း မိတ်ကပ်တွေကို မဖျက်ဘဲသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စားသောက်ဆိုင်ထဲက လူတွေနဲ့ ရုပ်ရှင်ရိုက်နေမှန်း မသိတဲ့ပတ်ဝန်းကျင်က လူအချို့ကတော့ ရုတ်တရက်ထိတ်လန့်ကုန်မှာ အသေအချာပါပဲနော်။  shwekhitonlinetv.com

၃။ Django Unchained

အော်စကာဆုရ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ လီယိုနာဒို ဒီကာပရီယို ကတော့ Django Unchained ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ မတော်တဆဒဏ်ရာရရှိခဲ့ပါတယ်။ သူ့အနေနဲ့ အခန်းတွင်းကလူတွေကို စကားပြောရင်း ရုတ်တရက်ဒေါသထွက်ကာ စားပွဲပေါ်မှာရှိတဲ့ဖန်ခွက်ကို လက်ဝါးနဲ့ထုရိုက်တဲ့ ဇာတ်ဝင်ခန်းကို မာန်ပါပါနဲ့ သရုပ်ဆောင်ရင်း အမှန်တစ်ကယ် လက်ကိုဖန်ကွဲစတွေရှခဲ့တာဖြစ်ပါတယ်။ လီယိုနာဒိုဟာ ဒီလိုမထင်မှတ်ပဲ ဒဏ်ရာရခဲ့ပေမယ့် ဟန်မပျက် ဇာတ်ဝင်ခန်းကိုဆက်လက်သရုပ်ဆောင်သွားခဲ့တာကတော့ ချီးကျူးဖို့ကောင်းတာအမှန်ပါပဲ။  shwekhitonlinetv.com

၄။ John Wick : Chapter (2)

နာမည်ကျော်မင်းသား ကီနူးရိဗ် (Keanu Reeves) ဟာ John Wick : Chapter (2) မှာ တိုက်ခိုက်တဲ့ ဇာတ်ဝင်ခန်းတွေရဲ့ (၉၅) ရာခိုင်နှုန်းကို လူစားမထိုးဘဲ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုသရုပ်ဆောင်နိုင်ဖို့ အတွက် ကီနူးရိဗ် (Keanu Reeves) ဟာ ဂျူဒို၊ ဘရာဇီးလ်ကိုယ်ခံပညာရပ်ဖြစ်တဲ့ ဂျူဂျစ်ဆု၊ ကားမောင်းခြင်း စတာတွေအပြင်လိုအပ်တဲ့ အတက်ပညာအတော်များများကို အနည်းဆုံး (၃) လလောက် အချိန်ပေးလေ့ကျင့်သင်ယူခဲ့တာဖြစ်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ The Dark Knight

The Dark Knight ဇာတ်ကားမှာ ဂျိုကာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Heath Ledger ဟာ သူသရုပ်ဆောင်ရမယ့် ဇာတ်ရုပ်ကို စိတ်ပိုင်းဆိုင်ရာမှာ ပီပြင်အောင်လို့ မိုတယ်တစ်ခုရဲ့ အခန်းတွင်းမှာ (၆) ပတ်လောက်တစ်ကိုယ်တည်း အထီးကျန်ဆန်စွာ ပုန်းအောင်းနေခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၆။ Lord of the ring

Lord of the ring ဇာတ်ကားကိုရိုက်ကူးခဲ့ရာမှာတော့ တောင်တန်းတွေပေါ်ကဇာတ်ဝင်ခန်းတစ်ချို့အတွက် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေဟာ ရံဖန်ရံခါ ဟယ်လီကော်ပတာနဲ့ တောင်တန်းတွေပေါ်တက်ရောက်ခဲ့ကြရပါတယ်။ ဒါပေမယ့် ဘိုရိုမာ (Boromir) အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Bean ကတော့ ပျံသန်းရမှာကြောက်တဲ့ ရောဂါကြောင့် ဟယ်လီကော်ပတာ စီးနင်းခဲ့ခြင်းမရှိပါဘူး။ ဒီအတွက် သူဟာ သူများတွေထက် (၂) နာရီလောက်စောပြီး တောင်ကိုခြေလျင်တက်ရောက်ခဲ့ရပါတယ်။ shwekhitonlinetv.com

၇။ Interstellar

အာကာသဆိုင်ရာဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့ Interstellar ဆိုတဲ့ဇာတ်ကားမှာတော့ နာမည်ကျော် ဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာနိုလန်ဟာ ပြောင်းဖူးခင်းတွေထဲမှာ ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းတွေအတွက် မြေဧက (၅၀၀) လောက်ကိုရှာခဲ့ရပြီး ပြောင်းဖူးပင်တွေ စိုက်ပျိုးခဲ့ရပါတယ်။ ဇာတ်ကားရိုက်ကူးပြီး ဒီပြောင်းခင်းကို ပြန်လည်ရောင်းချခဲ့ရမှာတော့ အမြတ်အစွန်းရခဲ့တယ်လို့လည်း သိရပါတယ်။ shwekhitonlinetv.com

၈။ The Godfather

နာမည်ကျော် ဂေါ့ဖားသား ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ချို့မှာ အဓိကဇာတ်ဆောင် ဒွန်ကော်လီယွန်လက်ထဲမှာကိုင်ထားလေ့ရှိတဲ့ ကြောင်လေးကြောင့်အတော်စိတ်အနှောက်အယှက် ဖြစ်ခဲ့ရတယ်လို့သိရပါတယ်။ အကြောင်းကတော့ ကြောင်လေးကတိတ်တိတ်မနေဘဲ အသံတွေထွက်နေလို့ ဇာတ်ဝင်ခန်းတွေကို အကြိမ်ကြိမ်ပြန်ရိုက်ကူးခဲ့ရတာကြောင့်ဖြစ်ပါသတဲ့။ shwekhitonlinetv.com

၉။ Black Swam

Black Swam ရုပ်ရှင်ဇာတ်ကားနဲ့ အော်စကာဆုရခဲ့တဲ့ မင်းသမီး နာတာလီပေါ့တ်မန်း (Natalie Portman) ဟာ ရုပ်ရှင်ရဲ့ ဇာတ်ညွှန်းကိုဖတ်ပြီးနောက် သူမသရုပ်ဆောင်ရမယ့် ဘဲလေးကချေသည် ဇာတ်ရုပ်အတွက် အချိန် (၁) နှစ်ကျော်ပေးပြီး လေ့ကျင့်ခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ကုန်ကျစရိတ်ကိုယ်လည်း ရုပ်ရှင်ဇာတ်ကားအတွက် ရင်းနှီးမြုပ်နှံသူ မပေါ်လာခင်အထိ ကိုယ်ပိုင်ငွေကြေးကိုသာ စိုက်ထုတ်အသုံးပြုခဲ့ရ တာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ The Mummy

နာမည်ကျော် The Mummy ဇာတ်ကားမှာတော့ မင်းသားဖြစ်တဲ့ ဘရန်ဒန်ဖရေဆာ (Brendan Fraser) ဟာ ဆွဲကြိုးချသေဒဏ်ပေးတဲ့ဇာတ်ဝင်ခန်းကိုရိုက်ကူးရင်း အမှန်တကယ် အသက်ရှုရပ်သွားပြီး သေမလိုဖြစ်ခဲ့ရပါတယ်။ ရိုက်ကူးရေးအဖွဲ့ဝင်တွေရဲ့ အချိန်မှီ ပြုစုမှုကြောင့် သေကံမရောက်ခဲ့တာဖြစ်တယ်လို့ အဆိုပါဇာတ်ကားမှာ ပါဝင်တဲ့ မင်းသမီးဖြစ်သူ ရေချယ်ဝစ်ဇ် (Rachel Weisz) ကဆိုခဲ့ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးခဲ့တာကတော့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတွေရဲ့ နောက်ကွယ်က ပရိသတ်တွေသိပ်မသိရှိသေးတဲ့ ထူးခြားတဲ့ ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ရွှေခေတ်ပရိသတ်တွေအနေနဲ့ ဒီဇာတ်ကားတွေထဲက ဘယ်ဇာတ်ကားကို ကြည့်ရှုဖူးကြသလဲဆိုတာလေး ကွန်းမန့်မှာရေးပေးသွားဦးနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။

Be the first to comment