နှလုံးရောဂါမဖြစ်ပွားခင် တစ်လအလိုမှာ ပြသမယ့် ရှေ့ပြေးလက္ခဏာများ

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီးကောင်းတယ်ဆိုတဲ့ စကားအတိုင်းပဲ ဘယ်ရောဂါအတွက်မဆို ရောဂါလက္ခဏာမပြခင် ကြိုတင်ပြီးဆင်ခြင် နေထိုင်စားသောက်တာက ပိုပြီးတော့ ပိုမိုကောင်းမွန်ပါတယ်။ shwekhitonlinetv.com

ကျန်းမာရေးနဲ့ပတ်သက်တဲ့ သုတေသီတွေရဲ့ သုတေသနပြုလုပ်ချက်တွေအရ လူတစ်ဦးမှာ နှလုံးရောဂါဖြစ်ပွားတော့မယ်ဆိုရင် တစ်လအလိုမှာ ကြိုပြီး ပြသက်တဲ့ လက္ခဏာလေးတွေအကြောင်းကို ရွှေခေတ်ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ ပင်ပန်းနွမ်းလျခြင်း

ပုံမှန်မဟုတ်တဲ့ပင်ပန်းနွမ်းလျခြင်းဟာ နှလုံးရောဂါဖြစ်ပွားခါနီး ပြသမယ့်အဓိကလက္ခဏာရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာအမျိုးသမီးတွေကအမျိုးသားတွေထက်ပိုပြီး ပင်ပန်းနွမ်းလျတက် ကြပါတယ်။ ဒီရောဂါလက္ခဏာကထင်ရှားတဲ့အတွက် သတိမထားဘဲမနေသင့်ပါဘူး။ တစ်ခါတရံမှာသာမန်အလုပ်လေးတွေဖြစ်တဲ့ အိပ်ရာသိမ်းခြင်း၊ရေချိုးခြင်းတို့မှာတောင် မောပန်းနေတတ်ပါတယ်။ shwekhitonlinetv.com

၂။ ဝမ်းဗိုက်ပိုင်း နာကျင်ခြင်း

Close-up Of Young Man Suffering From Stomach Ache Standing At Home

ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ဗိုက်မအီမသာ ဖြစ်ခြင်း၊ဗိုက်ဖောင်းပွခြင်း၊ဗိုက်နာခြင်းစတာတွေကလည်း နှလုံးရောဂါရဲ့အဖြစ်များတဲ့လက္ခဏာတွေပါပဲ။ ဒီလက္ခဏာတွေကိုအမျိုးသားရော အမျိုးသမီးမှာပါ တွေ့ရတတ်ပါတယ်။ဝမ်းဗိုက်ပိုင်း နာကျင်မှုတွေကနှလုံးရောဂါမဖြစ်ခင်မှာ မကြာခဏ ဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာပင်ပန်းတဲ့အခါအစာအိမ်နာတာပိုဆိုးလာပါတယ်။ shwekhitonlinetv.com

၃။ ဆံပင်ကျွတ်ခြင်း

ဆံပင်ကျွတ်ခြင်းကလည်းသိသာတဲ့လက္ခဏာရပ်ပါပဲ။အသက် 50ကျော်တဲ့ အမျိုးသားတွေမှာဆံပင်ကျွတ်တာကို အများဆုံးတွေ့ရပါတယ်။အချို့အမျိုးသမီးတွေလည်း နှလုံးရောဂါရဲ့လက္ခဏာအနေနဲ့ဆံပင်ကျွတ်ပါတယ်။ ကော်တီဇုန်းဟော်မုန်း မြင့်တဲ့အခါ ဆံပင်ကျွတ်ခြင်းဖြစ်ပါတယ်။ဆံပင်ကျွတ်တာကလည်းမပေါ့ဆသင့်တဲ့အရာဖြစ်လို့ ဂရုစိုက်ဖို့လိုပါတယ်။ shwekhitonlinetv.com

၄။ အိပ်မပျော်ခြင်း

ညဘက်တွေ အိပ်မပျော်တာကနှလုံးရောဂါနဲ့ လေဖြတ်နိုင်ခြေ ပိုများပါတယ်။အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။စိုးရိမ်ကြောင့်ကြမှုများတဲ့အခါ၊ မေ့လျော့တတ်လာတဲ့အခါအိပ်မပျော်ခြင်းဟာမကြာခဏဖြစ်ပါတယ်။အိပ်ပျော်ဖို့ ခက်ခြင်း၊မကြာခဏနိုးခြင်းနဲ့အိပ်ယာ စောစောနိုးခြင်းတို့ကနှလုံးရောဂါရဲ့လက္ခဏာတွေပါပဲ။ shwekhitonlinetv.com

၅။ နှလုံးခုန်နှုန်း မမှန်ခြင်း

များသောအားဖြင့်တော့ ပုံမှန်လူတွေမှာ ရုတ်တရက်ထိန်းမရသိမ်းမရအောင် ကြောက်စိတ်ဝင်တဲ့ အခါ၊ စိုးရိမ်ပူပန်မှုများတဲ့အခါမှာ နှလုံးခုန်နှုန်းမမှန်တာမျိုး့ဖစ်တက်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေကနှလုံးခုန်နှုန်းပိုမမှန်တတ်ပါဘူး။ နှလုံးခုန်နှုန်းမမှန်ခြင်းကမမျှော်လင့်ဘဲ ဖြစ်ပေါ်တတ်ပါတယ်။ နှလုံးခုန်နှုန်းမမှန်ခြင်းနဲ့ နှလုံးခုန်နှုန်းများခြင်း တို့က ကွဲပြားပါတယ်။ခန္ဓာကိုယ် လေ့ကျင့်ခန်းတွေလုပ်ခြင်းကနှလုံးခုန်နှုန်းများခြင်းကို ပိုအားပေးပါတယ်။ ပြောရရင်တော့ ဒါတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ချွေးထွက်လွန်ခြင်း

ပုံမှန်မဟုတ်တဲ့ ချွေးထွက်လွန်ခြင်းကနှလုံးရောဂါရဲ့ရှေ့ပြေးလက္ခဏာရပ်ပါပဲ။ ချွေးထွက်လွန်ခြင်းကနေ့ဖြစ်ဖြစ်ညဖြစ်ဖြစ်ဖြစ်နိုင်ပါတယ်။ဒီလက္ခဏာကိုတော့ အမျိုးသားတွေမှာထက် အမျိုးသမီးတွေမှာပိုတွေ့ရတယ်။ ဒီလက္ခဏာကတုပ်ကွေးရဲ့ လက္ခဏာနဲ့လည်း ဆင်တူပါတယ်။အပူချိန်များတဲ့အခါ၊ ခန္ဓာကိုယ်လှုပ်ရှားမှုများတဲ့အခါအသားအရေမှာချွေးတွေနဲ့ စိုထိုင်းထိုင်း ဖြစ်လေ့ ရှိပါတယ်။ညဘက်မှာ ချွေးပိုထွက်တယ်လို့ထင်ရပြီး မနက်ရောက်ရင် အိပ်ယာခင်းတွေ စိုထိုင်းနေတတ်ပါတယ်။ shwekhitonlinetv.com

၇။ အသက်ရှူ မဝခြင်း

အသက်ရှူဖို့ခက်ခဲတဲ့အခါအသက်ရှူ မဝခြင်းဆိုတဲ့ ပြင်းထန်တဲ့ ဝေဒနာကိုခံစားရပါတယ်။ နှလုံးရောဂါမဖြစ်ခင် ခြောက်လအလိုတည်းကဒီရောဂါလက္ခဏာတွေကိုအမျိုးသားရောအမျိုးသမီးမှာပါ တွေ့ရပါတယ်။ဆေးကုသမှုခံယူဖို့သတိပေးတဲ့လက္ခဏာတွေပါ။ လေလုံလောက်စွာမရခြင်း၊မူးဝေခြင်း၊အသက်ရှူမဝခြင်းကနှလုံးရောဂါရဲ့လက္ခဏာပါပဲ။ shwekhitonlinetv.com

၈။ ရင်ဘတ်အောင့်ခြင်း

နှလုံးရောဂါဖြစ်ပွားတော့မယ်ဆိုရင် ရင်ဘတ်အောင့်ခြင်းကို အမျိုးသားရောအမျိုးသမီးမှာပါ ပြင်းပြင်းထန်ထန်ခံစားရပါတယ်။ အမျိုးသားတွေမှာ ရင်ဘတ်အောင့်ခြင်း ကနှလုံးရောဂါ ဖြစ်နိုင်တဲ့အရေးကြီးဆုံး လက္ခဏာရပ်ဖြစ်ပြီးပေါ့ပေါ့ဆဆမနေသင့်ပါဘူး။ shwekhitonlinetv.com

ဒါကတော့ နှလုံးရောဂါမဖြစ်ပွားခင် တစ်လအလိုမှာ ပြသတက်တဲ့ ရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပါတယ်။ နောက်ပြီး အဝလွန်ခြင်း၊ခန္ဓာကိုယ်လှုပ်ရှားမှု မရှိခြင်း၊ ဆေးလိပ်သောက်ခြင်းတွေကလည်း့နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကိုမြင့်တက်စေလို့အထူးဂရုစိုက်သင့်ပါတယ်နော် ………. shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။