ကမ္ဘာပေါ်က အင်အားအကြီးဆုံး စစ်တပ် (၅) ခု

နိုင်ငံတစ်နိုင်ငံတွက်တော့ စစ်တပ်ဆိုတာများစွာအရေးပါလှပြီး မရှိမဖြစ်လိုအပ်တဲ့ အဖွဲ့အစည်းတစ်ခုလို့လဲဆိုနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အင်အားဟာ အဲ့ဒီနိုင်ငံရဲ့စစ်တပ်အင်အားနဲ့ တိုက်ရိုက်အချိုးကျတယ်လို့လည်း ဆိုကြပါတယ်။ ဒါကြောင့်ကမ္ဘာ့နိုင်ငံအသီးသီးဟာ မိမိတို့နိုင်ငံရဲ့ လုံခြုံရေးအတွက် စစ်တပ်အင်အားကို အပြိုင်အဆိုင် ပြင်ဆင်တည်ဆောက်လျက်ရှိနေကြပါတယ်။ ဒီလိုမျိုးကမ္ဘာပေါ်မှာရှိတဲ့ စစ်တပ်တွေထဲကမှ အင်အားအကောင်းဆုံးစစ်တပ် (၅) ခုကိုဖော်ပြရမယ်ဆိုရင်တော့ …shwekhitonlinetv.com

၅။ ဂျပန်

အာရှအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံမှာတော့ ခန့်မှန်းခြေအရ စစ်မှုထမ်း (၂၄၇,၁၆၀) ခန့်ရှိတယ်လို့သိရပါတယ်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ အိမ်နီးချင်းမြောက်ကိုရီးယားနိုင်ငံထက်စာရင် ဒီအရေအတွက်က နည်းပါးတယ်ဆိုပေမယ့် ခေတ်မီဆန်းသစ်တဲ့ လက်နက်တွေပိုင်ဆိုင်ထားတာကြောင့် ဂျပန်ဟာကမ္ဘာ့ထိပ်တန်း စစ်အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ် စာရင်းဝင်လျက်ရှိပါတယ်။ shwekhitonlinetv.com

Global Firepower ရဲ့ ကိန်းဂဏန်းတွေအရဂျပန်မှာ အထူးတည်ဆောက်ထားတဲ့စစ်ဘက်သုံး လေယာဉ် (၁၅၂) စီးရှိပြီး အဖျက်စွမ်းအားကြီးတဲ့စစ်သင်္ဘော (၄၀) ပါ၀င်တဲ့ ကြီးမားတဲ့ရေတပ်လည်းရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် သံချပ်ကာယာဉ် (၃၁၃၀)၊ တင့်ကား (၁၀၀၄) နှင့်တိုက်ခိုက်ရေးရဟတ်ယာဉ် (၁၁၉) စင်းလည်းရှိနေပါငေးတယ်။shwekhitonlinetv.com

ဂျပန်တို့ဟာ (၂၀၂၀) အတွင်း စစ်အသုံးစရိတ်အဖြစ် ဒေါ်လာ (၄၉) ဘီလီယံထိ သုံးစွဲထားပါတယ်။shwekhitonlinetv.com

(Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။)

၄။ အိန္ဒိယ

အိန္ဒိယနိုင်ငံကတော့ ခန့်မှန်းခြေအားဖြင့် လူပေါင်း (၁,၄၄၄,၀၀၀) လောက်ဟာ နိုင်ငံရဲ့တပ်မတော်အတွက် တက်ကြွစွာအမှုထမ်းလျက်ရှိနေတယ်လို့ သိရပါတယ်။shwekhitonlinetv.com

Global Firepower ရဲ့ အချက်အလက်တွေအရတော့ အိန္ဒိယစစ်တပ်မှာ တင့်ကား (၄,၂၉၂) စီး၊ ဖျက်အားပြင်းအမြောက် (၄,၀၆၀) လက် နှင့်တိုက်လေယာဥ် (၅၃၈) စင်း ပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။shwekhitonlinetv.com

အိန္ဒိယနိုင်ငံကတော့ ယခုနှစ်မှာ စစ်ရေးအသုံးစရိတ်အတွက်ဒေါ်လာ (၆၁) ဘီလီယံသုံးစွဲထားကြောင်းသိရပါတယ်။shwekhitonlinetv.com

၃။ တရုတ်

အာရှရဲ့ အင်အားအကောင်းဆုံးနိုင်ငံဖြစ်သလို အမေရိကန်နဲ့လည်း စစ်ရေးအရ ရန်ဘက်လို့ဆိုနိုင်တဲ့ တရုတ်နိုင်ငံကတော့ ဒီစာရင်းရဲ့ တတိယနေရာမှာရှိပါတယ်။ ခန့်မှန်းခြေအားဖြင့်တော့ တရုတ်တို့ရဲ့ စစ်တပ်မှာ စစ်မှုထမ်း (၂,၁၈၃,၀၀၀) လောက်ရှိပြီး ကမ္ဘာပေါ်မှာ အရေအတွက်အများဆုံးဖြစ်တယ်လို့ သိရပါတယ်။shwekhitonlinetv.com

တရုတ်နိုင်ငံဟာ မကြာသေးတဲ့ နှစ်တွေက တောင်တရုတ်ပင်လွအတွင်း နယ်မြေပိုင်နက် အငြင်းပွားမှုများမှာ ပါဝင်ခဲ့တာကြောင့် ခေတ်မီပြီး အားကောင်းတဲ့ ရေတပ်ကိုလည်း တည်ဆောက်ထားတယ်လို့သိရပါတယ်။ အဆိုပါရေတပ်မှာတော့ ရေငုပ်သင်္ဘော (၇၄) စီး၊ ဖရီးဂိတ်စစ်ရေယာဉ် (၅၂) စီးနှင့် ဖျက်သင်္ဘော (၃၆) စီးရှိတယ်လို့ Global Firepower ကပြောကြားခဲ့ပါတယ်။shwekhitonlinetv.com

ကုန်းတွင်းပိုင်း ကြည်းတပ်မှာတော့ သံချပ်ကာကား (၃၃,၀၀၀) နှင့် တင့်ကား (၃,၅၀၀) ရှိပါတယ်။ ဒါ့အပြင် တရုတ်တို့ရဲ့လေတပ်ကလည်း အင်အားကောင်းလှပြီး တိုက်လေယာဉ် (၁,၂၂၂) စင်းနှင့် တိုက်ခိုက်ရေးရဟတ်ယာဉ် (၂၈၁) စင်းကို စုဆောင်းထားပါတယ်။shwekhitonlinetv.com

၂၀၂၀ ခုနှစ်မှာတော့ တရုတ်နိုင်ငံဟာ ၎င်းတို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့များအတွက်ဒေါ်လာ ၂၃၇ ဘီလီယံသုံးစွဲထားကြောင်းသိရပါတယ်။shwekhitonlinetv.com

၂။ ရုရှား

Global Firepower ရဲ့ ကိန်းဂဏန်းတွေအရ ရုရှားဟာ ကမ္ဘာပေါ်မှာတင့်ကားအများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ရုရှားစစ်တပ်မှာ တင့်ကားအရေအတွက် (၁၂,၉၅၀) စီး ရှိပြီး ဒါဟာ အမေရိကန်တို့ထက် (၂) ဆ ပိုများတဲ့ ပမာဏဖြစ်ပါတယ်။shwekhitonlinetv.com

ရုရှားစစ်တပ်မှာ ကျွမ်းကျင်တပ်သား (၁,၀၁၃,၆၂၈)၊ သံချပ်ကာယာဉ် (၂၇,၀၃၈) စီး၊ မောင်းသူမဲ့ အမြောက်တပ် (၆,၀၈၃) ယူနစ် နှင့်ဒုံးကျည်ပရိုဂျက်တာပေါင်း (၃,၈၆) ကိုပိုင်ဆိုင်ထားပါတယ်။shwekhitonlinetv.com

ရုရှားလေတပ်မှာတော့ အဆင့်မြင့်တိုက်လေယာဉ် (၈၇၃) စင်းနှင့်တိုက်ခိုက်ရေးရဟတ်ယာဉ် (၅၃၁) စီးရှိတယ်လို့သိရပါတယ်။သည်။ ရေတပ်မှာတော့ ရေငုပ်သင်္ဘော (၆၂) စီးနှင့် အဖျက်စွမ်းအားမြင့်စစ်သင်္ဘော (၄၈) စီးရှိနေပါတယ်။ shwekhitonlinetv.com

ရုရှားတို့ရဲ့ ယခုနှစ်အတွက် စစ်ရေးအသုံးစရိတ်ကတော့ ဒေါ်လာ (၄၈) ဘီလီယံဖြစ်ပါတယ်။shwekhitonlinetv.com

၁။ အမေရိကန်

ကမ္ဘာပေါ်မှာရှိတဲ့ ခေတ်မီဆန်းပြားတဲ့ လက်နက်တွေကိုပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံအနေနဲ့ ဒီစာရင်းရဲ့ နံပါတ် (၁) နေရာမှာရပ်တည်နေတာဟာ သိပ်ပြီး အံ့သြစရာကောင်းမယ်လို့မထင်ပါဘူး။shwekhitonlinetv.com

အမေရိကန်ကတော့ လေတပ်ကိုဦးစားပေးတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်က ဘယ်နိုင်ငံထက်မဆို လေယာဉ်ယူနစ် ပိုင်ဆိုင်မှုပိုများပါတယ်။ အမေရိကန်မှာ နည်းပညာမြင့် တိုက်လေယာဉ်ပေါင်း (၂၀,၀၈၅) စင်း၊ တိုက်ခိုက်ရေးရဟတ်ယာဉ် (၉၆၇) စီး၊ ​​သယ်ယူပို့ဆောင်ရေးလေယာဥ် (၉၄၅) စီး နှင့်အထူးစစ်ဆင်ရေးလေယာဥ် (၇၄၂) စီး ရှိနေပါတယ်။shwekhitonlinetv.com

အမေရိကန်တို့ရဲ့ ကြည်းတပ်မှာတော့ သံချပ်ကာတိုက်ယာဉ် (၃၉,၂၅၃) စီး၊ ရေတပ်တွင်လည်း အဖျက်သင်္ဘော (၉၁) စီး နှင့် လေယာဉ်တင်သင်္ဘောအစီး (၂၀) ပိုင်ဆိုင်ထားပြီး အကောင်းဆုံး ရေတပ်အစုအဖွဲ့ကို ပိုင်ဆိုင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်စစ်တပ်မှာတော့ စုစုပေါင်း တပ်သား (၁,၄၀၀,၀၀၀) ဦးတာဝန်ထမ်းဆောင်လျက်ရှိပါတယ်။shwekhitonlinetv.com

၂၀၂၀ ခုနှစ်အတွက် အမေရိကန်ရဲ့ စစ်သုံးဘတ်ဂျက်အားဒေါ်လာ (၇၅၀) ဘီလီယံခွဲတမ်းချထားခဲ့တယ်လို့သိရပါတယ်။shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …shwekhitonlinetv.com