ချောက်ကမ်းပါး ပေါ်မှာ တည်ဆောက်ထားတဲ့ လူနေအိမ်နှင့် အဆောက်အဦးများ

ပရိသတ်ကြီး ဒီတစ်ခါ ပြောပြပေးမယ့် အကြောင်းအရာကတော့ ချောက်ကမ်းပါး ပေါ်မှာ တည်ဆောက်ထားတဲ့ လူနေအိမ်နှင့် အဆောက်အဦးများ အကြောင်းပဲ ဖြစ်ပါတယ် ။ ဆောက်လုပ်ရေး ဗိသုကာ ပညာရှင်တွေဟာ မဖြစ်နိုင်တဲ့ ပထဝီဝင် အနေအထား တစ်ခုမှာ ဘယ်လိုပုံစံ နဲ့ ရအောင် ဖန်တီး တည်ဆောက်ပြသွားလဲ ဆိုတာ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ မြစ်ရဲ့ အလှအပကို ခံစားနိုင်ဖို့အတွက် ဆောက်ထားတဲ့ အိမ်

အခု ပထမဆုံး ပြောပြပေးမှာကတော့ အမေရိကန်နိုင်ငံ ၊ ဝါရှင်တန် မြို့ က Hood တောင်ပေါ်မှာ ဆောက်ထားတဲ့ အိမ်အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအိမ်ကိုတော့ (၂၀၁၅) ခုနှစ်မှာ ဆောက်လုပ်ခဲ့တာ ဖြစ်ကာ ဒီဇိုင်းဆွဲပေးတဲ့ ဗိသုကာ ပညာရှင်ကတော့ Giulietti/Schouten AIA က ရေးဆွဲထားတာပါ ။ ဆောက်လုပ်တဲ့ အခါမှာလည်း ဘေးပတ်ဝန်းကျင်က သစ်ပင်တွေ နဲ့ ကျောက်သားတွေကို အထိခိုက်နည်းအောင် စီစဉ်ခဲ့ပြီး သစ်သားအိမ် ပုံစံမျိုးကို အခြေခံယူပြီး ဆောက်ခဲ့တာ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၂ ။ စပိန်တောင်ကုန်း ပေါ်က အိမ်လေး

ဒုတိယ ပြောပြမယ့် အိမ်လေးကတော့ စပိန်နိုင်ငံက တောင်ကုန်းပေါ်မှာ ဆောက်ထားတဲ့ အိမ်လေးအကြောင်းပဲ ဖြစ်ပါတယ် ။ ဒီ အိမ်လေးရဲ့ ဒီဇိုင်းပုံစံကိုတော့ GilBartolomé ဗိသုကာ ပညာရှင်တွေက ရေးဆွဲထားခဲ့တာ ဖြစ်ပြီး ( ၄၂ ) ဒီဂရီ စောင်းနေတဲ့ Andalusian ကမ်းခြေက တောင်စောင်းလေး တစ်ခုပေါ်မှာ ဆောက်ထားတာပါ ။ ထူးခြားချက် တစ်ခုကတော့ မြေအောက်ခန်း တစ်ခန်း ပါ ပါဝင်ပြီး မြေဆီလွှာ ရဲ့ အပူချိန်ဟာ ( ၆၇ ) ဒီဂရီ ရှိတာကြောင့် တစ်နှစ်ပတ်လုံး သက်တောင့်သက်သာ နေနိုင်အောင် အထောက်အပံ့ပေးနိုင်တာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ ဗာဂျီးနီးယား တောင်ကုန်းပေါ်က အိမ်လေး

တတိယ ပြောပြမယ့် အိမ်လေးကတော့ ဗာဂျီးနီးယား ပြည်နယ် အနောက်ပိုင်းမှာရှိတဲ့ အိမ်လေး အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအိမ်လေးကိုတော့ Falling Waters အနားက တောင်စောင်းတစ်ခုမှာ ဆောက်ထားပြီး ဘေးပတ်ဝန်းကျင်က ရှုခင်းတွေရဲ့ အလှကို တတ်နိုင်သလောက် အနှောင့်အယှက် မဖြစ်အောင် ဒီဇိုင်းဆွဲပြီး ဖန်တီးထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် အိမ်ရဲ့ အရှေ့မျက်နှာပြင် တစ်ခုလုံးကို ခိုင်ခံ့တဲ့ မှန်တွေနဲ့ အလှဆင်ပေးထားကာ သဘာ၀ ပတ်ဝန်းကျင် နဲ့ သဟဇာတ ဖြစ်နေတဲ့ ပုံစံမျိုးလို့တောင် ပြောလို့ရပါတယ်။ နောက်တစ်ချက်က အခုမြင်နေရတဲ့ အိမ်လေးကို ဒီဇိုင်းဆွဲပြီး တည်ဆောက်ပေးထားတာကတော့ Wiedemann က ဗိသုကာ ပညာရှင်တွေပဲ ဖြစ်ပါတယ်တဲ့ ။ shwekhitonlinetv.com

၄ ။ သဘာ၀ အလှအပတွေကို ခံစားရနိုင်မယ့် အိမ်လေး

ဒီတစ်ခါ ပြောပြပေးမယ့်‌ အိမ်လေးကတော့ တောင်စောင်း ပေါ်မှာမှ ကိုယ်ပိုင် စိတ်တိုင်းကျ ပြင်ပြီး ဆောက်ထားတဲ့ အိမ်လေး အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအိမ်လေးကတော့  ဝါရှင်တန် ပြည်နယ်ထဲမှာ တည်ရှိ ပြီး ဘေးပတ်လည်မှာတော့ ကျွန်းစုလေးတွေ အပြင် အိုလံပစ်တောင်တန်း ရဲ့ အလှအပတွေကိုပါ ခံစားကြည့်ရှုနိုင်မှာပါ ။ ဒါ့အပြင် အိမ်ရဲ့ ဘေးပတ်ပတ်လည်တွေမှာ မြင့်မားတဲ့ သစ်ပင်များစွာ ဝန်းရံနေပြီး အတွင်းပိုင်းမှာတော့ အိပ်ခန်း ( ၂ ) ခန်း နဲ့ ရေချိုးခန်း တစ်ခန်း တို့ ပါဝင်ပါတယ် ။ နောက်ပြီး အိမ်အနောက်ဘက်မှာဆိုရင်လည်း ( ၂.၅ ) ဧက ကျယ်ဝန်းတဲ့ မြေကွက်လပ်ထဲမှာ တင်းနစ် ကွင်း နဲ့ ရေကူးကန် တစ်ခုကိုလည်း ထည့်သွင်း တည်ဆောက်ပေးထားပါသေးတယ် ။ shwekhitonlinetv.com

၅ ။  ကျောက်ဆောင်ပေါ်က အိမ်

အခုနောက်ဆုံး ပြောပြပေးမှာတော့ ကယ်လီဖိုးနီးယား ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်း က ကျောက်ဆောင် တစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီအိမ်ကိုတော့ ( ၁၉၆၄ ) ခုနှစ်တုန်းက တည်ဆောက်ခဲ့တာ ဖြစ်ပြီး အိမ်ထဲကနေ ကြည့်မယ်ဆိုရင် သမုဒ္ဒရာကြီးရဲ့ အလှအပကို ကောင်းစွာ မြင်ရတာကြောင့် ဒီအိမ်လေးကို  “Glass House” လို့ နာမည် ပေးခဲ့ပါတယ် ။ နောက်ပြီး အိမ်ရဲ့ အတွင်းပိုင်းမှာဆိုရင် အိပ်ခန်း ၊ ရေချိုးခန်း နဲ့ မီးဖိုချောင်ခန်းတို့ပါဝင်ပြီး တစ်ခြားသော အိမ်တွင်း အလှအဆင် ပစ္စည်းတွေလည်း ပါရှိပါသေးတယ် ။ လက်ရှိမှာတော့ ဒီအိမ်လေးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ( ၃.၉ ) သန်း တန်ကြေးရှိပါတယ်တဲ့ …. shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ချောက်ကမ်းပါး ပေါ်မှာ တည်ဆောက်ထားတဲ့ လူနေအိမ်နှင့် အဆောက်အဦးများ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com