ကမ္ဘာပေါ်က အချမ်းသာဆုံး သရုပ်ဆောင် (၈) ဦး

ဒီနေ့ ကမ္ဘာပေါ်မှာအချမ်းသာဆုံး သရုပ်ဆောင်တွေက ဘယ်သူတွေဖြစ်မလဲ ?

ဒီမေးခွန်းရဲ့ အဖြေကိုသိချင်သူတွေအတွက် နာမည်ကျော်ဖျော်ဖြေရေးမီဒီယာဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ wealthygorilla.com က (၂၀၂၀) ခုနှစ်အတွင်းမှာ ကမ္ဘာတစ်လွှားကသရုပ်ဆောင် တွေရဲ့ ဥစ္စာဓန ပိုင်ဆိုင်မှုတွေကို စစ်တမ်းကောက်ယူခဲ့ပါတယ်။ သူတို့ရဲ့ စစ်တမ်းတွေအရ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အချမ်းသာဆုံး သရုပ်ဆောင်တွေထဲက ထိပ်ဆုံး (၈) ဦးကတော့ …..  shwekhitonlinetv.com

၈။ Sylvester Stallone

ဒီစာရင်းရဲ့ နံပါတ် (၈) နေရာမှာရပ်တည်နေတာက ရမ်ဘိုမင်းသားကြီး စတားလုံး (Sylvester Stallone) ပဲဖြစ်ပါတယ်။ ဟောလိဝုဒ်ရဲ့ အနုပညာကြေးအမြင့်ဆုံး မင်းသားတွေထဲကတစ်ဦးဖြစ်တဲ့ စတားလုံးကတော့ အမေရိကန်ဒေါ်လာ သန်း (၄၀၀) လောက်ချမ်းသာကြွယ်ဝပါတယ်။ shwekhitonlinetv.com

၇။ Jack Nicholson

စာရေးဆရာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ သရုပ်ဆောင် အဖြစ်လူသိများတဲ့ ဂျက်နီကိုးလ်ဆင် (Jack Nicholson) ကလည်း အတော်လေးကို ချမ်းသာတဲ့သူဖြစ်ပါတယ်။ The Cry Baby Killer၊ The Raven နဲ့ The Shining ဇာတ်ကားတွေကတော့ သူ့ကိုလူသိများစေတဲ့ ဇာတ်ကားတွေပဲဖြစ်ပါတယ်။ သူကလည်း စတာလုံးလိုပဲ အမေရိကန်ဒေါ်လာ သန်း (၄၀၀) လောက် ကြွယ်ဝပါတယ်။ shwekhitonlinetv.com

၆။ Amitabh Bachchan

အိန္ဒိယမင်းသားကြီး အမီတာဘချန်း (Amitabh Bachchan) ကလည်း မြန်မာပရိသတ်တွေနဲ့ အထူးမိတ်ဆက်ဖို့မလိုတဲ့ ကမ္ဘာကျော်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ သူ့ကလည်း အမေရိကန်ဒေါ်လာသန်း (၄၀၀) ကျော်ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Mel Gibson

နာမည်ကျော် Braveheart ဇာတ်ကားကို ကိုယ်တိုင်ရိုက်ကူး၊ ကိုယ်တိုင်ထုတ်လုပ်၊ ကိုယ်တိုင်သရုပ်ဆောင်ခဲ့တဲ့ မဲလ်ဂစ်ဘ်ဆင် (Mel Gibson) ကလည်း မြန်မာပရိသတ်တွေနဲ့ သိပ်စိမ်းလှတဲ့သူမဟုတ်ပါဘူး။ ကမ္ဘာ့ရုပ်ရှင် အသိုင်းအဝိုင်းရဲ့ အမြင့်ဆုံးဂုဏ်ဒြပ်တစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံးဆုကို ပိုင်ဆိုင်ထားတဲ့ ဒီမင်းသားကြီးကလည်း အမေရိကန်ဒေါ်လာ (၄၂၅) သန်းလောက်ကြွယ်ဝချမ်းသာ လို့ ၂၀၂၀ ရဲ့ အချမ်းသာဆုံး သရုပ်ဆောင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ George Clooney

နာမည်ကျော် Ocean ဇာတ်ကားတွေ (Ocean’s Eleven၊ Ocean’s Twelve၊ Ocean Thirteen) ထဲက အဓိကဇာတ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျော့ကလူနေး (George Clooney) ကိုလည်း ပရိသတ်အတော် များများသိပြီးဖြစ်မှာပါ။ အပြင်လောကမှာ ကိန်းကြီးခန်းကြီးနိုင်ပြီး အကြွားသန်တဲ့သူလို့ လူပြောများတဲ့ ဒီမင်းသားကြီးရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာသန်း (၅၀၀) နီးပါးရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၃။ Tom Cruise

တွမ်ခရု (Tom Cruise) ကတော့ ဟောလိဝုဒ်မင်းသားတွေထဲမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် လို့ဆိုရင်မှားမယ် မထင်ပါဘူး။ ရုပ်ရည်ချောမောပြေပြစ်သလို သရုပ်ဆောင်မှုအပိုင်းမှာလည်း ထူးချွန်လွန်းတာကြောင့် တွမ်ခရုကို ကမ္ဘာ့ရုပ်ရှင်လောကရဲ့ ထာဝရအကောင်းဆုံးသရုပ်ဆောင်တစ်ဦးအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီလိုအောင်မြင်မှုတွေနဲ့ အတူရရှိခဲ့တဲ့ များစွာသောဝင်ငွေတွေက တွမ်ခရုကို ဒီစာရင်းရဲ့ အဆင့် (၃) နေရာမှာ ရပ်တည်စေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာသန်း (၅၇၀) အထိရှိပါတယ်။ shwekhitonlinetv.com

၂။ Shah Rukh Khan

ဘောလိဝုဒ်ရုပ်ရှင်လောကကို တစ်ကမ္ဘာလုံးကအထင်ကြီးလေးစားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အိန္ဒိယသရုပ်ဆောင်တွေထဲမှာ အထင်ရှားဆုံးကတော့ ရှာရွတ်ခန်း (Shah Rukh Khan) ပဲဖြစ်ပါတယ်။ “The King of Bollywood” လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ထိ အောင်မြင်ကျော်ကြားတဲ့ ရှာရွတ်ခန်းရဲ့ဝင်ငွေတွေက များပြားလွန်းတာကြောင့် ဒီစာရင်းမှာ ဟောလိဝုဒ်အကျော်အမော်တွေရဲ့ အထက်ကိုရောက်ရှိနေခဲ့တာဖြစ်ပါ တယ်။ ၂၀၂၀ ခုနှစ်စစ်တမ်းတွေအရ သူ့ရဲ့ကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာသန်း (၆၀၀) အထိရှိတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၁။ Jami Gertz

ဂျေမီဂါ့ဇ် (Jami Gertz) ကတော့ Twister၊ The Lost Boys၊ Quicksilver စတဲ့ နာမည်ကျော်ရု့ပ်ရှင်ဇာတ်ကား တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူမဟာ အနုပညာလုပ်ငန်းတွေအပြင် စီးပွားရေးနယ်ပယ်မှာပါ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နေပြီး အမေရိကန်ဘက်စကတ်ဘော (NBA) အသင်း Atlanta Hawks ကိုလည်းပူးတွဲပိုင်ဆိုင်ထားပါတယ်။ ၂၀၂၀ အတွင်းမှာ သူမရဲ့ပိုင်ဆိုင်မှုတွေက အမေရိကန်ဒေါ်လာ (၃) ဘီလီယံထိရောက်ရှိလာခဲ့တာကြောင့် ဒီစာရင်းမှာ ထိပ်ဆုံးက အပြတ်အသတ် ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။