ဂျပန်လူမျိုးတွေ နေ့စဥ် မပျက်မကွက် လုပ်လေ့ရှိကြတဲ့ အမူအကျင့်ကောင်းလေးများ

အခုတစ်ခါမှာတော့ Shwe Khit ပရိသတ်ကြီးကို ဗဟုသုတရစေမယ့် အကြောင်းအရာလေးတစ်ခုနဲ့ ပြောပြပေးချင်ပါတယ် ။ ဒါကတော့ ဂျပန်လူမျိုးတွေ နေ့တိုင်း မပျက်မကွက်လုပ်လေ့ရှိကြတဲ့ အမူအကျင့်ကောင်းလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေမှာ ဘယ်ဟာတွေကို မပျက်မကွက် လုပ်ကြလဲဆိုတာကတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် ။ shwekhitonlinetv.com

၁။ သန့်စင်ခန်းထဲကို ဝင်ဖို့အတွက် သီးသန့် ခြေညှပ်ဖိနပ်ထား ထားပါတယ် ။

ဂျပန်လူမျိုးတွေမှာ ဘက်တီးရီးယား သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းဖို့အတွက် ထူးထူးခြားခြား နည်းလမ်းတွေ မရှိပါဘူး ။ အဓိက ကတော့ သူတို့ အိမ်ရဲ့ သန့်စင်ခန်း အဝင်၀မှာ ခြေညှပ်ဖိနပ်လေးတွေကို ထားပေးပါတယ် ။ ဒီလို လုပ်ခြင်းအားဖြင့် ဘက်တီးရီးယား ပိုးမွှားတွေကို ကာကွယ်စေနိုင်တဲ့ အပြင် တစ်ကိုယ်ရည် သန့်ရှင်းမှုကိုလည်း အထောက်အကူပြုနိုင်ပါတယ်နော်။ မြန်မာနိုင်ငံထဲက အိမ်တော်တော်များများမှာလည်း ဒီလို အမူအကျင့်ကောင်းလေးတွေကို တွေ့ရမှာပါ  ။ shwekhitonlinetv.com

၂။ အပြင်က ပြန်လာပြီးတိုင်း လက်ဆေးရုံတင်မဟုတ်ပဲ လည်ချောင်းကိုပါ သန့်ရှင်းရေးလုပ်ပါတယ် ။

ဂျပန်လူမျိုးတွေ အတွက်ကတော့ Ugai လို့ခေါ်တဲ့ ပလုတ်ကျင်းတာဟာ လက်ဆေးသလောက်နီးပါးကို အရေးကြီးတယ်လို့ ခံယူထားကြပါတယ် ။ ဒီလို အမူအကျင့်ကို ဂျပန်လူမျိုးတွေဟာ အိမ်မှာတင်မဟုတ်ပဲ စျေးဝယ်စင်တာတွေထဲမှာလည်း လုပ်လေ့ရှိပါတယ် ။ ရောက်တဲ့ နေရာတိုင်းမှာ အခုလို ပလုတ်ကျင်းဖို့အတွက် သန့်စင်ဆေးရည်ကို နေရာတိုင်းမှာ ဝယ်ယူနိုင်ပြီး ပူနွေးတဲ့ ရေ နဲ့လည်း ကျင်းနိုင်ပါသေးတယ် ။ shwekhitonlinetv.com

၃။ အိမ်ကို ဧည့်သည်လာတဲ့ အခါ ခြေညှပ်ဖိနပ် အသစ်တစ်ရံပေးပါတယ် ။

ဂျပန်နိုင်ငံရဲ့ ရိုးရာဓလေ့အရ အိမ်တစ်အိမ်ကို အလည်သွားမယ်ဆိုရင် ဖိနပ်ချွတ်ပြီးမှ အိမ်ထဲ ဝင်လေ့ရှိပါတယ် ။ ဒီ့နောက်မှာတော့ အိမ်ရှင်ဖြစ်သူက ဧည့်သည်ကို အိမ်ထဲမှာ စီးဖို့အတွက် ခြေညှပ်ဖိနပ် ပေးပြီး ဧည့်သည်ပြန်သွားတဲ့အချိန်မှာတော့ ဒီဖိနပ်ကို ပြန်မသုံးပဲ လွှင့်ပစ်လေ့ရှိပါတယ်။ shwekhitonlinetv.com

၄။ အများသုံး သန့်စင်ခန်းတွေမှာ တစ်ခါသုံးထိုင်တဲ့ ပစ္စည်းအစား ပိုးသတ်ဆေးနဲ့ သန့်ရှင်းရေးလုပ်ကြပါတယ်။

ဂျပန်နိုင်ငံမှာဆိုရင် အများသုံး သန့်စင်ခန်းတွေမှာ တစ်ခါသုံး ထိုင်လို့ရတဲ့ ပစ္စည်းတွေကို တွေ့ရမှာ မဟုတ်ပါဘူး ။ အဲ့ဒီအစား ဂျပန်လူမျိုးတွေဟာ တစ်သျူးကို ယူပြီး သန့်စင်ခန်းထဲမှာထည့်ထားတဲ့ ပိုးသတ်ဆေးကို အိမ်သာထိုင်မယ့် တစ်ဝိုက်ကို ဖျန်းကာ သန့်ရှင်းရေး အရင်လုပ်လေ့ရှိပါတယ် ။ shwekhitonlinetv.com

၅။ ဂျပန် လူမျိုးတွေဟာ Supermarket က ဝယ်လာတဲ့ ဟင်းသီးဟင်းရွက်တွေကို ရေဆေးလေ့မရှိပါဘူး ။

အချက်အလက်တွေ အရ ဂျပန်နိုင်ငံက  Supermarkets တွေမှာ တင်ရောင်းတဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဆေးကြောပြီး အသင့်စားသုံးလို့ရအောင် ထုတ်ပိုးပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ရောင်းချတဲ့ အစားအစာတွေရဲ့ သန့်ရှင်းမှု နဲ့ အရည်အသွေးကိုလည်း ဂရုတစိုက် စောင့်ကြည့်ပါသေးတယ်တဲ့ ။ shwekhitonlinetv.com

ဥပမာ အနေနဲ့ တစ်ကယ်လို့ သင်ဟာ ငွေရှင်းကောင်တာကို ပစ္စည်းတစ်ခုမှားပြီး ယူလာရင် ပြန်သွားထားလို့မရပါဘူး ။ ဒီလိုအခြေအနေမျိုးမှာ ဆိုင်က ဝန်ထမ်းတွေဟာ မှားယူလာတဲ့ ပစ္စည်းကို ပိုးသတ်ဆေး ပြန်ဖြန်းတာ ( ဒါမှမဟုတ် ) လွှင့်ပစ်လိုက်လေ့ရှိပါတယ် ။ အကြောင်းကတော့ တစ်ခြား ပစ္စည်းတွေကိုပါ ဘက်တီးရီးယားတွေ မကပ်မိစေဖို့ပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ဂျပန်လူမျိုးတွေ နေ့တိုင်းလုပ်လေ့ရှိကြတဲ့ အမူအကျင့်ကောင်း အချို့ကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။