ကမ္ဘာပေါ်က အအိပ်အကြီးဆုံး သတ္တဝါ (၉) မျိုး

ပုံမှန်လူသားတွေအတွက်တော့ တစ်နေ့ကို အိပ်စက်ချိန် (၈) နာရီရှိရင် လုံလောက်တယ်လို့ သုတေသီတွေကဆိုပါတယ်။ ဒါဟာ လူသားတွေအားလုံးအတွက်မှန်ကန်နိုင်ပါ့မလား။ လူသားတွေအတွက် ဒီအဆိုက မှန်မမှန် မသိနိုင်ပေမယ့် အခုဖော်ပြပေးမယ့် သတ္တဝါလေးတွေအတွက်တော့ မှန်ကန်နိုင်မယ်လို့မထင်ပါဘူးနော် ….. shwekhitonlinetv.com

၉။ Tree Shrew – (15)

အရှေ့တောင်အာရှဒေသ အပူပိုင်းသစ်တောတွေထဲက သစ်ပင်တွေပေါ်မှာနေတဲ့ ကြွတ်စုတ်တစ်မျိုးဖြစ်ပါတယ်။ သူတို့တွေဟာ တစ်နေ့ကို (၁၅) နာရီကျော်ကျော်အိပ်စက်လေ့ရှိတဲ့ သတ္တဝါလေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Tiger – (15) to (16)

ကျားတွေကတော့ ကမ္ဘာ့နေရာအနံ့အပြားမှာတွေ့ရတက်တဲ့ တောရိုင်းသတ္တဝါတွေဖြစ်ပါတယ်။
ကျားတွေဟာလည်း တစ်နေ့ကို (၁၅) နာရီကနေ (၁၆) နာရီ အထိအိပ်စက်တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ Human Infant – (16)

နို့စို့အရွယ် မွေးကင်းစ ကလေးပိစိလေးတွေကလည်း တစ်နေ့ကို (၁၆) နာရီဝန်းကျင်လောက် အိပ်စက်လေ့ရှိပါတယ်။ shwekhitonlinetv.com

၆။ Owl Monkey – (17)

တောင်အမေရိကတိုက်က အပူပိုင်းမိုးသစ်တောတွေမှာတွေ့ရတဲ့ မျောက်တစ်မျိုးပါ။ ညဘက်မှာ အစာရှာထွက်လေ့ရှိပြီး Owl Monkey (မျောက်ဇီးကွက်)၊ Night Monkey စသဖြင့်ခေါ်ဝေါ်ကြပါတယ်။ သူတို့တွေဟာလည်း တစ်နေ့ကို (၁၇) နာရီလောက် အိပ်ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Opossum – (18)

မြောက်အမေရိကတိုက်မှာ အတွေ့ရများပြီး သြစတြေးလျတိုက်မှာလည်း မြင်တွေ့ရတက်တဲ့အပင်နေကြွက်တစ်မျိုးဖြစ်ပါတယ်။ တစ်နေ့ကိုအနည်းဆုံး (၁၈) နာရီလောက်အိပ်စက်ကြသလို အရွယ်နဲ့ မလိုက်အောင်လှုပ်ရှားမှုက လေးကွေးလှပါတယ်။ shwekhitonlinetv.com

၄။ Python – (18)

စပါးအုန်းမြွေတွေဟာလည်း အတော်လေးကို အအိပ်ကြီးတယ်လို့ ဆိုရမှာပါ။ သူတို့ဟာ တစ်နေ့ကို (၁၈) နာရီကနေ နာရီ (၂၀) လောက်ထိ အိပ်စက် အနားယူတက်တဲ့ တွားသွားသတ္တဝါတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Giant Armadillo – (18)

သင်းခွေချပ် မျိုးစိတ်တစ်မျိုးဖြစ်ပြီး သာမန်အကောင်တွေထက် အရွယ်အစားကြီးမားတဲ့ သတ္တဝါမျိုးတွေပါ။ လက်တင်အမေရိကဒေသတွေမှာ အတွေ့ရများတဲ့ ဒီသတ္တဝါတွေကလည်း တစ်နေ့ကို (၁၈) နာရီနဲ့ အထက်အိပ်စက်ကြပါသတဲ့။ shwekhitonlinetv.com

၂။ Sloth – (20)

Sloth တွေကိုတော့ မြန်မာအခေါ် မျောက်မောင်းမ ဆိုပြီး လူသိများပါတယ်။ မျောက်မျိုးနွယ်ဝင်တွေဖြစ်ပေမယ့် အလွန်တရာ နှေးကွေးလေးလံပြီး တစ်နေ့လုံးနေမှ သစ်ကိုင်း (၃) ၊ (၄) ကိုင်းလောက်သာ ကူးသန်းသွားလာလေ့ရှိတဲ့ အကောင်တွေပါ။ သူတို့ရဲ့ အိပ်စက်ချိန်ကတော့ တစ်နေ့ကို အနည်းဆုံး နာရီ (၂၀) ရှိပါတယ်။ shwekhitonlinetv.com

၁။ Koala – (20) to (22)

သြစတြေးလျတိုက်မှာ အများအပြားတွေ့ရတက်တဲ့ အမွှေးပွပွ ချစ်စဖွယ်အကောင်လေးတွေပဲဖြစ်ပါတယ်။ သူတို့လေးတွေကိုတော့ ကမ္ဘာ့အပျင်းအကြီးဆုံးသတ္တဝါလေးတွေအဖြစ် တညီတညွတ်တည်း သတ်မှတ်ထာကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကတစ်နေ့ကို နာရီ (၂၀) ကနေ (၂၂) နာရီလောက်ထိအိပ်စက်နေကြလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်