ရွှေတွေ၊ စိန်တွေ အများကြီး ဆင်မြန်းပြီး ကျင်းပခဲ့တဲ့ မင်္ဂလာပွဲ ၅ ပွဲ အ​ကြောင်း

Shwe Khit ပရိသတ်ကြီးကို အခုတစ်ခါပြောပြပေးချင်တာကတော့ ရွှေတွေစီခြယ်ပြီး ခမ်းခမ်းနားနား ကျင်းပခဲ့တဲ့ နာမည်ကြီး မင်္ဂလာဆောင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီမင်္ဂလာပွဲတွေမှာဆိုရင် တော်ဝင် မင်္ဂလာ အခမ်းအနားနဲ့  မီလျံနာတွေ ၊ နာမည်ကြီး Celebrity တွေရဲ့ မင်္ဂလာပွဲတွေ ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်မင်္ဂလာပွဲက ရွှေတွေကို ပေါပေါသီသီ သုံးထားလဲဆိုတာကတော့ ပုံတစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁ ။ ဆော်ဒီ မင်းသမီး လက်ထပ်ပွဲ

ဆော်ဒီ အာရေဗျ ဘုရင် ကြီး အဗ္ဗဒူလာ ကတော့ သူ့သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်ကို ရွှေရောင်တလက်လက် နဲ့ ကျင်းပပေးခဲ့တာပါ ။ သတင်းတွေအရ မင်းသမီးဝတ်တဲ့ သတို့သမီး ဝတ်စုံ တစ်ခုတည်းရဲ့ တန်ကြေးဟာ ဒေါ်လာ ( ၃၀၀၀၀၀၀၀) ကျော် တန်ကြေးရှိပါတယ် ။ ဝတ်စုံတစ်ခုလုံးကိုတေယ‌ြ  ရွှေနဲ့ ပြုလုပ်ထားကာ ပိရမစ်ပုံစံ မျိုး ဖြစ်အောင် ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ် ။ ဒါတင်မကသေးပဲ ဆော်ဒီဘုရင်ကြီးဟာ သူ့ရဲ့ သမီးတော်စုံတွဲအတွက် ရွှေတွေနဲ့ချည်း ပြုလုပ်ထားတဲ့ ဘိုထိုင် အိမ်သာတစ်ခုကိုလည်း လက်ဖွဲ့ပေးခဲ့ပါသေးတယ်တဲ့…. shwekhitonlinetv.com

၂ ။ ဘရူနိုင်းမင်းသားရဲ့ လက်ထပ်ပွဲ

နောက်ထပ် နာမည်ကြီး မင်္ဂလာပွဲတစ်ခုကတော့ ဘရူနိုင်း မင်းသားရဲ့ တော်ဝင် မင်္ဂလာပွဲ အကြောင်းပဲ ဖြစ်ပါတယ် ။ ဒီမင်္ဂလာဆောင်ဟာဆိုရင် ကမ္ဘာပေါ်မှာ ကုန်ကျစရိတ်အများဆုံး မင်္ဂလာပွဲတွေထဲက တစ်ခုအဖြစ်လည်း စာရင်းဝင်ထားပါသေးတယ် ။ မင်္ဂလာပွဲအတွင်းမှာဆိုရင် သတို့သား နဲ့ သတို့သမီးတို့ဟာ ပွဲလာတဲ့သူတွေကို ရွှေသားစစ်စစ်ဖြင့် ဖန်တီးထားသော ပလ္လင်ပေါ်မှာ ထိုင်ပြီး ဧည့်ခံခဲ့ပါတယ် ။ နောက်တစ်ခါမှာတော့ သတို့သမီးဟာ သူမရဲ့ အနာဂတ်ခင်ပွန်းလောင်းကို စောင့်နေတဲ့ အချိန်အတွင်း လာပေးတဲ့ စိန် ၊ရွှေ စီခြယ်ထားသော ပန်းစည်းကို လက်ခံရယူပါတယ် ။ ဒါ့အပြင် သတို့သမီး ဝတ်ဆင်တဲ့ ဖိနပ်ဟာ ရွှေသားစစ်စစ်တွေ အပြင် တန်ဖိုးကြီး ကျောက်မျက်ရတနာတွေကို စုပေါင်းပြီး စီခြယ်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၃ ။ အဘီရှစ်ခ် ဘချမ်း တို့ရဲ့ လက်ထပ်ပွဲ

ဒီတစ်ခါ ပြောပြမယ့် မင်္ဂလာပွဲကတော့ ဘောလိ၀ုဒ် စတားနှစ်ဦးဖြစ်တဲ့ အဘီရှစ်ခ် ဘချမ်း နဲ့ အက်ရှ်ဝါရာရိုင်း တို့ရဲ့ မင်္ဂလာ လက်ထပ်ပွဲ အကြောင်းပဲ ဖြစ်ပါတယ်။ ထို လက်ထပ်ပွဲမှာ ဆိုရင် အက်ရှ်ဝါရာရိုင်း ဝတ်ဆင်တဲ့ သတို့သမီး ဝတ်စုံ လူတော်တော်များများ ပြောစမှတ် တွင်အောင် နာမည်ကြီးခဲ့တာပါ ။ သတို့သမီး ဆာရီ ဝတ်စုံတစ်ခုလုံးဟာ ရွှေတွေနဲ့ ချည်း ဖန်တီးထားကာ သတို့သမီးရဲ့ အပြင်အဆင် လက်ဝတ်ရတနာတွေ အကုန်လုံးကိုလည်း ကျောက်မျက်ရတနာတွေ နဲ့ စီခြယ်ပေးထားပါသေးတယ် ။ shwekhitonlinetv.com

၄ ။ ဘက်ခ်တဝါ ဘူတို တို့ရဲ့ လက်ထပ်ပွဲ

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတိုရဲ့ သမီးဖြစ်သူ မင်္ဂလာပွဲ အခမ်းအနားကလည်း နာမည်ကြီး ထင်ရှားတဲ့ မင်္ဂလာပွဲတွေ ထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ် ။ ဘက်ခ်တဝါ ဘူတို ရဲ့ လက်ထပ်ပွဲမှာဆိုရင် သူမ ဝတ်ဆင်ခဲ့တဲ့ သတို့သမီး ဝတ်စုံဟာဆိုရင် ရွှေ ၊ ဆင်စွယ်နဲ့ စိန်တို့ကို ပေါင်းစပ် ဖန်တီးပေးထားတာပါ ။ ထိုဝတ်စုံကို ဖန်တီးခဲ့စဉ်တုန်းကဆိုရင် ဒီဇိုင်းနှင့် လက်မှုပညာရှင် (၄၅ ) ယောက်လောက် ပူးပေါင်းပြီး နာရီပေါင်း ( ၇၀၀၀ ) ကျော်ကြာ ဖန်တီးထားတယ်လို့လည်း သိရပါတယ် ။ ဒါ့အပြင် ဝတ်စုံတစ်ခုလုံးကို ကျောက်မျက်ရတနာတွေနဲ့ အနုစိတ် စီခြယ်ထားကာ မြင်သူတိုင်း ရှုမောခဲ့ရတဲ့ လက်ရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ် ။ shwekhitonlinetv.com

၅ ။ Vanisha Mittalတို့ရဲ့ မင်္ဂလာ လက်ထပ်ပွဲ

အခုဖော်ပြပေးမယ့် မင်္ဂလာပွဲကတော့ ကမ္ဘာပေါ်မှာ ကုန်ကျစရိတ်အများဆုံး အဖြစ် စာရင်းဝင်ထားတဲ့ မင်္ဂလာပွဲအကြောင်းပဲ ဖြစ်ပါတယ်။ အိန္ဒိယ ဘီလျံနာတစ်ဦးရဲ့ သမီးဖြစ်သူ Vanisha Mittal တို့ရဲ့ မင်္ဂလာဆောင်ဟာဆိုရင် ( ၆ ) ရက်ဆက်တိုက် ကျင်းပခဲ့တာပါ ။ စာရင်းဇယားများအရ မင်္ဂလာပွဲကျင်းပတဲ့ ကုန်ကျစရိတ် စုစုပေါင်းဟာ ယူရို ( ၆၀ မီလျံ ) ကျော် ကုန်ကျခဲ့တယ်လို့လည်း သိရပါတယ်။ ( ၆ ) ရက်ဆက်တိုက်ကြာ ကျင်းပခဲ့တဲ့ ဒီမင်္ဂလာပွဲမှာဆိုရင် သတို့သမီးရဲ့ ဝတ်စုံတိုင်းဟာ တန်ဖိုးကြီး ကျောက်မျက်ရတနာတွေ နဲ့သာ စီခြယ်ထားတာဖြစ်ပြီး ရိုးရာ ယဉ်ကျေးမှု သတို့သမီး ဝတ်စုံ ပုံစံအမျိုးမျိုးကိုမှ တန်ဖိုးကြီးမားတဲ့ ရတနာတွေနဲ့ ပေါင်းစပ် ပုံဖော်ပေးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ ကမ္ဘာအနှံ့က ရွှေတွေ စိန်တွေ စီခြယ်ပြီး ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင်ပွဲတွေ အကြောင်းကို စုစည်းဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး ထူးထူးဆန်းဆန်း အကြောင်းအရာတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com