အချိန်အကြာကြီး နားကြပ် တပ်ထားသူတွေ ခံစားရမယ့် ဆိုးကျိုးများ

လူသားတွေဆိုတာကတော့ အရွယ်သုံးပါးမရွေး ဂီတကိုအနည်းနဲ့အများ ခံစားတက်ကြတဲ့ သက်ရှိတွေပဲဖြစ်ပါတယ်။ ဝါသနာအရတစ်ချို့က အရူးအမူးဖြစ်ကြတာမျိုးတွေ ရှိသလို သာမန်လောက်ပဲ သဘောထားကြသူတွေလည်းရှိနေပြန်ပါတယ်။ shwekhitonlinetv.com

ဂီတသံစဉ်တွေကို ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်အတွက် အချိန်ပြည့် သီချင်းနားထောင်တာမျိုးကလည်း မဆန်းလှပါဘူး။ ဒါပေမယ့် ဒီလ ဂီတနှစ်သက်သူတွေအတွက် ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ အချက်အလက်တွေကလဲအများအပြားရှိနေပါတယ်။ shwekhitonlinetv.com

ဂီတကိုခံစားရာမှာ အရေးအကြီးဆုံးကိုယ် ခန္ဓာအစိတ်အပိုင်းက နား ပဲဖြစ်ပါတယ်။ ဒါကြောင့်အခု ဆောင်းပါးလေးမှာအချိန်ပြည့် နားကြပ်နဲ့သီချင်းနားထောင်သူတွေ ခံစားရနိုင်တဲ့ ဝေဒနာလေးတွေကို Shwe Khit ပရိသတ်ကြီးအနေနဲ့ သတိပြုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ shwekhitonlinetv.com

၁။ အကြားအာရုံ ထာဝရဆုံးရှုံးခြင်း

Headphones အမျိုးအစား အားလုံးနီးပါက သင့်ရဲ့နားထဲကို မြင့်မားတဲ့ဒက်ဆီဘယ်ပမာဏ နဲ့ တိုက်ရိုက် ထိတွေ့စေနိုင်တယ်လို့သိရပါတယ်။ (90 decibels) ထက်ကျော်တဲ့ အသံအတိုင်းအတာက အကြားအာရုံကို ဆိုးရွားစွာထိခိုက်စေနိုင်ပြီး ရေရှည်မှာ နားမကြားတော့တဲ့ အထိခံစားရနိုင်ပါတယ်။ shwekhitonlinetv.com

တကယ် လို့ (100 decibels) ထက်ကျော်တဲအသံနှုန်းနဲ့ (၁၅) မိနစ်လောက်နားထောင်မယ်ဆိုရင် ဒီဝေဒနာကို ခပ်မြန်မြန်ခံစားရမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒါ့ကြောင့် ကိုယ်က Headphone ကိုအမြဲတစေ အသုံးပြုတတ်တယ်ဆိုရင်တော့ အသံအကျယ်ကြီးဖွင့်ပြီး နားမထောင်ဖို့သတိပြုသင့်ပါတယ်။ shwekhitonlinetv.com

၂။ နားကိုက်ခြင်း

နောက်ထပ်အဖြစ်များတဲ့ ဝေဒနာကတော့ နားကိုက်တာပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ ဒါမှမဟုတ် နားရဲ့ဟိုးအတွင်းကစူးကနဲ နာကျင်ကိုက်ခဲတာတွေ ကိုလည်းခံစားရတာမျိုးတွေကိုလည်း ခံစားရတတ်ပါတယ်။ shwekhitonlinetv.com

၃။ နားထဲပိုးဝင်ခြင်း

နားကြပ်ဆိုတာက တစ်ကိုယ်ရည်သုံးစွဲဖို့ပဲသင့်တော်တဲ့ ပစ္စည်းမျိုးဖြစ်ပါတယ်။ နားကြပ်တစ်ခုတည်းကိုမျှဝေ သုံးစွဲတာက ကောင်းတဲ့အမူအကျင့်တစ်ခုမဟုတ်တာကို သတိပြုသင့်ပါတယ်။ ဘက်တီးယားပိုးတွေဟာ နားထဲကိုနားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့လွယ်ပါတယ်။ ဒီလို သတိမမူဘဲ ပြုလုပ်တာလေးကနေ နားထဲပိုးဝင်ခြင်းလို ဝေဒနာတွေ ရရှိစေနိုင်ပါတယ်။ shwekhitonlinetv.com

၄။ လေဝင်လေထွက် လမ်းကြောင်းပိတ်စေခြင်း

နားထဲကို နားကြပ်ထိုးထည့်ထားတာဟာ နားရဲ့လေဝင်လေထွက်လမ်းကြောင်းတွေကို ပိတ်ဆို့လိုက်သလို ဖြစ်စေပါတယ်။ လေအဝင်အထွက်မရှိရင် အသံလုံပြီး သီချင်းတွေက ပိုနားထောင်ကောင်းတယ်လို့ဆိုပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဆိုးကျိုးတွေများပါတယ်။ အများဆုံးဖြစ်လေ့ရှိတာကကတော့ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ နားလေးခြင်း စတဲ့ ဝေဒနာတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ အကြားအာရုံ ခေတ္တပျောက်ဆုံးခြင်း

တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံ ခေတ္တပျောက်ဆုံးတာမျိုးဖြစ်တက်ပါတယ်။ အဲ့လိုဖြစ်တာက ခဏနေရင်တော့ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက ဖြစ်ပါများလာရင် တကယ်နားမကြားတော့တဲ့အထိ အန္တရာယ်များလွန်းတယ်ဆိုတာကို သတိထားသင့်ပါတယ်။ shwekhitonlinetv.com

၆။ ဦးနှောက်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်ခြင်း

သုတေသန စစ်တမ်းတွေအရဆိုရင်တော့ Headphone တွေဆီကထုတ်လွှတ်လိုက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့ ထိခိုက်စေနိုင်တယ်လို့သိရပါတယ်။ အန္တရာယ်တွေ ဖြစ်လာစေ နိုင်ပါတယ်။ ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ဆေးပညာအထောက်အထား တော့မရှိသေးပါဘူးဆိုပေမယ့်လည်း သတိထားတာက မှားမယ်မထင်ပါဘူး။ shwekhitonlinetv.com

၇။ အသက်အန္တရာယ်နီးတဲ့ မတော်တဆမှုတွေ

အခုနောက်ပိုင်းမှာ လူငယ်တစ်ချို့ဟာ နားကြပ်တပ်ရင်း လမ်းသွားတာမျိုးတွေကြောင့် မတော်တဆဖြစ်မှုတွေကိုလည်း မြင်ရကြားရလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မကြားနိုင်တဲ့ သူတွေဟာ ဒီလိုဖြစ်ရပ်တွေမှာ သားကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်လမ်းသွားလမ်းလာတဲ့ အခါမျိုးမှာ နားကြပ်တပ်မယ်ဆို အန္တရာယ်များတာကြောင့် ရှောင်ရှားကြဖို့တိုက်တွန်းလိုပါတယ်။ shwekhitonlinetv.com

ဒီစာလေးကို အဆုံးထိကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးအယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော် …

Shwe Khit Online TV မှ​ ရေးသားတင်ဆက်ပါသည်။