ကမ္ဘာတစ်လွှားက သြဇာကြီးမားပြီး ထင်ရှားတဲ့ အမျိုးသမီးခေါင်းဆောင် (၁၀) ဦး

ဒီနေ့ကမ္ဘာမှာ သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ်ရပ်တည်နေကြတဲ့ နိုင်ငံအရေအတွက်ကတော့ (၂၀၀) ကျော်အထိရှိလာပြီဖြစ်ပါတယ်။ ဒီနိုင်ငံတွေထဲက အများစုကတော့ အမျိုးသားခေါင်းဆောင်တွေသာ အုပ်ချုပ်နေတဲ့ နိုင်ငံဖြစ်ပြီး အမျိုးသမီးတွေဦးစီးဦးရွက်ပြု ခေါင်းဆောင်လုပ်နေတဲ့ နိုင်ငံတွေကတော့ အတော်လေးကို နည်းပါးလှပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း အမျိုးသမီးခေါင်းဆောင်တွေထဲမှာ သာမန်အမျိုးသားခေါင်းဆောင်တွေထက်တောင် သြဇာတိက ကြီးမားပြီးမိမိနိုင်ငံရဲ့ ပြည်သူတွေအပေါ်လွှမ်းမိုးနိုင်ရုံသာမက ကမ္ဘာနဲ့ချီပြီးတောင်မှ ထင်ရှားကျော်ကြားလှသူတွေလည်း ရှိနေပါတယ်။ ဒီနေ့ ဆောင်းပါးလေးမှာတော့ အဲ့ဒီထဲက အထင်ရှားအကျော်ကြားဆုံး (၁၀) ဦးကို ရွေးချယ်ဖော်ပြလိုက်ရပါတယ်။ shwekhitonlinetv.com

၁၀။ ကတ်ထရင်ဂျာကော့စ်ဒေါ့စ်တီယာ (Katrin Jakobsdottir) – အိုက်စလန်

ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလတုန်းက ရွေးကောက်ပွဲမှာအနိုင်ရရှိပြီး အိုက်စလန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ရာထူးကို ရရှိခဲ့တဲ့ သူမကတော့ အသက် (၄၅) နှစ်သာရှိသေးတဲ့သူဖြစ်ပါတယ်။ သူမဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိလည်း အိုက်စလန်နိုင်ငံရဲ့ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုဌာနရဲ့ ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ နောက်ပြီး Left-Green Movement ပါတီရဲ့ ဥက္ကဌ လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ အန်နာဘာနာဗစ် (Ana Brnabic) – ဆားဘီးယား

အန်နာ ဘာနာဗစ်ကတော့ ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆားဘီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်ပဲဖြစ်ပါတယ်။ သူမဟာ ဒီရာထူးကို ၂၀၁၇ ဇွန်လကတည်းကစတင်တာဝန်ယူခဲ့တာ့ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီး၊ ပြည်သူ့စီမံခန့်ခွဲရေးနဲ့ ဒေသန္တရအုပ်ချုပ်ရေးဝန်ကြီး တွေအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သူမရဲ့ အသက်က (၄၅) နှစ်ရှိပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဆိုင်းအင်ဝမ် (Tsai Ing-Wen) – ထိုင်ဝမ်

ထိုင်ဝမ်နိုင်ငံ သမ္မတဖြစ်တဲ့ သူမကလည်း တရုတ်ပြည်မအထိပါ သြဇာသက်ရောက်မှု ရှိတဲ့သူလို့သိရပါတယ်။ လက်ရှိအချိန်မှာ အသက် (၆၄) နှစ်ရှိပြီဖြစ်တဲ့ သူမဟာ နိုင်ငံရေးလောကမှာ ကျင်လည်ခဲ့တာကတော့ ဆယ်စုနှစ် (၂) ခုကျော်ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ ထိုင်ဝမ်သမ္မတရာထူးကိုတော့ (၂၀၁၆) ခုနှစ်မှာ စတင်ထမ်းဆောင်ခဲ့တာပါ။ shwekhitonlinetv.com

၇။ ဘစ်ဟာဘန်ဒါရီ (Bidhya Bhandari) – နီပေါ

အသက် (၆၀) ရှိပြီဖြစ်တဲ့ ဘစ်ဟာဘန်ဒါရီကတော့ နီပေါနိုင်ငံရဲ့ သမ္မတဖြစ်ပါတယ်။ သူမဟာ နီပေါနိုင်ငံရဲ့ ဒုတိယမြောက်သမ္မတ အဖြစ် (၂၀၁၅) ခုနှစ်ကနေ ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်ပြီး ယခင်ကလည်း ကာကွယ်ရေးဝန်ကြီး၊ လူဦးရေနှင့်ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီး တာဝန်တွေကိုလည်း ရယူခဲ့ဖူး တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ ဆာရာကူးဂွန်ဂျယ်လ်ဝါ (Saara Kuugongelwa) – နမီးဘီးယား

အသက် (၅၃) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ နမီးဘီးယား နိုင်ငံရဲ့ ဝန်ကြီးချုပ် ဆာရာကူးဂွန်ဂျယ်လ်ဝါကတော့ နမီးဘီးယား နိုင်ငံမှာတင်မကဘဲ နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ အတော်လေးကို ပေါက်ရောက်တဲ့သူလို့ သိရပါတယ်။ သူမဟာ နမီးဘီးယားနိုင်ငံရဲ့ (၅) ဦးမြောက်ဝန်ကြီးချုပ်အဖြစ် (၂၀၁၅) ခုနှစ်ကတည်းက လက်ရှိအချိန်အထိ တာဝန်ယူထားတာဖြစ်ပြီး ယခင်ကလည်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် (၁၂) နှစ်လောက် တာဝန်ထမ်းဆောင်ဖူးတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ရှိတ်ခ်ဟာဆီနာ (Sheikh Hasina) – ဘင်္ဂလားဒေ့ရှ်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဖြစ်တဲ့ ရှိတ်ခ်ဟာဆီနာကတော့ (၂၀၀၉) ခုနှစ်ကတည်းကနေ ယနေ့အချိန်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးချုပ်ရာထူးကို ရယူထားတဲ့သူဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အတိုက်အခံပါတီရဲ့ ခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့တဲ့ သူမဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Awami League ပါတီရဲ့ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၇၃) နှစ်ရှိပြီဖြစ်ပြီး အာရှမှာသာမက နိုင်ငံတကာ အသိုင်းအဝိုင်းအထိပါ ပေါက်ရောက်တဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ အာနာဆောလ်ဘာ့ဂျ် (Erna Solberg) – နော်ဝေး

အသက် (၆၀) ရှိပြီဖြစ်တဲ့သူမကတော့ နော်ဝေးနိုင်ငံရဲ့ (၃၉) ဦးမြောက် ဝန်ကြီးချုပ်ပဲဖြစ်ပါတယ်။ သူမကလည်း စကန်ဒီနေးဗီးယန်း နိုင်ငံတွေအကြားမှာ အတော်လေးကို သြဇာရှိတဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်ကတည်းကနေ လက်ရှိအချိန်အထိ နော်ဝေးနိုင်ငံရဲ့ ဝန်ကြီးချုပ် ရာထူးကိုရယူထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ အောင်ဆန်းစုကြည် (မြန်မာ)

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံးသမီးဖြစ်ပြီးတော့ ၂၀၁၆ ခုနှစ် ကနေ ယနေ့အထိ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ လက်ရှိအချိန် နိုင်ငံရေးအရှုပ်အထွေးတွေကြားမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်း ခြင်းကိုခံထားရတဲ့ သူမရဲ့ အသက်ကတော့ (၇၆) နှစ်ရှိပြီပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီစာရင်းမှာ ပါဝင်တဲ့သူတွေထဲမှာ အသက်အကြီးဆုံး ပုဂ္ဂိုလ်ဆိုရင်လည်း မမှားပါဘူး။ shwekhitonlinetv.com

၂။ အိန်ဂျလာမာကယ် (Angela Merkel) – ဂျာမနီ

အသက် (၆၇) နှစ်ရှိပြီဖြစ်တဲ့ ဂျာမန်အဓိပတိကြီးဖြစ်တဲ့ အိန်ဂျလာမာကယ် ကတော့ ကမ္ဘာပေါ်မှာအတော်လေးကို သြဇာညောင်းတဲ့ အမျိုးသမီးခေါင်းဆောင်တစ်ဦးလို့ ဆိုရမှာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကတည်း လက်ရှိအချိန်အထိ သမ္မတ (၄) ဆက်လောက်ရဲ့ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မကြီး (Queen Elizabeth II) – အင်္ဂလန်

အသက် (၉၅) နှစ်ရှိပြီဖြစ်ပေမယ့် အင်္ဂလန်နိုင်ငံရဲ့ ဧကရာဇ်ဖြစ်တဲ့ အဲလိဇဘတ် ဘုရင်မကြီးကတော့ သြဇာအာဏာကြီးမားနေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့ ဓနသဟာယ နိုင်ငံတွေတင်မကဘဲ ကမ္ဘာနဲ့ချီပြီးတော့ကို သူ့ရဲ့အမည်နာမက ကျော်ကြားပေါက်ရောက်လှပါတယ်။ သူမဟာ (၁၉၅၃) ခုနှစ်ကတည်းက နန်းတက်ခဲ့တာဖြစ်လို့ လက်ရှိအချိန်ထိဆိုရင် စိုးစံခဲ့တဲ့နန်းသက်က (၆၈) နှစ်နီးပါးရှိပြီပဲဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ ကမ္ဘာတစ်လွှားက သြဇာအာဏာကြီးမားပြီး ထင်ရှားကျော်ကြားလှတဲ့ အမျိုးသမီးခေါင်းဆောင် (၁၀) ဦးပဲဖြစ်ပါတယ်။

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment

Leave a Reply