မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ အံ့သြဖွယ် သဘာဝဖြစ်စဉ်များ

သဘာဝတရားကြီးရဲ့ ထူးခြားတဲ့တစ်ချို့ ဖြစ်စဉ်တွေကတော့ ခေတ်အဆက်ဆက်ကနေ ယနေ့ချိန်ထိ မရိုးနိုင်အောင် ဆန်းပြားစွာဖြစ်ပေါ်တည်ရှိနေပါတယ်။

ဒီအရာတွေဘယ်လိုကြောင့် ဖြစ်ပေါ်နေရသလဲ ဆိုတာကိုလည်း ဘယ်လိုနည်းနဲ့မှ တိကျတဲ့ အဖြေကိုရှာဖွေလို့ မရသေးပါဘူး။ အခုတစ်ခေါက်မှာရော သဘာဝတရားကြီးရဲ့ ဘယ်လိုထူးခြားတဲ့ ဖြစ်စဉ်တွေကို ဖော်ပြပေးသွားမလဲဆိုတာ ဆက်လက်ကြည့် ရှုလိုက်ကြပါဦးနော်… shwekhitonlinetv.com

၁။ Winnie the Pooh ဖြစ်နေတဲ့တိမ်

သင့်အနေနဲ့ တိမ်တွေရဲ့ ပုံသဏ္ဍာန်တွေကို စောင့်ကြည့်ဖူးပါသလား။ စောင့်ကြည့်ဖူးတဲ့သူတွေဆိုရင်တော့ တိမ်တွေရဲ့ ထူးခြားတဲ့ပုံသဏ္ဍာန် ပြောင်းလဲမှုအကြောင်းကို နားလည်ပါလိမ့်မယ်။ ဒါပေမယ့် အခုလိုမျိုး Winnie the Pooh ကာတွန်းဇာတ်ကောင်ပုံစံ ဖြစ်နေတဲ့ တိမ်ကိုတော့ ပထမဆုံးမြင်ဖူးတာဖြစ်ပါလိမ့်မယ်။ shwekhitonlinetv.com

၂။ ရွှံမုန်တိုင်း

မိုးကြိုးပစ်လိုက်တဲ့ အချိန်နဲ့ မီးတောင်က ချော်ရည်တွေပြာမှုန့်တွေ မှုတ်ထုတ်တဲ့ အချိန်တိုက်ဆိုင်သွားတာကို ဓာတ်ပုံဆရာက အမိအရရိုက်ကူးထားတာဖြစ်ပါတယ်။ ဓာတ်ပုံရဲ့ အမည်ကိုတော့ ရွှံ့မုန်တိုင်းလို့ နာမည်ပေးထားပါတယ်။ shwekhitonlinetv.com

၃။ နမီးဘီးယားမှ မှော်စက်ဝိုင်းများ

ဒါကတော့ နမီးဘီးယားနိုင်ငံ သဲကန္တရာထဲမှာနေတဲ့ ခြကောင်တွေရဲ့ အသိုက်တွေဖြစ်ပါတယ်။ ဒီအရာတွေကိုတော့ ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်တွေကို လေ့လာတဲ့သူတွေက နမီးဘီးယားမှ မှောက်စက်ဝိုင်းများ လို့ တင်စားထားပါတယ်။ shwekhitonlinetv.com

၄။ သက်တံ့ယူကလစ်

ရွှေခေတ်ပရိသတ်တွေအတော်များများကတော့ ယူကလစ်ပင်တွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီယူကလစ်ပင်ရဲ့ ပင်စည်အရောင်ကိုကတော့ ပရိသတ်တွေမြင်ဖူးတာနဲ့ အတော်လေးကို ကွာခြားနေပါလိမ့်မယ်။ ဒီအပင်ရဲ့ ပင်စည်အရောင်က ထူးဆန်းလွန်းလို့ သက်တံ့ယူကလစ်ပင်လို့တောင် ဆိုရမလိုပါပဲ။ shwekhitonlinetv.com

၅။ ထူးဆန်းတဲ့ 3D ရုပ်လုံးကြွတိမ်များ

ဒီတိမ်တိုက်တွေကိုတော့ အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် မြောက်ပိုင်းမှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကတော့ ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်တော်တော်များများ ဖြစ်တတ်တဲ့နေရာလို့ ဆိုရမလိုပါပဲ။ shwekhitonlinetv.com

၆။ နာထရွန်ရေအိုင်

အာဖရိကတိုက် တန်ဇန်နီးယားမှာရှိတဲ့ ဆားငန်ရေပူစမ်းအိုင်ဖြစ်ပါတယ်။ ထူးခြားတာက အရောင်ဆိုးထားသလိုဖြစ်နေတဲ့ ရေတွေဖြစ်ပါတယ်။ နောက်ပြီးဒီနေရာက (Flamingo) လို့ခေါ်တဲ့ကြိုးကြာနီ တွေရဲ့စားကျက်လည်းဖြစ်ပါတယ်။ ဒီရေတွေကြောင့်များကြိုးကြာနီတွေရဲ့ အရောင်ကထူးခြားနေများလားလို့ တောင် တွေးထင်စရာပါ။ shwekhitonlinetv.com

၇။ ငရဲပြည်ရဲ့ တံခါးပေါက်

တာ့ခ်မင်နစ္စတန်နိုင်ငံမှာရှိတဲ့ ငရဲပြည်ရဲ့ တံခါးပေါက်ဆိုတဲ့ နေရာကတော့ လူအတော်များများသိပြီး ဖြစ်မယ်ထင်ပါတယ်။ ဒီနေရာမှာရှိခဲ့တဲ့ ဓာတ်ငွေ့တွင်းဟာ ၁၉၁၇ ခုနှစ်ကစတင်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ဒီနေ့အချိန်ထိ ရပ်တန့်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ နယူးဇီလန်မှ စက်လုံးပုံကျောက်တုံးကြီးများ

နယူးဇီလန်နိုင်ငံ ခိုကိုဟီကမ်းခြေတစ်လျှောက်မှာတော့ လုံးဝန်းတဲ့ ပုံသဏ္ဍာန်နဲ့ ကျောက်တုံးကြီးတွေ ရှိပါတယ်။ ဒီလိုပုံသဏ္ဍာန်ဖြစ်နေရတာဟာ ရေ၊လေ တိုက်စားမှုကြောင့်လို့ ဆိုကြပါတယ်။ သင်ရောဘယ်လိုကြောင့် လို့ထင်ပါသလဲ။ shwekhitonlinetv.com

၉။ ရေအောက်မှာ ခရော့ဆာကယ်များ

ခရော့ဆာကယ် တွေအကြောင်းကတော့ အတော်များများသိပြီးဖြစ်မယ်ထင်ပါတယ်။ ဘယ်သူဘယ်ဝါ ပြုလုပ်သွားမှန်း မသိရတဲ့ လယ်ကွင်းတွေထဲက အချိုးအစားကြပြီး ဆန်းပြားတဲ့ ဒီဇိုင်းနဲ့ ပုံသဏ္ဍာန်တွေပေါ့။ အခုပုံမှာ ပြထားတာကတော့ ရေအောက်က ခရော့ဆာကယ်တွေပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ ကမ်းရိုးတန်းတွေမှာ တွေ့ရတက်တဲ့ Puffer ငါး တွေရဲ့ လက်ရာဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ဆူနာမီတိမ်လှိုင်း

သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာ မြင်တွေ့ခဲ့ရတဲ့ တိမ်တိုက်တွေရဲ့ ပုံသဏ္ဍာန်ကတော့ အမှတ်တမယ့်ကြည့်မယ်ဆိုရင် ဆူနာမီရေလှိုင်းတွေလို့ ထင်မိမှာအမှန်ပါပဲ။ ဒီပုံကို အင်တာနက်မှာ ရုတ်တရက်တွေ့ရတော့ တစ်ကမ္ဘာလုံး အံ့သြဘနန်းဖြစ်ခဲ့ရပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကိုဖတ်ရှုပြီး အားလုံးကျေနပ် နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဘယ်လိုစိတ်ဝင်စားဖွယ် အကြောင်းအရာတွေတင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက်အားပေးကြပါဦးနော် …

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။