ကြုံရတဲ့ ပြဿနာတွေကို အများနဲ့ မတူအောင် ဖြေရှင်းတတ်ကြသူများ

အခုတစ်ခါမှာတော့ ပရိသတ်ကြီးကို ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ကြုံရတဲ့ ပြဿနာတွေကို ထူးထူးဆန်းဆန်း ဖြေရှင်းကြတဲ့ သူတွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့ ဘယ်လိုတွေ ဖြေရှင်းကြလဲဆိုတာကိုတော့ အောက်ကပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော် …. shwekhitonlinetv.com

၁ ။ ဉာဏ်ကောင်းတဲ့ မိတ်ကပ်ဆရာ

အလှပြင်ခန်းတစ်ခုထဲမှာ မီးအလင်းရောင် ကောင်းကောင်းမရလို့ မိတ်ကပ်ဆရာက အဆင်ပြေအောင် လုပ်ထားတဲ့ ပုံပဲ ဖြစ်ပါတယ် ။ ဒီပုံလေးဟာ လူမှုကွန်ယက်တွေပေါ် ပျံ့နှံ့သွားပြီး လူအများစုကတော့ မိတ်ကပ်ဆရာရဲ့ ကြံရည် ဖန်ရည် ကောင်းပုံကို ချီးကျူးခဲ့ကြပါတယ်တဲ့ ။ shwekhitonlinetv.com

၂ ။ ပိုက်နဲ့ လုပ်ထားတဲ့ ဘက်စ်ကက်ဘော ခြင်း

ဒါကတော့ ဘက်စကက်ဘော ခြင်း ဝယ်မရလို့ PVC ပိုက်တွေကို တစ်ခုချင်းစီ ဆက်ပြီး ဆော့လို့ ရအောင် လုပ်ထားတာပဲ ဖြစ်ပါတယ် ။ ကိုယ် လိုချင်တာ ဝယ်မရတဲ့ အချိန်မှာ တစ်ခြား နည်းလမ်း နဲ့ အခုလိုမျိုး အဆင်ပြေအောင် ဖန်တီး လုပ်ပြသွားသူ ရဲ့ စကေး ကတော့ တစ်ကယ့်ကို လက်ဖျားခါ လောက်ပါတယ် ။ shwekhitonlinetv.com

၃ ။ ကားထဲက ခွက်ထည့်တဲ့ နေရာ

အခု နောက်ပိုင်း ထွက်လာတဲ့ ကား အမြင့်တွေမှာ အအေးခွက် ၊ ကော်ဖီခွက် ထည့်လို့ရတဲ့ သီးသန့်နေရာလေးတွေ ပါဝင်လာပါပြီ ။ ဒါပေမယ့်လည်း တစ်ချို့ ကားအနိမ့်ပိုင်းမှာတော့ ခွက်ထည့်လို့ ရတဲ့ နေရာ မထည့်ပေးထားတာကြောင့် ဘိလပ်မြေ နဲ့ လုပ်ထားတဲ့ အုတ်ခဲကို ပုံသွင်းပြီး ပုံမှာ မြင်ရတဲ့ အဆင်ပြေအောင် ပြုလုပ်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ မသုံးတဲ့ လှေကို အကျိုးရှိစွာ အသုံးချနည်း

ပူအိုက်တဲ့ ရာသီဥတုတွေမှာဆိုရင် အရိပ်ကောင်းတဲ့ နေရာလေးမှာ ဆောက်ထားတဲ့ ရေကူးကန်လေးထဲ ရေစိမ်ချင်ကြမှာပါ ။ ဒါကတော့ မသုံးတော့တဲ့ လှေ အဟောင်းကို ရေဖြည့်ထားပြီး နွေရာသီမှာ အေးဆေးနားလို့ ရအောင် ဖန်တီးထားတဲ့ ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၅ ။ ကားခေါင်းခန်းက လက်တင်

တစ်ချို့ ကားကြီးတွေ ရဲ့ ခေါင်းခန်းက တံခါးတွေမှာ ပုံထဲက လိုမျိုး ကားမောင်းတဲ့ သူ လက် တင် ဖို့အတွက် နေရာ ပါမလာပါဘူး ။ ဒါ့ကြောင့်ပဲ ယာဉ်မောင်းတဲ့သူက ကားမောင်းနေရင်း လက်တင်လို့ ရအောင် ဖော့တုံး အစွပ်တစ်ခုကို ဓားနဲ့ ခွဲပြီး မှန်ပေါ်တင်ထားကာ အဆင်ပြေအောင် လုပ်ထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆ ။ ခေတ်ရှေ့ပြေးတဲ့ သော့ခတ်နည်း

ဒါကတော့ ကိုယ် ခတ်ချင်တဲ့ သော့က ဆိုဒ်ကြီး မရှိတဲ့ အခါ ဘယ်လို အဆင်ပြေအောင် ခတ် မလဲ ဆိုတာ လုပ်ပြထားတဲ့ ပုံပဲ ဖြစ်ပါတယ် ။ ဂွရဲ့ လက်ကိုင်နေရာကို အပေါက် ဖောက်ထားပြီး သော့ခလောက် အသေးလေး တစ်ခု ခတ်ထားတာပါ ။ shwekhitonlinetv.com

၇ ။ တံခါး လက်ကိုင် မရှိသောအခါ

တံခါးလက်ကိုင် ဝယ်ဖို့ မလွယ်သေးတဲ့အခါ အတော်များများကတော့ သူတို့ရဲ့ တံခါးတွေကို ဒီ အတိုင်း အဆင်ပြေအောင် ထားလိုက်ကြတာ များပါတယ် ။ ပုံထဲက လူကတော့ သူ့ရဲ့ တံခါးလက်ကိုင်နေရာမှာ ပလတ်စတစ် ဘူး အပေါ်ပိုင်းကို ဖြတ်ပြီး တံခါးနေရာမှာ မူလီစုပ်ပြီး တပ်ထားတာပါ ။ shwekhitonlinetv.com

၈ ။ ကားနောက်ခန်းအထိ လေ ရအောင် လုပ်နည်း

အခုမြင်နေရတာကတော့ ကားထဲက Air Conditioner က မကောင်းလို့ နောက်ခန်းထဲ လေ မရောက်တာ ကို ဖြေရှင်းထားတာပါ ။ ကား အအေးပေးတဲ့ နေရာက အကာကို ဖြူတ်လိုက်ပြီး ပိုက်အပျော့သားကို တပ်ကာ နောက်ခန်းထဲထိ လေရအောင် လုပ်ထားတဲ့ ပုံပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

အခု ဖော်ပြပေးထားတာကတော့ ကြုံရတဲ့ ပြဿနာတွေကို အများနဲ့ မတူအောင် ဖြေရှင်းပြီး ဘ၀ကို ဖြတ်သန်းကြတဲ့သူတွေ အကြောင်းကို ပြောပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိုး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို ရှာဖွေတင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော် …. shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။