Miss Universe ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရဖို့ ကြိုးပမ်းနေတဲ့ မသန်စွမ်းသူလေး

သူမရဲ့အမည်က ဗစ်တိုးရီးယားဆယ်လ်စီဒိုဖြစ်ပါတယ်။ အီကွေဒေါနိုင်ငံသူဖြစ်တဲ့ သူမဟာ အသက် (၅) နှစ်အရွယ်ကတည်းက လျှပ်စစ်မတော်တဆမှု တစ်ခုကြောင့် ခြေလက်အင်္ဂါတွေကို ဆုံးရှုံးခဲ့ရတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ သူမရဲ့ ဘဝကိုအရှုံးမပေးခဲ့ဘဲ ငယ်ငယ်ကတည်းက ယောကျ်ားလေးတွေနဲ့ တန်းတူရင်ဘောင်တန်း ဆော့ကစားနိုင်တဲ့အထိ စိတ်ဓာတ်ကြံ့ခိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

လက်ရှိအချိန်မှာ သူမဟာ စိတ်ပညာပိုင်းဆိုင်ရာ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်သလို မော်ဒယ်လ်တစ်ဦးအဖြစ်လည်း ဘဝကိုရပ်တည်လျှက်ရှိပါတယ်။ ဒါတင်မကသေးပါဘူး သူမဟာဘာသာစကားပေါင်းများစွာကိုလည်းတက်ကျွမ်းသလို သတင်းနဲ့ဂျာနယ်လစ်ပညာကိုလည်း လေ့လာဆည်းပူးနေတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

အီကွေဒေါနိုင်ငံတွင်းမှာတော့ Social Influencer တစ်ယောက်အဖြစ်လူသိများတဲ့သူမဟာ လာမယ့် ၂၀၂၁ မယ်စင်္ကြဝဠာ (2021 Miss Universe) ပြိုင်ပွဲကို အီကွေဒေါနိုင်ငံကိုယ်စားပြုပြီး ဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့အတွက်ပြင်ဆင်နေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီအတွက်သူမအနေနဲ့ ပထမဆုံးအဖြစ် Miss Ecuador ပြိုင်ပွဲကိုဝင်ရောက်ယှဥ်ပြိုင်သွားမှာပဲဖြစ်ပါတယ်။ ခြေလက်အင်္ဂါမစုံပေမယ့် ဆယ်လ်စီဒိုရဲ့ ရည်မှန်းချက်ကတော့ တစ်ကယ့်ကို အံ့သြဖွယ်ကောင်းပြီး အတုယူစရာကောင်းလှပါတယ်။ shwekhitonlinetv.com

တစ်ကယ်လို့သူမအနေနဲ့ Miss Ecuador သရဖူကိုမရရှိခဲ့ရင်တောင်မှ သူမရဲ့စိတ်ဓာတ်ကြံ့ခိုင်မှု၊ ရဲရင့်မှုတွေအတွက် ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့ အားပေးမှုတွေ လေးစားမှုတွေကိုတော့ အခိုင်အမာရရှိသွားမှာ ကျိန်းသေလို့နေပါတယ်။ shwekhitonlinetv.com

အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးအားလုံးပဲကျေနပ်နှစ်သိမ့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။ ဒီလိုစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အမြဲဖတ်ရှုချင်တယ်ဆိုရင်တော့ Shwe Khit Online TV Page လေးကို အလည်လာခဲ့ကြပါနော် … shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ အခြား ဝက်ဆိုက်များတွင် ကူးယူဖော်ပြခွင့်မပြုပါ။