ကမ္ဘာတစ်လွှားက ထိပ်တန်း ထောက်လှမ်းရေး အေဂျင်စီများ

ကမ္ဘာပေါ်က နိုင်ငံတိုင်းလိုလိုမှာတော့ ရည်ရွယ်ချက်မျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ ထောက်လှမ်းရေးအေဂျင်စီတွေ အသီးသီး ရှိနေပါတယ်။ ထောက်လှမ်းရေးတွေဖွဲ့စည်းထားရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ မိမိတို့နိုင်ငံကို ပြည်တွင်းပြည်ပ ရန်ကနေကာကွယ်ဖို့ဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး အေဂျင်စီတွေရဲ့ လုပ်ငန်းတာဝန်တွေက ဒီထက်ပိုကျယ်ပြန့်လာပြီး အကြမ်းဖက်မှု၊ ရာဇဝတ်မှုကျူးလွန်မှု၊ လက်နက်မှောင်ခိုရောင်းဝယ်မှု၊ အခြားနိုင်ငံတွေက သတင်းအချက်အလက်နဲ့ နည်းပညာတွေ ရှာဖွေစုဆောင်းဖို့ပါ ရည်ရွယ်လာကြပါတယ်။ shwekhitonlinetv.com

ဒီနေ့ ဆောင်းပါးလေးမှာဖော်ပြပေးသွားမှာကတော့ အဲ့လို ထောက်လှမ်းရေးအေဂျင်စီတွေထဲကမှ ကမ္ဘာ့အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အေဂျင်စီတွေအကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ CIA (အမေရိကန်ပြည်ထောင်စု)

ကမ္ဘာပေါ်မှာ မသိတဲ့သူမရှိလောက်အောင် နာမည်ကျော်ကြားတာကတဲ့ ထောက်လှမ်းရေးအေဂျင်စီကတော့ CIA (Central Intelligence Agency) ပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေမှာ မကြာခဏမြင်တွေ့ရတက်တဲ့ CIA ကိုတော့ ၁၉၄၇ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပြီးတော့ အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယား ပြည်နယ်မှာ ရုံးချုပ်ဖွင့်လှစ်ထားပါတယ်။ သူတို့ရဲ့ ထောက်လှမ်းရေးကွန်ယက်ကို ကမ္ဘာတစ်ဝှမ်းဖြန့်ကျက်ထားပြီး အဲ့အတွက် အသုံးစရိတ်က နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံလောက် ကုန်ကျတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

ထောက်လှမ်းရရှိလာတဲ့ ကမ္ဘာတစ်လွှားက သတင်းတွေကိုတော့ ဒေသခံ ထောက်လှမ်းရေးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး သမ္မတနဲ့ အစိုးရအဖွဲ့ထံကို တိုက်ရိုက်တင်ပြကြပါတယ်။ CIA ကရရှိတဲ့အချက်အလက်တွေကြောင့် အိုစမာ ဘင်လာဒင် ပုန်းခိုနေတဲ့ နေရာကို အတည်ပြုနိုင်ခဲ့ပြီး နာမည်ကျော် Operation Neptune Spear ကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တာ့လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ MI 6 (ယူကေ)

MI 6 လို့လူသိများတဲ့ (Secret Intelligence Service) အဖွဲ့အစည်းကတော့ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ဌာနချုပ်ဖွင့်ထားပြီး ၁၉၀၉ ခုနှစ်ကတည်းက ထူထောင်ခဲ့တာဖြစ်ပါတယ်။ “အမြဲလျှို့ဝှက်နေရမည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လုပ်ငန်းတွေကို လှုပ်ရှားဆောင်ရွက်နေတဲ့ နေတဲ့ MI 6 ရဲ့ အဓိက တာဝန်တွေကတော့ လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများကိုအစပြုခြင်း၊ ထိန်းချုပ်ခြင်းတို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံးထောက်လှမ်းရေး အေဂျင်စီဖြစ်တဲ့ MI 6 ဟာ စတင်ထူထောင်ချိန်ကတည်းက ပင် အောင်မြင်မှုများစွာရရှိခဲ့ပြီး ကမ္ဘာစစ်ကြီး နှစ်ခု၊ စစ်အေးတိုက်ပွဲတို့မှာ ပါဝင်ပတ်သက်ခဲ့ဖူးသလို မြောက်ကိုရီးယားရဲ့ နယူကလီးယား လုပ်ငန်းကိုလည်း ထောက်လှမ်းခဲ့ကြောင်း သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ နောက်ပြီးနာမည်ကျော် ဂျိန်းစ်ဘွန်းဇာတ်ကောင်ဟာ လည်း MI 6 က အေးဂျင့်တစ်ဦးဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ RAW (အိန္ဒိယ)

RAW (Research and Analysis Wing) ရဲ့ အဓိက တာဝန်တွေကတော့ တန်ပြန်ထောက်လှမ်းရေး၊ သတင်းအချက်အလက် စုဆောင်းရေးနှင့် မူဝါဒချမှတ်ထားသူတွေကို အကြံပေးရေးတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယ နိုင်ငံရဲ့ နယူးကလီးယားစီမံကိန်း လုံခြုံရေးကို တာဝန်ယူထားပြီး အကြမ်းဖက်မှုတွေကို လည်းထိရောက် စွာကိုင်တွယ် နှိမ်နင်းနေတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၁၉၆၈ ခုနှစ်ကတည်းက စတင်ထူထောင်ထားတဲ့ RAW ရဲ့ ရုံးချုပ်ကတော့ နယူးဒေလီမြို့မှာတည်ရှိပါတယ်။ RAW အနေနဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံလွတ်လပ်ရေးနဲ့ ၁၉၇၅ ခုနှစ်မှာ Sikkin ပြည်နယ်ကို အိန္ဒိယပြည်မနှင့် ပူးပေါင်းရေးတို့မှာ တာဝန်ယူ ဆောင်ရွက်ခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၄။ BND (ဂျာမနီ)

နှစ်စဉ်အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း (၉၀၀) သုံးစွဲနေတဲ့ BND (Bundernachrichtandienst) ကတော့ ဂျာမနီနိုင်ငံရဲ့ ထောက်လှမ်းရေးအေဂျင်စီပဲဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဘာလင် (Berlin) မြို့မှာရုံးစိုက်ပါတယ်။ ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့ BND ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်တပ်နီတော်နဲ့ ဆက်စပ်တဲ့ သတင်းတွေကို စုဆောင်းပေးခဲ့တဲ့ အဖွဲ့အစည်းဖြစ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

BND ဟာ အီလက်ထရောနစ် ထောက်လှမ်းဆက်သွယ်ရေးစနစ်ကို အသုံးပြုပြီး ကမ္ဘာအနှံ့မှာ ရုံးခွဲ (၃၀၀) ကိုဖွင့်လှစ်ထားပါတယ်။ BND ရဲ့ ဆောင်ရွက်မှုတွေထဲက ထင်ရှားတာကတော့ အစ္စရေး-လက်ဘနွန် စစ်ပွဲနောက်ပိုင်း အကျဉ်းသားများလဲလှယ်ရေးကို လျှို့ဝှက် ညှိနှိုင်းပေးခြင်း၊ အီရတ်နိုင်ငံက လူအစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ လက်နက်များနဲ့ ပတ်သက်တဲ့ သတင်းများစုဆောင်းပေးခြင်းတို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ASIS (သြစတြေလျ)

သြစတြေလျနိုင်ငံ ကင်ဘာရာမြို့တွင် ရုံးစိုက်ထားတဲ့ ထောက်လှမ်းရေးအဖွဲ့ ASIS ( Australian Secret Intelligence Service) ကိုတော့ ၁၉၅၂ ခုနှစ်မှာ ထူထောင်ခဲ့တာဖြစ်ပါတယ်။ နှစ်စဉ် သြစတြေးလျဒေါ်လာ သန်း (၅၀၀) နီးပါးသုံးစွဲနေတဲ့ ASIS အဖွဲ့အစည်းကတော့ အလွန်လျှို့ဝှက်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်နာမည်ကျော်ကြားပြီး ၁၉၅၂ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ ဒီအဖွဲ့အစည်းရှိကြောင်းကို အာဏာပိုင်တွေက လွဲလို့ ဘယ်သူမှမသိခဲ့ကြပါဘူး။ shwekhitonlinetv.com

၁၉၇၂ ခုနှစ် နိုဝင်ဘာလမှာ ဒေးလီးတယ်လီဂရပ်ဖ် (Daily Telegraph) သတင်းစာကနေ အာရှပစိဖိတ်ဒေသက သတင်း တွေကို စုဆောင်းနေတဲ့ ASIS ထောက်လှမ်းရေးအဖွဲ့ရှိနေကြောင်း ထုတ်ဖော်ရေးသားမှသာ လူတွေသတိထားမိခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ASIS ဟာ သတင်းကွန်ရက်တွေကို ဖော်ထုတ်နိုင်မှု၊ ပြည်ပနိုင်ငံများမှ အဖိုးတန်သတင်းများကို စု ဆောင်းနိုင်မှုတို့ကြောင့် ထင်ရှားလှပါတယ်။ နောက်ပြီး တန်ပြန်ထောက်လှမ်းနိုင်မှုကနေ ရလာတဲ့ သတင်းတွေ ကို စီစဉ်နိုင်မှုတို့မှာတော့ ASIS ဟာ CIA ၊ MI 6 အဖွဲ့တွေနဲ့ တန်းတူ အနေအထားရှိနေပါတယ်။ shwekhitonlinetv.com

၆။ MSS (တရုတ်)

MSS (Ministry of State Security) ကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့ဖြစ်ပြီး ပြည်တွင်းလုံခြုံရေးအတွက် ပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်းခွင့် ရှိတဲ့အထိ သြဇာကြီးမားလှပါတယ်။ MSS ကို ၁၉၈၃ ခုနှစ် ဇူလိုင်လကမှ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဘေဂျင်းမြို့တော်မှာ ဌာနချုပ်ဖွင့်လှစ်ထားပါတယ်။ shwekhitonlinetv.com

အရည်အချင်းပြည့်ဝတဲ့ ထောက်လှမ်းရေးသမားတွေကို ကိုင်တွယ်ထားတဲ့ MSS ရဲ့ ထောက်လှမ်းရေးလုပ်ငန်းအများစုကတော့ ဒေသတွင်းက ဟောင်ကောင်၊ မကာအို နဲ့ ထိုင်ဝမ်မှာ အများဆုံးရှိနေတယ်လို့ သိရပါတယ်။ အမေရိကန်၊ ကနေဒါ၊ ဥရောပတိုက်နိုင်ငံတွေနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံ တွေ့မှာလည်း MSS ရဲ့ ထောက်လှမ်းသမားတွေရှိနေပြီး အသွင်မျိုးစုံနဲ့ လှုပ်ရှားနေကြပါတယ်။ shwekhitonlinetv.com

၇။ ISI (ပါကစ္စတန်)

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘက်မြို့မှာ ရုံးစိုက်တဲ့ ISI (Inter-Services Intelligence) ကိုတော့ ၁၉၄၈ စတင်ထူထောင်ခဲ့တာဖြစ်ပါတယ်။ စတင်ဖွဲ့စည်းချိန်မှာတော့ ISI ဟာ ပါကစ္စတန်နိုင်ငံရဲ့ ကြည်း၊ ရေ၊ လေ တပ်မတော် များအကြားမှာ သတင်းအချက်အလက်တွေ ဖလှယ်ခြင်းကိုသာ အဓိကဆောင်ရွက်ခဲ့ပါတယ်။ shwekhitonlinetv.com

နောက်ပိုင်းမှာတော့ ကမ္ဘာ့အဆင့် ထောက်လှမ်းရေးသတင်းများကို ရယူတဲ့ အေဂျင်စီ တစ်ခုဖြစ်လာခဲ့ပြီး သတင်းစုဆောင်းခြင်းနှင့် တန်ပြန်ထောက်လှမ်းခြင်းတို့ကိုပါ ဆောင်ရွက်လာခဲ့ပါတယ်။ နောက်ပြီး ISI ဟာ တာလီဘန်သူပုန်တွေကို နေုာက်ကွယ်ကနေ ထောက်ပံ့ပေးနေတယ်လို့လည်း စွပ်စွဲပြောဆိုမှုတွေကို ခံနေရတဲ့ အေဂျင်စီတစ်ခု ဖြစ်ပါတယ်။ shwekhitonlinetv.com

နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ရေးနဲ့ လုံခြုံရေးမှာသာမကဘဲ ဆိုက်ဘာစစ်ပွဲ (Cyber War) လိုမျိုး ဒီနေ့ခေတ်မှာ ဖြစ်လာနိုင်တဲ့ စစ်ပွဲတွေအတွက် သတင်းအချက်အလက် စုဆောင်းရာမှာပါ ထောက်လှမ်းရေးလုပ်ငန်းတွေဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေကြောင်း တင်ဆက်ရင်း ဒီဆောင်းပါးလေးကို အဆုံးသတ်ပါရစေ နော် … shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ အခြား ဝက်ဆိုက်များတွင် ကူးယူဖော်ပြခွင့် မပြုပါ။