ကျိန်စာသင့်နေတဲ့ ကမ္ဘာကျော် စိန် ကြီးများ

အခုတစ်ခေါက်မှာတော့ ရွှေခေတ်ပရိသတ်ကြီးတွေကို ကမ္ဘာပေါ်က ထူးဆန်းလှတဲ့ နာမည်ကျော်ကျောက်မျက်ရတနာတွေရဲ့အကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

နာမည်ကျော်တယ်ဆိုတာကတော့ ကောင်းတဲ့ဘက်မှာ နာမည်ကျော်ကြားထက် မကောင်းတဲ့ဘက််မှာ နာမည်ကျော်ကြားတယ်လို့ဆိုရင်လည်းမမှားပါဘူး။ ဘယ်လိုကျောက်မျက်ရတနာတွေက ဘယ်လိုမကောင်းတဲ့အချက်တွေကြောင့် ကမ္ဘာကျော်ခဲ့ရသလဲဆိုတာ ဒီစာလေးကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော် … shwekhitonlinetv.com

၁။ The Sancy Diamond

The Sancy Diamond ဆိုတဲ့ စိန်ကြီးဟာ အရောင်တလက်လက်ဝင်းမွတ်လှပသလို ကြောက်မက်ဖွယ် ကျိန်စာသင့်စိန်ကြီးဖြစ်ပါတယ်။ ဒီစိန်ကြီးဟာအိန္ဒိယက အခိုးခံခဲ့ရပြီး ပြင်သစ်နဲ့ အင်္ဂလိပ် ဘုရင်တွေလက်ထဲ ရောက်ခဲ့တာဖြစ်ပါတယ်။ စတုတ္ထမြောက်ဟင်နရီ ဘုရင် (King Henry IV) ဆီ ဒီစိန်ကြီးရောက်ခဲ့စဉ်မှာလည်း စ်န်ကြီးကိုဆင်မြန်းလိုက်ချိန်မှာ အစာ စားမရတဲ့ ရောဂါဖြစ်ခဲ့ပြီး အစာအိမ်အနာပေါက်ကာ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ စိန်ကြီးဟာ ပိုင်ရှင်သစ်တွေလက်ထဲမှာ အလွန်ဆုံးခြောက်လလောက်သာ နေပြီး အဲ့ဒီပိုင်ရှင်ရဲ့ အသက်ဇီဝိန်ကို နုတ်ကာ နောက်ထပ်ပိုင်ရှင်တစ်ယောက်ထံကို ပြောင်းသွားတတ်ပါတယ်။ အခုတော့ ဒီစိန်ကြီးကို ပဲရစ်မြို့က သမိုင်းပြတိုက်မှာ ပြသထားပါတယ်။ shwekhitonlinetv.com

၂။ The Regent Diamond

The Regent ဆိုတဲ့ စိန်ကြီးကို လွန်ခဲ့တဲ့ (၁၇၀၀) ပြည့်နှစ်မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပိုင်ရှင်ထံကနေ အစေခံတစ်ဦးက အဆိုပါ (၄၁၀) ကာရက်ရှိတဲ့ စိန်ကြီးကို ခိုးသွားခဲ့တယ်လို့သိရပါတယ်။ သူဟာ ဒီစိန်ကြီးကို အင်္ဂလိပ် သင်္ဘောကပ္ပတိန်တစ်ဦးကို ရောင်းခဲ့ပြီး အဆိုပါ ကပ္ပတိန်က အဆမတန်စျေးနှိမ်ပြီး ကျောက်တုံးစျေး သာသာပဲ ပေးခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်တော့ ခိုးယူခဲ့တဲ့ အစေခံလည်း သေဆုံးခဲ့ပြီး ဒီစိန်ကို ကပ္ပတိန်က ကုန်သည်တစ်ဦးထံ ဒေါ်လာ (၅၀၀၀) နဲ့ ရောင်းခဲ့ပါတယ်။ ရောင်းပြီးသိပ်မကြာပါဘူး အဲ့ဒီညမှာ ပဲကပ္ပတိန်လည်း အမူးလွန်ပြီး သင်္ဘောက ပြုတ်ကျကာ သေဆုံးခဲ့ပါတယ်။ ဒီလို အဆင့်ဆင့်ဝယ်တဲ့ သူတိုင်းသေလာရင်း ပြင်သစ်ရောက်မှ ကျိန်စာရပ်တာဖြစ်ပြီး ပြတိုက်ပို့ခံလိုက်ရတဲ့ စိန်ကြီးဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ Black Orlov Diamond

ဘလက်အော်လော့ဗ် (Black Orlov) လို့ နာမည်ကြီးတဲ့ စိန်နက်ကြီးကလည်း အိန္ဒိယက ဖြစ်ပါတယ်။ဒီစိန်ကြီးဟာ သူတို့ရဲ့ ဗြဟ္မာဏဆိုတဲ့ နတ်ဘုရားကို ဆက်သထားတဲ့ စိန်ဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါပေမယ့် အင်္ဂလိပ်တွေ အဝင်မှာ ဒီစိန်ကြီးကို သိမ်းခဲ့ပြီး သူတို့ကတစ်တင့် အမေရိကန်ကို ရောင်းချခဲ့ပါတယ်။အမေရိကန်မှာ စိန်ကြီးဟာ ဝယ်ယူတဲ့ မိသားစုတွေ ပျက်စီးအောင် ခိုက်ခဲ့ပြီး ရုရှားက မင်းသားတစ်ပါးဆီရောက်ခဲ့ပါတယ်။ နာဒီယာ ဗဲဂျင်အော်လော့ဗ် (Nadia Vygin-Orlov) ဆိုတဲ့ မင်းသားဆီရောက်ခဲ့လို့ နောက်ပိုင်းမှာ စိန်ကြီးရဲ့ အမည်က ဘလက်အော်လော့ဗ် (Black Orlov) လို့ နာမည်ကြီးခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစိန်ကြီးကို ပိုင်ဆိုင်ပြီး သိပ်မကြာလိုက်ပါဘူး မင်းသားလည်း အသတ်ခံရပြီး ပိုင်ရှင်ထပ်ပြောင်းသွားခဲ့ပါတယ်။ အဆိုပါပိုင်ရှင်ဟာ စိန်ကြီးကို သုံးပိုင်းခွဲပြီး ပြန်ရောင်းလိုက်မှ စိန်ကြီးက အင်အားနည်းသွားပုံရကာ ပိုင်ရှင်တွေကို ဆိုးကျိုးပေးမှုတွေလည်း ငြိမ်ကျသွားပါတော့တယ်။ shwekhitonlinetv.com

၄။ The Cursed of Kohinoor

အယ်လိဇဘတ် ဘုရင်မကြီးရဲ့ သရဖူမှာ တစ်စိတ်တစ်ပိုင်း ပါဝင်နေတဲ့ ခိုအိနော (Koh-i-Noor) ဆိုတဲ့ စိန်ကြီးကတော့ ကမ္ဘာကျော် ဒုက္ခပေးတဲ့ စိန်ကြီးဖြစ်ပြီး အိန္ဒိယနိုင်ငံ ဂေါ်လ်ကွန်ဒါ (Golconda) မိုင်းတွင်းက ရခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစိန်ကို သွေးဖို့ အလုပ်သမားတွေရဲ့ သွေးချွေး များစွာရင်းခဲ့ပြီး ဒီစိန်အတွက် ယဇ်ပူဇော်ခဲ့ရဖူးတယ်လို့ လည်းရာဇဝင်ရှိပါတယ်။ဒီစိန်ရဲ့ မူလပိုင်ရှင်ကတော့ တာ့ချ်မဟာ (Taj Mahal) တည်ဆောက်တဲ့ ဘုရင်ကြီးဖြစ်ပြီး သူတို့လည်း ဘဝပျက်ကာ နောက်တော့ အဆင့်ဆင့်ပြောင်းရွှေ့ရောင်းခဲ့ရတာဖြစါပါတယ်။ shwekhitonlinetv.com

ပထမတော့ စိန်ကြီးဟာ (၈၀၀) ကာရက်ရှိတာဖြစ်ပြီး နောက်တော့ (၁၈၆) ကာရက်သာ ရှိတော့တာဖြစ်ပါတယ်။သူ့ကိုပိုင်တဲ့ မိသားစုတိုင်း မိသားစုလိုက်သေဆုံးခဲ့မှုကြောင့် နောက်ပိုင်းမှာ ဘယ်သူမှ မလိုချင်တော့တဲ့စိန်ကြီးလည်းဖြစ်ပါတယ်။လွရှိအချိန်မှာတော့ ခိုအိနော (Kohinoor) စိန်ကြီးကို လန်ဒန်မျှော်စင် (Tower of London) မှာ ပြသထားတယ်လို့သိရပါတယ်။ shwekhitonlinetv.com

၅။ The Hope

ကျိန်စာသင့်နေတဲ့ အဖိုးတန် ကျောက်မျက်ရတနာတွေနဲ့ပတ်သက်ပြီး ပြောရမယ် The Hope ဆိုတဲ့ စိန်ကြီးက မပါမဖြစ်ပါဝင်လို့နေပါတယ်။ သူကလည်း အိန္ဒိယက လာတာဖြစ်ပြီး ပိုင်ရှင်တွေထံကို မကောင်းတဲ့ အဖြစ်ဆိုးတွေသယ်ဆောင်လာပေးတဲ့ နာမည်ကျော် စိန်ကြီးဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီစိန်ကြီးကို ပြင်သစ် ဘုရင် လူဝီ ၁၄ က (Louis XIV) က အိန္ဒိယကနေ (၁၉၇၂) ခုနှစ်မှာ သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ဒီစိန်ကြီး ရောက်လာပြီး မကြာခင် သူလည်း နန်းကျကာ စိန်ကို ကုန်သည်တွေ ဆီက တဆင့် သူဌေးတွေဆီရောင်းချခဲ့ပါတယ်။ ဒီစိန်ကို တစ်ဆင့်ပြီးတစ်တင့်ပိုင်ဆိုင်ခဲ့ကြတဲ့ သူဌေးတွေအနေနဲ့လည်း မွဲတဲ့သူမွဲ သေတဲ့သူသေနဲ့ အတော်လေးကို ဒုက္ခပေးခဲ့တဲ့ စိန်ကြီးဖြစ်ပါတယ်။ ဒီစိန်ကြီးဟာ နောက်ကျတော့ လန်ဒန်ကို ပါသွားပြီး ဘဏ်သူဌေးတစ်ဦးက ဝယ်ခဲ့ပါတယ်။ shwekhitonlinetv.com

ဒီစိန်ကြီးဟာ လန်ဒန်မှာလည်း ပတ်မွှေခဲ့ပြီး သူဌေးတွေကို ကောင်း​ကောင်းကြီး ဒုက္ခပေးကာ အမေရိကန်ကို ထပ်ရောက်ခဲ့ပါတယ်။ အမေရိကန်အရောက်တော့ သူ့ရဲ့ ကြောက်မက်ဖွယ်ကျိန်စာတွေကြောင့် နောက်ဆုံးမှာ ပြတိုက်ပို့ခံခဲ့ရပါတယ်။ shwekhitonlinetv.com

Star of Lanka

နောက်ထပ်ဒီစိန်တွေအပြင်ကို အတော်လေးဂြိုဟ်မွှေတဲ့ နာမည်ကျော် ကျောက်မျက်ရတနာတစ်ခုလည်းရှိပါသေးတယ်။ ဒီကျောက်ကြီးကိုတော့ “Star of Lanka”လန်းခ လို့ခေါ်ပါတယ်။နို့နှစ်ရောင် အဆင်းကြောင်းတွေနဲ့ လှပနေတာဖြစ်ပြီး ဒါဟာ ပင်လယ်ထဲက ရလာတဲ့ ရတနာဖြစ်ပါတယ်။

ဒီကျောက်ကိုဒေါ်လာ (၂) သန်းနဲ့ စျေးဖြတ်ခဲ့တာဖြစ်ပြီး သက်တမ်းက နှစ် (၃၀၀) ရှိပြီဖြစ်တယ်လို့သိရပါတယ်။ အလေးချိန် (၅၆၃) ကာရက်ရှိတဲ့ ဒီကျောက်ကြီးကိုတော့ အမေရိကန်ကပြတိုက်မှာထားရှိခဲ့တာဖြစ်ပါတယ်။ တစ်နေ့မှာတော့ အမေရိကန် ပြတိုက်ကနေ ဒီကျောက်ကို ခိုးယူခြင်း ခံခဲ့ရပြီး နောက်တစ်နေ့မှာတော့ ခိုးခဲ့သူကို ကျောက်ကြီးနဲ့အတူ လမ်းပေါ်မှာ သွေးဆုတ်ပြီး ဖြူဖျော့ကာ သေနေတာကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့နောက်ပိုင်းမှာလည်း ဒီကျောက်ကြီးဟာ မသမာသူတွေလက်ကတစ်ဆင့် မှောင်ခိုစျေးကွက်ရောက်ကာ သူ့ကိုဝယ်ယူခဲ့ကြတဲ့ လူဆိုးခေါင်းဆောင်တွေလည်း ထူးဆန်းစွာ သေခဲ့တယ်လို့သိရပါတယ်။ နောက်တော့ မိုင်ယာမီ ဒီကျောက်ကြီးကို ပြန်လည်ရခဲ့ပြီး နဂိုအတိုင်း ပြတိုက်ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။