သာမန်လူတွေထက် ထူးခြားနေတဲ့ ကမ္ဘာ့အထူးဆန်းဆုံး လူသား (၈) ယောက်

Shwe Khit ပရိသတ်ကြီးရေ ကမ္ဘာကြီးပေါ်မှာ ထူးဆန်းမှုတွေ များစွာရှိတဲ့ အထဲမှာမှ လူသားတွေထဲမှာလည်း သာမန်ထက်ပိုထူးတဲ့ လူထူးဆန်းတွေ ရှိပါတယ်နော်။ shwekhitonlinetv.com

ဒီတစ်ခေါက်မှာတော့ အခုလိုလူထူးဆန်းကြီးတွေထဲမှာမှ တစ်ချို့လူတွေ အကြောင်းကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသား

တူရကီနိုင်ငံသားတစ်ဦးဖြစ်တဲ့ Sultan Kosen ဟာ ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားအဖြစ် ဂရင်းနစ်စံချိန် တင်ထားပါတယ်။ သူ့ရဲ့ အရပ်ကတော့ ၈ ပေ ၃ လက်မ ရှိပြီး ငယ်စဉ်တည်းက ဟော်မုန်းပြောင်းလဲမှုကြောင့် အရပ်ဟာ အဆမတန် ရှည်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ တက်တူးအများဆုံး ထိုးထားတဲ့ အမျိုးသမီး

တက်တူးထိုးတဲ့ သူတွေ များစွာထဲမှာမှ ဒီအမျိူးသမီးကတော့ ကမ္ဘာပေါ်မှာ တက်တူးအထိုးများဆုံး အမျိူးသမီးအဖြစ် ဂရင်းနစ်စံချိန် ဝင်ထားပါတယ်။ သူမရဲ့ နာမည်ကတော့ Julia Gnuse ဖြစ်ပြီး အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ သူတစ်ဦးပါ။ shwekhitonlinetv.com

Julia ဟာ ခေါင်းအစ ခြေအဆုံး တက်တူး မထိုးထားတဲ့နေရာ မရှိသလောက်ကို များလွန်းလှပါတယ်။ အသက် ( ၆၁) နှစ် ရှိပြီဖြစ်တဲ့ Julia ဟာ ယနေ့အချိန်အထိ သူမခန္ဓာကိုယ်ရဲ့ ( ၉၅ ) ရာခိုင်နှုန်းလောက်ကို တက်တူးတွေ ထိုးထားတာဖြစ်ပြီး ကမ္ဘာ့တတ်တူးအများဆုံးရှိတဲ့ အမျိုးသမီးအဖြစ် စံချိန်တင်ထားပါတယ်။ shwekhitonlinetv.com

၃။ လူသားအရုပ်မလေး

အရင်တည်းက နာမည်ကြီးတဲ့ Barbie ဇာတ်ကောင်လေးတွေကို တော်တော်များများ ရင်းနှီးကြမှာပါ။ ဒါပေမယ့် ဒီ မိန်းကလေးကတော့ တစ်ခြားသူတွေထက် Barbie ဇာတ်ကောင်လေးတွေကို ပို သဘောကျပုံပါပဲ။ အကြောင်းကတော့ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို Barbie အရုပ်မလေးနဲ့ တူအောင် ပြုပြင်ပြောင်းလဲ လိုက်လို့ပါပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သူမရဲ့ နာမည်ကတော့ Valeria Lukyanoဖြစ်ပြီး Barbie အရုပ်မလေးနဲ့တူအောင် ခွဲစိတ်ပြောင်းလဲထားတဲ့ ပထမဆုံး အမျိုးသမီးအဖြစ် စံချိန်တင်ထားပါတယ်။ သူမဟာ Barbie ဇာတ်ရုပ်နဲ့ တစ်ထေရာတည်းတူဖို့အတွက် ခွဲစိတ်မှုများစွာလုပ်ခဲ့ရပြီး ငွေကြေးများစွာလည်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၄။ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီး

ဘရာဇီးနိုင်ငံသူတစ်ဦးဖြစ်တဲ့ Elisany Da Cruz Silva ဟာ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးအဖြစ် ဂရင်းနစ် စံချိန်တင်ထားပါတယ်။ သူမရဲ့ အရပ်က ၇ ပေရှိပြီး ငယ်စဉ်ကတည်းက ဟော်မုန်းပြောင်းလဲလာမှုကြောင့် အရပ်က လိုတာထက်ပိုပြီးကို ရှည်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီး

ဒီအမျိုးသမီးကတော့ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် ဂရင်းနစ်စံချိန်တင်ထားသူလည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံသူတစ်ဦးဖြစ်တဲ့ Jyoti Amge ဟာ အချိုရည်ဘူးကြီးတစ်ဘူးထက် အနည်းငယ်လောက်သာ ပိုရှည်တဲ့ အရပ်မျိုး ရှိသူတစ်ယောက်ပါ။ ဒါ့ကြောင့်ပဲ သူမဟာ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသမီးအဖြစ် စံချိန်ဝင်သွားတာလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ အာဖရိကတိုက်ရဲ့ Hulk

အာဖရိကတိုက်ရဲ့ Hulk လို့ပေးထားတဲ့ နာမည်နဲ့ လိုက်အောင် ဒီအမျိူးသားရဲ့ ကြွက်သားတွေဟာ အတော်လေးကို ကြီးမားလှပါတယ်။ သူရဲ့ ကြွက်သားတွေဟာ Super Heroes ရုပ်ရှင်တွေထဲက လူသန်ကြီး Hulk အတိုင်း ကြီးမားလွန်းလှပါတယ်။ တော်ရုံလူဆိုရင် သူ့ပုံစံကို မြင်လိုက်တာနဲ့ လန့်သွားလောက်ချင်စရာပါ။ shwekhitonlinetv.com

၇။ အဆီလုံးဝမရှိတဲ့ အမျိူးသား

လူတိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အဆီပမာဏပါဝင်မှုဟာ အနည်းနဲ့ အများတော့ ရှိကြပါတယ်။ ဒါပေမယ့် Tom Staniford လို့ ခေါ်တဲ့ အမျိုးသားကတော့ သူ့ရဲ့ ခန္ဒာကိုယ်ထဲမှာ အဆီပါဝင်မှုပမာဏဟာ သုညပဲရှိပါတယ်တဲ့။ အကြောင်းကတော့ Tom ရဲ့ ခန္ဓာကိုယ်ဟာ MDP လို့ခေါ်တဲ့ အဆီလုံး၀ သိုလှောင်လို့ မရတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်စဉ်ကို Syndrome လို့ခေါ်ကာ အတော်လေးကို ဖြစ်တောင့်ဖြစ်ခဲ ဖြစ်လွန်းလှတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ နှစ်ပေါင်း ( ၆၀ ) လောက် ရေလုံး၀မချိုးတဲ့ အမျိုးသား

အခုဒီစာကို ဖတ်နေတဲ့သူတွေထဲမှာ တစ်ရက်ကို ရေ တစ်ခါမချိုးရရင် မနေနိုင်တဲ့ လူတွေ ရှိမယ်ထင်ပါတယ်။ အီရန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Amoo Hadij ကတော့ နှစ်ပေါင်းအတော်ကြာတဲ့အထိ ရေလုံး၀ မချိုးပဲ နေတဲ့သူတစ်ယောက်ပါ။ shwekhitonlinetv.com

အသက် ( ၈၀ ) အရွယ်ရှိပြီတဲ့ Hadij ဟာ နှစ်ပေါင်း ( ၆၀ ) လောက် ရေမချိုးပဲ နေခဲ့တာလည်း ဖြစ်ပါတယ်။ ဘယ်လို အကြောင်းရင်းကြောင့် အခုလိုနေရလဲဆိုတာ မသိပေမယ့်လည်း Hadij ဟာ ဒီလိုမျိုးရေမချိုးပဲနေရတာကို နောင်တမရပဲ သူ့ Life Style ကို ကြိုက်နှစ်သက်တယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာတွေကတော့ ကမ္ဘာပေါ်မှာ မတူညီတဲ့ ပုံစံတွေနဲ့ ထူးခြားနေတဲ့ ကမ္ဘာ့အထူးဆန်းဆုံး လူသားတွေ အကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အခုလိုထူးဆန်းတဲ့ အကြောင်းအရာတွေကို ရှာဖွေ တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်။ shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။