အထူးအဆန်းတွေနဲ့ ဆွဲဆောင်ထားနိုင်ခဲ့တဲ့ ဉာဏ်ကြီးရှင် စျေးဆိုင်များ

ပရိသတ်ကြီးကို အခုတစ်ခါမှာ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ Customer တွေကို နောက်တစ်ခေါက် ထပ်လာချင်အောင် ဆွဲဆောင်ထားနိုင်ခဲ့တဲ့ ဆိုင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။

ဆိုင်တစ်ဆိုင်ရဲ့ အရေးကြီး အစိတ်အပိုင်းတွေထဲက တစ်ခုကတော့ ဆိုင်ရဲ့ အပြင်အဆင် ဖြစ်ကာ ဒီနေရာမှာ ကိုယ်ပြင်ထားတဲ့ ပုံစံက ကောင်းရင် ကောင်းသလို Customers တွေကို ဆွဲဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့်‌ အခုတစ်ခါမှာတော့ ထူးထူးခြားခြားပုံစံတွေနဲ့ ပြင်ဆင်ထားတဲ့ ဆိုင် အပြင်အဆင်တစ်ချို့ကို ဖော်ပြပေးမှာမို့လို့ တစ်ပုံချင်းစီကို ကြည့်ရှုပေးကြပါဦးနော် ။ shwekhitonlinetv.com

၁။ ရတနာတွေ ရောင်းတဲ့ ဆိုင်ရဲ့ အပြင်က တံခါး လက်ကိုင်

အခုမြင်နေရတာကတော့ ရတနာ ပစ္စည်းတွေ ရောင်းချတဲ့ စတိုးဆိုင် အပြင်က တံခါးလက်ကိုင်လေးကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ သာမန် ရတနာဆိုင်တွေ နဲ့ မတူတဲ့ ဒီတံခါးလက်ကိုင်လေးရဲ့ ပုံစံကို ရွှေ လက်စွပ် ပုံစံလိုမျိုး ဒီဇိုင်းဖန်တီးထားတာကို တွေ့ရမှာပါ ။ ဒါ့ကြောင့်ဆိုင်ကို အမှတ်တမဲ့ကြည့်လိုက်ရင်တောင် ဆိုင်းဘုတ်ကို မကြည့်ပဲနဲ့ ရတနာ ပစ္စည်းဆိုင်ပြီး တန်းပြီး သဘောပေါက်အောင် လုပ်ထားနိုင်တဲ့ အိုင်ဒီယာလေးကတော့ တော်တော်လေးကို ကောင်းတယ်လို့ ပြောရမှာပါ။ shwekhitonlinetv.com

၂ ။ ပေါင်မုန့်ဆိုင် တစ်ဆိုင်ရဲ့ တံခါးလက်ကိုင်

နောက်ထပ် တစ်ခုကတော့ ပေါင်မုန့်ဆိုင် တစ်ဆိုင်ရဲ့ အမြင်ဆန်းဆန်း တံခါးလက်ကိုင် ပုံပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီ တံခါးလက်ကိုင်နဲ့ ပတ်သတ်ပြီးတော့ ကြိုက်တဲ့ သူတွေလည်း ရှိသလို ပုံစံက တစ်မျိုးကြီး ဖြစ်နေတယ်ဆိုပြီး ဝေဖန်နေကြသူတွေလည်း ရှိပါတယ် ။ ဖန်တီးထားတဲ့ ပုံစံက ပြင်သစ် ပေါင်မုန့် တစ်မျိုးဖြစ်တဲ့ baguettes ပေါင်မုန့်ပုံစံ ဖြစ်တာကြောင့် အခုကြည့်ရှုနေတဲ့ ပရိသတ်ကြီးရဲ့ အမြင်မှာရော ဒီလက်ကိုင်ပုံစံကို ဘယ်လို မြင်လဲဆိုတာ ပြောပြပေးသွားပါဦးနော်…. shwekhitonlinetv.com

၃ ။ Shopping Mall တစ်ခုက ဓာတ်လှေကား ခလုတ်

ဒီပုံလေးကို အမှတ်တမဲ့ ကြည့်လိုက်မယ်ဆိုရင် လူတော်တော်များများကတော့ ပြတိုက်တဲ့ ပြသထားတဲ့ ပစ္စည်းတွေလို့ပဲ ထင်ကြမှာပါ ။ တစ်ကယ်တမ်းကတော့ Shopping Mall တစ်ခုထဲမှာ တပ်ဆင်ထားတဲ့ ဓာတ်လှေကား တစ်ခုရဲ့ ခလုတ်ဖြစ်ပြီး စာအုပ်အတွင်းပိုင်းက စာမျက်နှာ ထဲမှာ  ခလုတ်ကို တပ်ပေးထားတဲ့ ပုံစံ ဖန်တီးထားတာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၄ ။ ဂျာမနီနိုင်ငံအတွင်းက အားကစားပစ္စည်းဆိုင်တစ်ဆိုင်ရဲ့ အပြင်အဆင်

ဒါကတော့ ဂျာမနီနိုင်ငံ အတွင်းမှာ ဖွင့်လှစ်ထားတဲ့ အားကစား ပစ္စည်းဆိုင်တစ်ဆိုင်ရဲ့ ကောင်းမွန်လှတဲ့ အပြင်အဆင်တစ်ခုပဲ ဖြစ်ပါတယ် ။ ဆိုင်ရဲ့ အတွင်းပိုင်းထဲမှာ အသေးစား ရေကူးကန် တစ်ခု တည်ဆောက်ပေးထားပြီး ကနူးလှေ လာဝယ်တဲ့သူတွေ အတွက် မဝယ်ခင်မှာ  စမ်းသပ်ပြီး  စီးနိုင်အောင် ဖန်တီးပေးထားတာပါ ။ shwekhitonlinetv.com

၅။ ခရီးဆောင် အိတ် ရောင်းချတဲ့ ဆိုင်

တစ်ကယ်လို့ သင်ဟာ လေယာဉ် စီးပြီး ခရီးသွားမယ့်သူဆိုရင် ကိုယ်ယူသွားမယ့် အိတ်က ကြီးနေရင် ပစ္စည်းထားတဲ့နေရာမှာ တင်ဖို့အတွက် အခက်အခဲ ရှိမှာပါ ။ ဒီလို အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် ခရီးဆောင် အိတ် ရောင်းချတဲ့ ဆိုင်တစ်ဆိုင်ဟာဆိုရင် သူတို့ဆိုင်ထဲမှာ လေယာဉ် အတွင်းပိုင်းက ထိုင်ခုံနဲ့ ခရီးဆောင်အိတ် နေရာတစ်ခု ဖန်တီးပေးထားပါတယ် ။ ဒါ့ကြောင့် ဒီဆိုင်ထဲမှာ ခရီးဆောင် အိတ် ဝယ်ယူတဲ့သူတွေဟာ သူတို့ဝယ်ယူတဲ့ အိတ်က လေယာဉ်ထဲက အိတ်ထည့်တဲ့ နေရာနဲ့ ဆန့် ၊ မဆန့် စမ်းသပ်ပြီး ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ် ။ shwekhitonlinetv.com

၆ ။ ဘန်ကောက် မြို့ ၊ စျေးဝယ် စတိုးအတွင်းက ခြင်းတောင်းများ

အခုမြင်နေရတာကတော့ ဘန်ကောက် မြို့ထဲက စျေးဝယ် စတိုးတစ်ခုအတွင်းထဲမှာ ထားရှိတဲ့ စျေးခြင်းတောင်းတွေ ရဲ့ ပုံစံပဲ ဖြစ်ပါတယ် ။ ခြင်းတောင်းတွေကို အရောင် ( ၂ ) မျိုးနဲ့ ခွဲခြားထားပြီး စျေးဝယ်ဖို့ အခက်အခဲရှိသူတွေဆိုရင် ပန်းရောင် ခြင်းတောင်းကို ရွေးချယ်ပြီး ဆိုင်ဝန်ထမ်းတွေက သေချာ ရှင်းပြပေးမှာ ဖြစ်သလို  ကိုယ့်ဘာသာကိုယ် စျေးဝယ်ချင်တဲ့သူဆိုရင်တော့ အနက်ရောက် ခြင်းတောင်းကို ရွေးချယ်နိင်မှာ ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးထားတာကတော့ Customer တွေကို နောက်တစ်ခေါက်ထပ်လာချင်အောင် ဂရုစိုက်မှု ပေးနိုင်တဲ့ ဆိုင်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ နောက်တစ်ခေါက်တွေမှာလည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာလေးတွေကို ဖော်ပြပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော် ….. shwekhitonlinetv.com