ငယ်ငယ်ရွယ်ရွယ်နဲ့ သန်းကြွယ်သူဌေး ဖြစ်သွားကြတဲ့ ဆယ်ကျော်သက် အရွယ် ကလေး ၅ ဦး

ပရိသတ်ကြီးကို အခုတစ်ခါ ပြောပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ အသက်ငယ်ငယ် ရွယ်ရွယ်လေးနဲ့ သန်းကြွယ်သူဌေးလေးတွေ ဖြစ်သွားတဲ့ ကလေးငယ်တွေ အကြောင်းပဲ ဖြစ်ပါတယ် ။ သူတို့လေးတွေက အခုလိုမျိုး သန်းကြွယ်သူဌေးတွေ ဖြစ်လာအောင် ဘယ်လိုလုပ်ခဲ့ကြလဲဆိုတာကို အောက်က ပုံလေးတွေ တစ်ပုံချင်းစီကို ကြည့်လိုက်ပါဦးနော်…. shwekhitonlinetv.com

၁ ။ Isabel  and CarolineBercaw ( ပိုင်ဆိုင်မှု – ဒေါ်လာ သန်း ၂၀ )

Isabel နဲ့ Caroline တို့ ညီအမ ( ၂ ) ဦးဟာ အသက် (၁၀ ) နှစ်လောက်ကတည်းက ရေချိုးရမယ့် အချိန်ရောက်တိုင်း အင်မတန်မှကို ပျင်းရိကြပါတယ်တဲ့ ။ ဒီလိုနဲ့ပဲ ညီအစ်မ ( ၂ ) ယောက်ဟာ ရေချိုးတဲ့ အချိန်တိုင်း မပျင်းရအောင် Bath Bomb လို့ခေါ်တဲ့ ရေချိုးကန်ထဲမှာ ဆော့ကစားလို့ရမယ့် ကစားစရာ ပစ္စည်းလေးကို ကိုယ်ပိုင် အိုင်ဒီယာနဲ့ တီထွင်ခဲ့ကြပါတော့တယ် ။ ( ၂၀၁၃ ) ခုနှစ် အရောက်မှာတော့  Caroline တို့ ညီအမ ( ၂ ) ယောက်ဟာ သူတို့တီထွင်ထားတဲ့ Bath Bomb လေးထဲမှာ Surprise အရုပ်လေးတွေ ထည့်ပြီး ပြပွဲ တစ်ခုမှာ သွားရောက် ပြသပြီး ရောင်းချခဲ့ပါတယ် ။ shwekhitonlinetv.com

အံ့အားသင့်စရာ ကောင်းလောက်အောင်ပဲ သူတို့ ညီအစ်မ ဖန်တီးထားတဲ့ Bath Bomb လေးတွေဟာ ပထမ နေ့မှာတင် အကုန်ရောင်းထွက်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ Caroline တို့ဟာ သူတို့ရဲ့ ကိုယ်ပိုင်လုပ်ငန်းလေးကို တိုးချဲ့နိုင်ဖို့အတွက် ဂိုဒေါင်တစ်ခုကို ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ပါတယ် ။ သူတို့ ဖန်တီးထားတဲ့ Bath Bomb ကစားစရာလေးကို Da Bomb လို့ အမည်ပေးကာ အမေရိကန် နိုင်ငံ အနှံ့မှာ ရှိတဲ့ လက်လီဆိုင်တွေကို ဖြန့်ဝေပြီး ရောင်းချခဲ့ကာ အတော်လေး အောင်မြင်သွားခဲ့ပါတော့တယ် ။ (၂၀၁၈ ) ခုနှစ်တော့ အသက် ( ၁၉ ) နှစ် ရှိပြီ ဖြစ်တဲ့ Coroline တို့ ညီအစ်မနှစ်ဦး ဝင်ငွေဟာ ဒေါ်လာ ( သန်း ၂၀ ) အထိ ပိုင်ဆိုင်ထားနိုင်ခဲ့ပြီး Forbes မဂ္ဂဇင်းရဲ့ အသက်အငယ်ဆုံး သန်းကြွယ် စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ် ။ shwekhitonlinetv.com

၂ ။ Danielle Bregoli  ( ပိုင်ဆိုင်မှု – ဒေါ်လာ ၁၀ သန်း )

အသက် ( ၁၆ ) နှစ်ရှိပြီဖြစ်တဲ့ Danielle Bregoli  ကိုတော့ Bhad Bhabie လို့ လူသိများကြပြီး Dr Phill ရဲ့ TV Show တစ်ခု သူမရဲ့ မိခင်ဖြစ်သူ နဲ့ ပါဝင်ခဲ့ရာကနေ နာမည်ကြီးလာသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။ နောက်ပိုင်းမှာတော့ Danielle Bregoli  ဟာ Bhad Bhabie ဆိုတဲ့ နာမည်နဲ့ Rap အဆိုတော် တစ်ယောက်အဖြစ် စတင်လျှောက်လှမ်းခဲ့ကာ ( ၂၀၁၇ ) ခုနှစ်မှာတော့ Billboard Hot (100 ) စာရင်းထဲမှာ အသက်အငယ်ဆုံး အမျိုးသမီး rapper အဖြစ် ပါဝင်ခြင်း ခံခဲ့ရပါတယ် ။ ဒါပေမယ့် ထိုနှစ်အတွင်းမှာပဲ သူမဟာ ပြစ်မှု ကျူးလွန်ခဲ့တာကြောင့် အဖမ်းခံရပြီး ထောင်ဒဏ် ( ၅ ) နှစ် ကျခံသွားရပါတယ် ။ shwekhitonlinetv.com

ဒါပေမယ့် သူမဟာ အယူခံဝင်မှု အောင်မြင်သွားတာကြောင့် ပြစ်ဒဏ်ကျခံရမယ့် အရေးကနေ လွတ်မြောက်သွားခဲ့ပါတယ် ။ ( ၂၀၁၈ ) ခုနှစ်မှာတော့ Bhad Bhabie ဟာ ကမ္ဘာအနှံ့ ဖျော်ဖြေရေးပွဲတွေ ထွက်ခဲ့ပြီး CopyCat Beauty နဲ့ အကျိုးတူ ပူးပေါင်းမှု အဖြစ် ဒေါ်လာ ( ၉ ၀၀ ၀၀၀ ) တန်တဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ် ။ အခုအခါမှာတော့ သူမဟာ “Bringing up Bhabie” လို့ အမည်ရတဲ့ ကိုယ်ပိုင် TV Show တစ်ခုကို စတင်ခဲ့ပြီး Snapchat မှာ ထုတ်လွှင့်ခဲ့ပါတယ် ။ သတင်းများအရ  Bhabie ရဲ့ ဝင်ငွေ ပမာဏဟာ ဒေါ်လာ ( ၁၀ ) သန်း ပိုင်ဆိုင်ထားတယ်လို့  သတင်းတွေ ထွက်နေပါတယ် ။ shwekhitonlinetv.com

၃ ။ Alina Morse ( ပိုင်ဆိုင်မှု – ဒေါ်လာ ၆ သန်း )

ယခု ခေတ်စားနေတဲ့ Zollipop မုန့်ကလေးကို စတင်ဖန်တီးဖို့ အိုင်ဒီယာထွက်ခဲ့သူကတော့ အသက် ( ၇ ) နှစ်အရွယ်သာ ရှိသေးတဲ့ Aline Morse ဆိုသူ ကလေးလေးပဲ ဖြစ်ပါတယ် ။ သူမ ဟာ အရင်တည်းက Lollipop မုန့်ကို အရမ်းကြိုက်ပေမယ့် သွားပိုးစားတာတွေ မဖြစ်ချင်တာကြောင့် ဖြေရှင်းဖို့ နည်းလမ်းကို စတင်ရှာဖွေပါတော့တယ် ။  ( ၂ ) နှစ် ကျော်ကြာသွားချိန်မှာတော့ Alina ဟာ သူမ အဖေဖြစ်သူရဲ့ အကူအညီနဲ့ သုတေသန ပြုလုပ်ထားသော Zollipop မုန့်ကို စတင် ရောင်းချနိုင်ခဲ့ပါတယ် ။ shwekhitonlinetv.com

သူမ ပထမ ဦးဆုံး လက်လီ ဖြန့်ဖြူးခဲ့တာကတော့ Whole Foods စျေးကွက်မှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ Amazon နဲ့ Kroger ကုမ္ပဏီ ကြီးတွေနဲ့ပါ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ် ။ Alina တီထွင်လိုက်တဲ့ Zollipop မုန့်လေးဟာဆိုရင် ( ၂၀၁၈ ) ခုနှစ်အရောက်မှာတော့ ဒေါ်လာ ( ၆ ) သန်းလောက်အထိ ရောင်းချနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် Alina လေးဟာ သူမ ရရှိတဲ့ အကျိုးအမြတ်တွေ ထဲက ( ၁၀ ) ရာခိုင်နှုန်းကိုလည်း သွားနှင့်ခံတွင်း အဖွဲ့အစည်းတွေကို လှူဒါန်း ကူညီ ပေးခဲ့ပါတယ်တဲ့….. shwekhitonlinetv.com

၄ ။ Kyle ( ပိုင်ဆိုင်မှု – ဒေါ်လာ ၃ သန်း )

 ၂၀၁၁ ခုနှစ် ဇူလိုင်လ မှာတော့ အသက် ( ၁၉ ) နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ Kyle “Bugha” Giersdorf ဟာ Online Survival Game တစ်ခုဖြစ်သော နာမည်ကြီး Fronite ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲမှာ ဗိုလ်ဆွဲခဲ့ပြီး ဒေါ်လာ ( ၃ ) သန်း ဆု ရခဲ့ပါတယ် ။ တစ်ကယ့် လက်တွေ့မှာတော့ ပရော်ဖက်ရှင်နယ် ဂိမ်းသမားတွေစာ နေ့စဉ် နာရီပေါင်းများစွာ လေ့ကျင့်ပြီး အောင်မြင်ဖို့ ကြိုးစားနေရတာပါ ။ shwekhitonlinetv.com

Kyle လေးကတော့ ကျောင်းတက်ရတဲ့ နေ့တွေမှာတောင် Fronite ဂိမ်းကို တစ်နေ့မှာ ( ၆ ) နာရီ ပဲ ဆော့ခဲ့တယ်လို့ ဝန်ခံထားပါတယ် ။ ဒါ့အပြင် ကျွမ်းကျင်တဲ့ နည်းပြတစ်ယောက်ကို ခန့်ထားပြီး လေ့ကျင့်ခဲ့တာကြောင့် အခုလို အောင်မြင်မှုတွေ ရခဲ့တာလို့လည်း ပြောကြားထားပါတယ် ။ shwekhitonlinetv.com

၅ ။ MattyB

MattyB ရဲ့ နာမည်အရင်းကတော့ Matthew David Morris ဖြစ်ပြီး Youtube မှာ သီချင်းတွေကို Remix လုပ်ရာကနေ အောင်မြင်လာခဲ့သူလည်း ဖြစ်ပါတယ် ။ ( ၂၀၁၀ ) ခုနှစ်မှာတော့ အသက် ( ၇ ) နှစ်သာ ရှိသေးတဲ့ MattyB ဟာ သူ့ရဲ့ ပထမဦးဆုံး Cover သီချင်းကို စတင်ဖန်တီးခဲ့ပါတယ် ။ သီချင်းကတော့  Justin Bieber ရဲ့  Eenie Meenie သီချင်းဖြစ်ပြီး (၂၀၁၄ ) ခုနှစ်မှာတော့ သူ့ရဲ့ Youtube Channel လေးဟာ ကြည့်ရှုသူပေါင်း ဘီလီယံနဲ့ ချီပြီး ရှိသွားခဲ့ပါတယ်။ shwekhitonlinetv.com

အခုအခါမှာတော့ MattyB ဟာ Cover သီချင်းတွေ အပြင် ကိုယ်ပိုင် သီချင်းတွေကိုပါ ဖန်တီးနေပြီး သူ့ရဲ့ Youtube Channel လေးကို subscribe လုပ်သူပေါင်း ( ၁၃ သန်း ) ကျော် ရှိလာပြီပဲ ဖြစ်ပါတယ် ။ လက်ရှိ သတင်းများအရ MattyB ဟာ ကြော်ငြာတွေ ၊ သီချင်းမူပိုင် ရောင်းချတာတွေ နဲ့ သရုပ်ဆောင်ခတွေ ကနေ ဒေါ်လာ ( ၃ ) သန်း ပိုင်ဆိုင်ထားပြီလို့လည်း သိရပါတယ် ။ shwekhitonlinetv.com

အခုပြောပြပေးထားတာကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ သန်းကြွယ်သူဌေးလေးတွေ ဖြစ်သွားကြတဲ့ ကလေးငယ်လေး တွေအကြောင်းကို ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ် ။ နောက်ပိုင်းတွေမှာလည်း အခုလိုမျိူး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေးတွေကို တင်ဆက်ပေးမှာမို့လို့ Shwe Khit ကို စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…. shwekhitonlinetv.com