ထူးခြားဆန်းပြားတဲ့ ကမ္ဘာတစ်လွှားက ဘောလုံးကွင်းများ

အရာရာတိုးတက်ပြောင်းလဲနေတဲ့ ဒီနေ့ခေတ်မှာတော့ ဒီဇိုင်းပုံစံအဆန်းနဲ့ ဘောလုံးကွင်းတွေဟာ ကမ္ဘာတစ်လွှားမှာ အသီးသီးပေါ်ထွက်လာလျက်ရှိနေပါတယ်။ ဒါပေမယ့် ဒီနေ့ဖော်ပြပေးမယ့် ဘောလုံးကွင်းတွေကတော့ ပရိသတ်အနည်းငယ်လောက်သာ တွေ့ဖူးမြင်ဖူးမယ့် ဘောလုံးကွင်းတွေဖြစ်ပါတယ်။ ဘယ်နိုင်ငံက ဘယ်လိုထူးခြားတဲ့ ဘောလုံးကွင်းတွေများဖြစ်နေမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်နော် ….. shwekhitonlinetv.com

၁။ Mmabatho Stadium , South Africa

ပရိသတ် (၅၉,၀၀၀) ဆံ့တဲ့ Mmabatho Stadium ကတော့ တောင်အာဖရိကမှာ စတုတ္ထအကြီးဆုံးဘောလုံးကွင်းတစ်ကွင်းဖြစ်ပါတယ်။ ထူးခြားတာက ဒီဘောလုံးကွင်းရဲ့ ပွဲကြည့်စင်တည်ဆောက်ပုံ ဖြစ်ပါတယ်။ စိန်ပွင့်သဏ္ဍာန်ပုံဖော်ထားပြီး အလွှာအဆင့်ဆင့်နဲ့ တည်ဆောက်ထားတဲ့ ပွဲကြည့်စင်တွေက ရွေ့လျားနိုင်အောင်ပြုလုပ်ထားတယ်လို့ သိရပါတယ်။ shwekhitonlinetv.com

၂။ Estadio Hernando Siles , Bolivia

ဘိုလီးဗီးယားနိုင်ငံဟာတောင်ကုန်ုးတောင်တန်းထူထပ်တဲ့နိုင်ငံဖြစ်ပါတယ်။ မြို့တော်ဖြစ်တဲ့ လာပက်ဇ် မြို့ကလည်း ပင်လယ်ရေမျက်နှာပြင်အထက် ပေ (၁၀,၀၀၀) ကျော်မှာတည်ရှိတာဖြစ်ပါတယ်။ ဒီမြို့မှာရှိတဲ့ Estadio Hernando Siles ဘောလုံးကွင်းကတော့ ပင်လယ်ရေမျက်နှာပြင်အထက် (၁၁,၉၃၂) ပေမှာတည်ရှိလို့ ကမ္ဘာပေါ်မှာအမြင့်ဆုံးဘောလုံးကွင်းအဖြစ်စံချိန်တင်ထားပါတယ်။ ဘိုလီးဗီးယားလက်ရွေးစင်အသင်းဟာ ဒီကွင်းမှာ လာကစားတဲ့ ပြိုင်ဘက်အသင်းတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တဲ့မှတ်တမ်းတွေလည်းရှိ ပါတယ်။ shwekhitonlinetv.com

၃။ Stadion Vozdovac , Serbia

ဒီဘောလုံးကွင်းကတော့ ဆားဘီးယားနိုင်ငံမှာတည်ရှိတာဖြစ်ပြီး ၂၀၁၁ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ ဈေးဝယ်စင်တာတစ်ခုရဲ့ အပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး လမ်းရဲ့အထက်အမြင့်ပေ (၂၄) မီတာအမြင့်မှာတည်ရှိတာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ Estadio Municipal de Braga , Portugal

ပေါ်တူဂီနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့တဲ့ ယူရို ၂၀၀၄ ပြိုင်ပွဲမှာတော့ ပရိသတ်အတော်များများဟာ ဒီကွင်းရဲ့ ပုံသဏ္ဍာန်ကိုမြင်ပြီး အံ့အားသင့်ခဲ့ကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကွင်းမှာ အရှေ့နဲ့အနောက်ပွဲကြည့်စဉ် (၂) ခုသာပါရှိပြီး တောင်နဲ့မြောက်ပွဲကြည့်စဉ်နေရာကတော့ တောင်တန်းကြီးနှစ်ခုနဲ့ပိတ်ကာထားတာဖြစ်ပါတယ်။ အရှေ့အနောက်ပွဲကြည့်စင်နှစ်ခုကတော့ တစ်ခုကို ပရိသတ် (၁၅,၀၀၀) စီကြည့်ရှုနိုင်ပြီး စတီးကြိုးတွေနဲ့ သွယ်တန်းထားပါတယ်။ shwekhitonlinetv.com

၅။ Igraliste Batarija , Croatia

ဒါကတော့ ခရိုအေးရှားကလပ် HNK Trogir အသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ Igraliste Batarija Stadium ပဲဖြစ်ပါတယ်။ ကွင်းရဲ့တစ်ဖက်တစ်ချက်ဆီမှာ ယူနက်စကို (UNESCO) ရဲ့ အမွေအနှစ်အဖြစ်မှတ်တမ်းဝင်ထားတဲ့ (၁၅) ရာစုကရဲတိုက်ဟောင်းကြီး နှစ်ခုရှိနေပါတယ်။ shwekhitonlinetv.com

၆။ Timsah Arena , Turkey

ပရိသတ်ဦးရေ (၄၃,၀၀၀) ကျော်ဝင်ဆံ့တဲ့ ဒီကွင်းရဲ့အမည်ကတော့ Timsah Arena ဖြစ်ပြီး တူရကီကလပ် ဘာဆာစပေါ်အသင်းရဲ့အိမ်ကွင်းဖြစ်ပါတယ်။ ဒီကွင်းရဲ့ပုံသဏ္ဍာန်ကတော့ မြင်နေကျဘောလုံးကွင်းတွေနဲ့ မတူဘဲ မိချောင်းပုံစံတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ထားရတာက သူတို့အသင်းရဲ့ မိချောင်းစိမ်း ဆိုတဲ့ Nickname ကြောင့်ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Ottmar Hitzfeld Gspon Arena , Switzerland

Ottmar Hitzfeld Gspon Arena က ဥရောပမှာတော့အမြင့်ဆုံးနေရာမှာတည်ရှိတဲ့ ဘောလုံးကွင်းလို့ဆိုနိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၂,၀၀၀) လောက်မှာတည်ရှိတာဖြစ်ပြီး ကွင်းရဲ့အမည်ကတော့ နာမည်ကျော်နည်းပြကြီး အော်တမာဟစ်ဇ်ဖဲလ် (Ottmar Hitzfeld) ကိုဂုဏ်ပြုမှည့်တွင်ထားတာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ The Float @ Marina Bay , Singapore

ဒီဘောလုံးကွင်းကတော့ အားလုံးမြင်ဖူးတွေ့ဖူးပြီးသား ဖြစ်မယ်လို့ထင်ပါတယ်။ စင်ကာပူနိုင်ငံ မာရီနာဘေးမှာ ရှိပြီးပရိသတ် (၂၇,၀၀၀) ကြည့်ရှုနိုင်တဲ့ ရေပေါ်ဘောလုံးကွင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။