ညဘက် အမှောင်ထဲမှာ မြင်နိုင်သော မျက်လုံးတွေရှိကြတဲ့ သတ္တဝါ (၇) မျိုး

ယေဘုယျအားဖြင့်ပြောမယ်ဆိုရင်တော့ လူသားတွေဆိုတာကတိရိစ္ဆာန်တွေထက် ဉာဏ်ရည်မြင့်တဲ့၊ သာလွန်တဲ့သတ္တဝါတွေလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့်လည်း သဘာဝတရားကြီးက သတ္တဝါတိုင်းကို မတူညီတဲ့အားသာချက်တွေတော့ ကိုယ်စီပေးထားပါတယ်။ ဒါ့ကြောင့်အခုတစ်ခါမှာတော့ ညဘက်အမှောင်ထဲမှာ အမြင်အာရုံမကောင်းလှတဲ့လူသားတွေထက် သာလွန်တဲ့အမြင်အာရုံစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ တိရိစ္ဆာန်အချို့အကြောင်းဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ ဝံပုလွေများ

ပထမဆုံးဖော်ပြပေးချင်တာကတော့ ခွေးမျိုးနွယ်ဝင်တွေထဲမှာအကြီးဆုံးဖြစ်တဲ့ ဝံပုလွေတွေပါ။ ဝံပုလွေတွေရဲ့ ညဘက်အမြင်အာရုံ (Night Version) ဟာ နေ့ဘက်အမြင်အာရုံနဲ့မခြား ကောင်းမွန်လွန်းလှပါတယ်။ ပြောရမယ်ဆိုရင် တစ်ခြားဘယ်သတ္တဝါတွေထက်မဆို ဝံပုလွေတွေဟာ ညလက်အမြင်အာရုံပိုကောင်းပါတယ်။ ဒါပေမယ့် သူတို့တွေဟာညဘက်မှာ အမြင်အာရုံကိုအားကိုးပြီးအမဲလိုက်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ စူးရှတဲ့အနံ့ခံအာရုံကို အဓိကအားပြုပြီး သားကောင်ကိုခြေရာခံချောင်းမြောင်းကြတာပါ။ shwekhitonlinetv.com

၂။ ဇီးကွက်များ

မျိုးစိတ်ပေါင်း (၂၀၀) ကျော်ရှိတဲ့ဇီးကွက်တွေဟာလည်း ဝံပုလွေတွေလိုပဲညဘက်အမြင်အာရုံကောင်းလွန်းတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ အမြင်အာရုံကောင်းလှသလို ဦးခေါင်းကိုလည်း (၂၇၀) ဒီဂရီလောက်လည်ပင်းမချိုးဘဲလှည့်နိုင်တာကြောင့် ညဘက်မှာသားကောင်ကို တစ်နေရာထဲကနေငြိမ်သက်ပြီး ချောင်းမြောင်းနိုင်ကြတဲ့သတ္တဝါတွေပါ။ ဒါပေမယ့် သူတို့ဟာတစ်ကောင်တည်း နေထိုင်အမဲလိုက်တက်တာကြောင့် အထီးကျန်သတ္တဝါတွေလို့ အချို့ကသတ်မှတ်ထားကြပါတယ်။ shwekhitonlinetv.com

၃။ လင်းနို့များ

လူအများစုကတော့ လင်းနို့တွေကိုမျက်စိကန်းနေတဲ့ သတ္တဝါတွေလို့ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့် မျိုးစိတ်ပေါင်း (၁၃၀၀) ကျော်ရှိတဲ့အထဲမှာအမြင်အာရုံကောင်းပြီး ညဘက်မှာပါကောင်းစွာမြင်ရတဲ့ လင်းနို့မျိုးစိတ်တွေလည်းရှိပါတယ်။ သူတို့ရဲ့ အရောင်တွေကိုမြင်နိုင်စွမ်းက အကန့်အသတ်ရှိပေမယ့် လူသားတွေထက်တော့ အမြင်အာရုံပိုကောင်းကြပါတယ်။ shwekhitonlinetv.com

၄။ မြေခွေးများ

မြေခွေးဟာ Canidae မိသားစုဝင်တွေထဲက သေးငယ်တဲ့မျိုးစိတ်တွေဖြစ်ပါတယ်။ မြေခွေးတွေဟာဉာဏ်နီ ဉာဏ်နက်များတဲ့သတ္တဝါတွေအဖြစ်နာမည်ကျော်ရုံသာမကဘဲ ကောင်းမွန်လှတဲ့ ညဘက်အမြင်အာရုံကိုပါပိုင်ဆိုင်ကြတဲ့ သတ္တဝါတွေပါ။ မြေခွေးနီ (Red Fox) တွေကတော့ ဉာဏ်အကောင်းဆုံးမြေခွေးမျိုးတွေဖြစ်ကြပြီး အန္တာတိကတိုက်ကလွဲရင် ကမ္ဘာအနှံ့မှာနေထိုင်ကြပါတယ်။ မြေခွေးတွေကို နေ့ဘက်မှာမြင်ဖူးကြတဲ့သူတွေရှိပေမယ့် အများစုကတော့ညဘက်မှာမြင်ဖူးကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ ကြောင်များ

ကြောင်တွေကတော့ Felidae မိသားစုဝင်သတ္တဝါတွေဖြစ်ပြီး လက်ရှိကမ္ဘာပေါ်မှာ မျိုးစိတ်ပေါင်း (၆၀) ကျော်ရှိပါတယ်။ သူတို့မှာတောက်ပတဲ့မျက်လုံးတွေရှိပေမယ့် နေ့ဘက်မှာတော့လူသားတွေလောက် အမြင်အာရုံမကောင်းပါဘူး။ ဒါပေမယ့် ညဘက်ရောက်တဲ့အခါနဲ့ အလင်းရောင်မှိန်လွန်းတဲ့အချိန်မျိုးမှာတော့ ဒီအချက်ကပြောင်းပြန်ဖြစ်သွားပါလိမ့်မယ်။ သူတို့ရဲ့မျက်လုံးအိမ်ထဲက Tapetum Lucidum လို့ခေါ်တဲ့ တစ်ရှုးအလွှာတစ်ခုမျိုးက သူတို့ကိုအမှောင်ထဲကကောင်းစွာမြင်စေနိုင်ပါတယ်။ နောက်ပြီး ကြောင်တွေဟာအမြင်အာရုံပျောက်သွားခြင်းမရှိဘဲ မျက်တောင်ခတ်နိုင်ကြပါတယ်။ shwekhitonlinetv.com

၆။ Andean Night Monkeys

တောင်အမေရိကတိုက် ပီရူးနိုင်ငံပိုင်နက်ထဲက အင်ဒီးစ်တောင်တန်း (Andes Mountains) တွေမှာမွေးဖွားကြတာကြောင့် သူတို့ကို Andean Night Monkeys လို့ခေါ်ကြတာဖြစ်ပါတယ်။ ဒီမျောက်မျိုးစိတ်တွေဟာ မျိုးသုဉ်းမယ့်အရေးနဲ့ရင်ဆိုင်နေရတဲ့ သတ္တဝါတွေလည်းဖြစ်ပြီး အကောင်ရေအနည်းငယ်သာကျန်ရှိတော့ပါတယ်။ သူတို့ဟာ အခြားဘယ်မျောက်မျိုးစိတ်ထက်ကိုမဆို အနည်းဆုံး (၅၀) ရာခိုင်နှုန်းပိုပြီးအမြင်အာရုံကောင်းကြပါတယ်။ ဒါပေမယ့် သူတို့ကသားရဲကောင်တွေမဟုတ်လို့ ညဘက်မှာအမဲလိုက်တာမျိုးမရှိဘဲ သစ်သီးဝလံရှာဖွေတာ၊ စားတာ၊ အိပ်တာ လောက်နဲ့ပဲ ညဘက်တွေကို ကုန်ဆုံးကြပါတယ်။ shwekhitonlinetv.com

၇။ မြွေများ

မြွှေတွေအားလုံးကတော့ ညဘက်မှာ ရှင်းလင်းတဲ့အမြင်အာရုံကိုပိုင်ဆိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်တွင်းက Pit Organ လို့ခေါ်တဲ့အစိတ်အပိုင်းတစ်ခုကြောင့် ပိန်းပိတ်အောင်မှောင်နေတဲ့နေရာမှာရှိနေတဲ့အရာတွေကိုတောင် မြင်နိုင်စွမ်းရှိတာဖြစ်ပါတယ်။ ဒီ အင်္ဂါအစိတ်အပိုင်းက ခန္ဓာကိုယ်ကနေအပူထုတ်လွှတ်တဲ့ ဘယ်သက်ရှိကိုမဆိုအနီအောက်ရောင်ခြည် မြင်ကွင်းမျိုးနဲ့မြင်ရအောင် လုပ်ဆောင်ပေးတာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။