Dr.Tattoo (သို့မဟုတ်) ခန္ဓာကိုယ်အပြည့်တက်တူးထိုးထားတဲ့ ယာကူဇာတွေရဲ့အရေပြားတွေကို အချပ်လိုက်နွှာခဲ့သူ

Fukushi Masaichi (1878–1956) ဆိုတာကတော့ ထူးခြားတဲ့ဂျပန်လူမျိုးသမားတော်တစ်ဦးဖြစ်ပါတယ်။ သူက နိပွန်ဆေးတက္ကသိုလ်ရဲ့ ရောဂါဗေဒပါမောက္ခတစ်ဦးလည်းဖြစ်သလို ဆေးသိပ္ပံလောကကို တစ်ခေတ်ဆန်းစေခဲ့တဲ့သူလို့လည်း ဆိုနိုင်ပါတယ်။ shwekhitonlinetv.com

သူနဲ့ သူ့ရဲ့သားဖြစ်တဲ့ Fukushi Katsunari ကိုတော့ ဂျပန်နိုင်ငံမှာ “Irszumi Hakase” (“Dr.Tattoo”) လို့လူသိများကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့သားအဖနှစ်ယောက်ဟာ ခန္ဓာကိုယ်အပြည့်တက်တူးတွေထိုးထားတဲ့ ယာကူဇာ (Yakuza) တွေရဲ့ အရေပြားတွေကိုအချပ်လိုက် နွှာပြီး သုတေသနပြုလေ့လာခဲ့ကြလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

တိုကျိုဆေးတက္ကသိုလ်မှာ ပညာဆည်းပူးခဲ့ရုံသာမက ဂျာမနီနိုင်ငံမှာလည်း ဆေးပညာသင်ယူခဲ့တဲ့ Fukushi Masaichi ဟာ ကာလသားရောဂါရဲ့နောက်ဆက်တွဲဝေဒနာတွေအဖြစ် သွေးလွှတ်ကြောမကြီးနဲ့ သိုင်းရွိုက်ဂလင်းရောင်ရမ်းမှုရဲ့ ဆက်စပ်မှုတွေကို အဓိကသုတေသနပြု လေ့လာခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုလေ့လာခဲ့ရာမှာတော့ တက်တူးထဲမှာပါရှိတဲ့ မှင်က ကာလသားရောဂါကြောင့် ရုပ်ပျက်နေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့အချက်ကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သူဟာ တက်တူးတွေကို အလွန်စိတ်ဝင်စားလာခဲ့ပြီး မတူညီတဲ့ လူ့အရေပြားပေါ်ကတက်တူးတွေကို အသေးစိတ်လေ့လာဖို့အတွက် တစ်ကိုယ်လုံး တက်တူးထိုးထားသူတွေရဲ့ အရေခွံတွေကိုအချပ်လိုက် နွှာပြီး တက်တူးအရေပြားတွေ စုဆောင်းခဲ့ပါတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီလိုစုဆောင်းရာမှာတော့ နာမည်ကျော် ယာကူဇာဂိုဏ်းသားတစ်ယောက်နဲ့ အချိတ်အဆက်ရပြီး အကြောင်းအမျိူးမျိူးကြောင့်ဆုံးပါးကွယ်လွန်ခဲ့ကြရတဲ့ ယာကူဇာတွေရဲ့ တက်တူးအပြည့်ထိုးထားတဲ့ ခန္ဓာကိုယ်အရေပြားတွေကို စတင်ခွာယူပါတော့တယ်။ shwekhitonlinetv.com

ဒီလိုခွာယူခဲ့ပြီး လူ့အရေပြားကို အရောင်အဆင်းမပျက်ပဲ ကြာရှည်ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းတွေကိုပါ ကြံဆဖန်တီးနိုင်ခဲ့ပြန်ပါတယ်။ ဒါကတော့ Glycerin (သို့မဟုတ်) Formalin စတဲ့အရည်တွေထဲမှာ အချိန်ကာလတစ်ခုကြာ နှစ်မြုပ်ထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

သူ့ဘဝတစ်လျှောက်မှာ ယာကူဇာ (၂၀၀၀) ကျော်အပါအဝင် တက်တူးအပြည့်နဲ့ ခန္ဓာကိုယ်အရေပြားချပ် (၃၀၀၀) ဝန်းကျင်ကို ပုံစံမပျက် နွှာယူစုဆောင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ သူစုဆောင်းထားတဲ့ အရေပြားချပ် အများအပြားပျက်စီး ပျောက်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ shwekhitonlinetv.com

သူ့ရဲ့မိခင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံပါ ကမ္ဘာစစ်ကြီးထဲပါဝင်လာချိန်မှာတော့ ကျန်ရှိတဲ့လက်ကျန်အရေပြား (၁၀၅) ချပ်လောက်ကို ဗုံးခိုကျင်းတွေဆီကို ရွှေ့ပြောင်းထားရှိခဲ့ရပါတယ်။ Fukushi Masaichi ကွယ်လွန်ခဲ့တဲ့ အချိန်မှာတော့ ဒီလက်ကျန်အရေပြားတွေကို တိုကျိူတက္ကသိုလ်ရဲ့ ရောဂါဗေဒပြတိုက်ခန်းထဲမှာ ဒီနေ့အချိန်အထိ ခင်းကျင်းပြသထားလျက်ရှိပါတော့တယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။