အိန္ဒိယနိုင်ငံသားတချို့တောင် မသိကြတဲ့ အိန္ဒိယနိုင်ငံရဲ့ ထူးခြားဆန်းပြားတဲ့ နေရာ (၈) ခု

အိန္ဒိယနိုင်ငံလို့ဆိုလိုက်တာနဲ့ တာ့ချ်မဟာ ဒါမှမဟုတ် ဟိမဝန္တာတောင်တန်းတွေကိုပဲ ပြေးမြင်မိကြမယ်ထင်ပါတယ်။ အခုတခါမှာတော့ အိန္ဒိယနိုင်ငံရဲ့ လူသိနည်းပြီး ထူးခြားလှတဲ့ နေရာ ၈ ခုကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ အိမ်သာပြတိုက်

အမျိုးမျိုးသော သမိုင်း ၊ အနုပညာ ပြတိုက်တွေကို နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ တွေ့ဖူးကြမယ် ထင်ပါတယ်။ အိန္ဒိယနိုင်ငံမှာကတော့ တခြားနိုင်ငံများမှာ မရှိတဲ့ အိမ်သာပြတိုက်ကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ Sulabh International Museum လို့ခေါ်တဲ့ အဆိုပါ အိမ်သာပြတိုက်မှာတော့ 2500BCE ကနေပြီး ဒီနေ့ခေတ်အထိ ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြတဲ့ အိမ်သာတွေရဲ့ အဆင့်ဆင့်ပြောင်းလဲလာပုံကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ shwekhitonlinetv.com

စာအုပ်စင်ပုံစံ ပြုလုပ်ထားတဲ့ အိမ်သာပုံစံတွေအပြင် King Louis XIV အသုံးပြုခဲ့တဲ့ ပလ္လင်ပုံသဏ္ဍာန်ရှိ အိမ်သာပုံတူကိုလည်း အဆိုပါပြတိုက်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အိမ်သာပြတိုက် Sulabh International Museum ကို နာမည်ကြီး တိုင်းမ်မဂ္ဂဇင်းကနေပြီး ကမ္ဘာတလွှား ထူးဆန်းတဲ့ ပြတိုက် ၁၀ ခုမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ shwekhitonlinetv.com

၂။ ရေပေါ်ဘုရားရှိခိုးကျောင်း

မိုးရာသီကာလများမှာ Shettihalli Rosary Church လို့ အမည်ရတဲ့ စွန့်ပြစ်ခံဘုရားကျောင်းဝင်းထဲမှာ ရေများနစ်မြုပ်မှုကြောင့် ရေပေါ်ဘုရားရှိခိုးကျောင်းရယ်လို့ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။ မိုးအရမ်းရွာသွန်းတဲ့ အချိန်တွေမှာဆိုရင်တော့ ဘုရားရှိခိုးကျောင်းရဲ့ ၃ ပုံ ၁ ပုံကိုပဲ မြင်တွေ့ရမှာ ဖြစ်ပြီး ကျန်တဲ့အပိုင်းကတော့ ရေအောက်ရောက်နေတယ်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၃။ သရဲခြောက်တဲ့ ခံတပ်

အိန္ဒိယနိုင်ငံရဲ့ မြောက်များလှစွာသော သရဲခြောက်တတ်တဲ့ နေရာများထဲက တခုဖြစ်တဲ့ Bhangarh လို့ နာမည်ရတဲ့ ခံတပ်ကတော့ ၁၇ ရာစုလက်ရာပဲ ဖြစ်ပါတယ်။ ဒေသတွင်းဒဏ္ဍာရီ စကားများအရ အဆိုပါခံတပ်ဟာ ကျိန်စာကြောင့် လူတွေရဲ့ စွန့်ပြစ်ခြင်းခံရတယ်လို့ ဆိုပါတယ်။ အချို့ပြောစကားများအရ Bhangarh ခံတပ်ကို ကျိန်စာတိုက်ခဲ့သူကတော့ မှော်ဆရာတယောက်ဖြစ်ပါတယ်တဲ့ ။ မှော်ဆရာဟာ ခံတပ်မှာ နေထိုင်တဲ့ မင်းသမီးကို ချစ်မြတ်နိုးခဲ့ပေမဲ့ မင်းသမီးက သူ့ရဲ့ အချစ်ကို လက်မခံခဲ့တာကြောင့် ခံတပ်ကို ကျိန်စာတိုက်ခဲ့တာလို့လည်း ဆိုကြပါတယ်။ shwekhitonlinetv.com

နောက်ထပ်အကြောင်းအရာ တမျိုးကတော့ ဒေသခံဂုရုတယောက်က ခံတပ်ရဲ့ အရိပ်ဟာ သူ့အိမ်ပေါ်ကို ကျရောက်နေတာကြောင့် ဒေါသထွက်ပြီး ကျိန်စာတိုက်ခဲ့တယ်လို့လည်း ပါးစပ်ရာဇဝင်များအရ သိရပါတယ်။ အဆိုပါ အကြောင်းအရာများ မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ Bhangarh ခံတပ်ကိုတော့ ညနေ နေဝင်ပြီဆိုတာနဲ့ အလည်အပတ်လာရောက်ခြင်းကို တားမြစ်ထားပါတယ်။ shwekhitonlinetv.com

၄။ နှစ်ပေါင်း ၆၆ သန်း သက်တမ်းရှိ ကျောက်တုံး

မွန်ဘိုင်း ( Mumbai ) မြို့ကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ ထူးခြားအံ့အားသင့်ဖွယ်တွေထဲက တခုဖြစ်တဲ့ Gilbert Hill ကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ Gilbert Hill ရဲ့ သက်တမ်းကတော့ နှစ်သန်းပေါင်း ၆၆ နှစ် ရှိနေပြီဖြစ်ပြီး အမြင့်ကတော့ ပေ ၂၀၀ ထိ မြင့်တယ်လို့ ဆိုပါတယ်။ အဆိုပါ သက်တမ်းရင့်ကျောက်ဆိုင်ကျောက်သားကြီးကိုတော့ အနက်ရောင် basalt တွေနဲ့ ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

Gilbert Hill ကို လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆၆ နှစ် ( mesozoic era ) လို့ခေါ်တဲ့ ကျောက်ခေတ်ရဲ့ ခေတ်တခေတ်မှာ ချော်ရည်ပူများ မြေမျက်နှာပြင်ပေါ် ထွက်လာခြင်းကြောင့် ပေါ်ထွန်းခဲ့တဲ့ ကျောက်ဆိုင်ကျောက်သားကြီးဖြစ်တယ်လို့ ပညာရှင်များက ဆိုကြပါတယ်။ ဒေသခံတွေကတော့ ကျောက်တုံးကြီးကို မြို့လယ်မှာရှိတဲ့ သိုသိပ်လွန်းတဲ့ လှို့ဝှက်ချက်လို့ ပြောဆိုကြပါတယ်။ Gilbert Hill ကတော့ မွန်ဘိုင်းမြို့လယ်မှာ သက်တမ်းရှည်ကြာစွာ တည်ရှိနေပါတယ်။ shwekhitonlinetv.com

၅။ ကျောက်ခေတ်ပန်းချီများနဲ့ကျောက်တုံးများ

အတိတ်ကို ပြန်လည်တူးဆွပြီး ခြေရာကောက်နိုင်ဖို့အတွက် အခွင့်အရေးတွေကတော့ အိန္ဒိယနိုင်ငံမှာ အများကြီး ရှိနေပါတယ်။ ကျောက်ခေတ်ကို ခန့်မှန်းလေ့လာနိုင်ဖို့အတွက် ကျောက်ခေတ်ပန်းချီများရှိတဲ့ ကျောက်တုံးများကိုလည်း အိန္ဒိယနိုင်ငံမှာ တွေ့ရှိနိုင်ပါတယ်။ အဆိုပါ ကျောက်ခေတ်ပန်းချီများနဲ့ ပြည့်နှက်နေတဲ့ ကျောက်တုံးများကို Bhimbetka rock shelters လို့ခေါ်ပြီး Paleolithic နဲ့ Mesolithic ကျောက်ခေတ်အပိုင်းအခြားကာလတွေမှာ ရှိခဲ့တဲ့ ကျောက်တုံးများပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

ကျောက်တုံးများမှာရှိတဲ့ ကျောက်ခေတ်ပန်းချီများကို လေ့လာခြင်းအားဖြင့် လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ကျောက်ခေတ်လူသားတို့ရဲ့ တစတစ တိုးတက်ပြောင်းလဲလာတဲ့ လူနေမှုအဆင့်အတန်းကို တွေ့မြင်နိုင်မှာပါ။ ကျောက်ခတ်ပန်းချီများနဲ့ ပြည့်နေတဲ့ အိန္ဒိယနိုင်ငံ့ဂုဏ်ဆောင် Bhimbetka rock shelters ကတော့ UNESCO စာရင်းဝင် ကမ္ဘာ့အမွေအနှစ်တခုလည်း ဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ တူတူပုန်းတမ်းကစားတဲ့ ကမ်းခြေ

တူတူပုန်းတမ်းကစားတဲ့ ကမ်းခြေ ( Hide and seek beach ) ကတော့ အိန္ဒိယနိုင်ငံမှာရှိတဲ့ မြောက်များလှစွာသော ကမ်းခြေတွေနဲ့ မတူညီပဲ ထူးခြားဆန်းပြားတဲ့ ကမ်းခြေတခုပဲ ဖြစ်ပါတယ်။ ကမ်းခြေမှာရှိတဲ့ ရေတွေဟာ နေ့စဥ်နဲ့အမျှ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်တာကြောင့် တူတူပုန်းတမ်းကစားတဲ့ ကမ်းခြေလို့ တင်စားခေါ်ဝေါ် ခဲ့ကြတာပါ။ အဆိုပါ တူတူပုန်းတမ်းကစားတဲ့ ကမ်းခြေကတော့ Chandipur Beach လို့ အမည်ရပြီး အိန္ဒိယနိုင်ငံရဲ့ Odisha မှာ တည်ရှိပါတယ်။ shwekhitonlinetv.com

ရေကျချိန်မှာဆိုရင် ရေတွေဟာ ကမ်းစပ်ကနေပြီး ၃.၁ မိုင် ( ၅ ကီလိုမီတာ ) အကွာအဝေးအထိ ရေကျသွားတတ်ပါတယ်။ အဆိုပါ ကမ်းခြေ မှာတော့ နေ့တိုင်း နေ့တိုင်း အံ့သြဖွယ်ကောင်းပြီး ထူးခြားလှတဲ့ သဘာဝဖြစ်စဥ် ဒီရေ အတက်အကျ ကို သင်ကိုယ်တိုင် တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အုတ်ဂူတွေရှိတဲ့ စားသောက်ဆိုင်

အိန္ဒိယနိုင်ငံရဲ့ တမူထူးခြားတဲ့ နေရာတွေအကြောင်း ပြောမယ်ဆိုရင် ဒီစားသောက်ဆိုင်ကိုလည်း ချန်ထားလို့ မရပါဘူးနော်။ New Lucky Restaurant လို့ခေါ်တဲ့ စားသောက်ဆိုင်မှာတော့ ဒေသအစားအသောက်များကိုသာမက သေခြင်းတရားရဲ့ အမှတ်သညာဖြစ်တဲ့ အုတ်ဂူတွေကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်ကို သင်္ချိုင်းဟောင်းတခုရဲ့ အလည်မှာ တည်ဆောက်ခဲ့တာကြောင့် အုတ်ဂူတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။ shwekhitonlinetv.com

စားသောက်ဆိုင်ပိုင်ရှင်က အုတ်ဂူတွေကို မဖြိုဖျက်ပဲ အုတ်ဂူတွေရဲ့ ဘေးမှာပဲ စားပွဲ ထိုင်ခုံတွေကို ပြင်ဆင်တည်ခင်းခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အဆိုပါ အုတ်ဂူတွေဟာ သူ့အတွက် ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတာကြောင့်လို့ ဆိုပါတယ်။ shwekhitonlinetv.com

၈။ ကြွက်တွေနဲ့ပြည့်နေတဲ့ ဘုရားကျောင်း

အိန္ဒိယနိုင်ငံရဲ့ မြောက်များလှစွာသော ဘုရားရှိခိုးကျောင်းတွေထဲကမှ ထူးခြားထင်ရှားတဲ့ ဘုရားကျောင်းတကျောင်းပဲ ဖြစ်ပါတယ်။ Karni Mata Temple လို့အမည်ရတဲ့ ဘုရားကျောင်းဟာ ဝတ်ပြုဆုတောင်းရာ ဘုရားကျောင်းဖြစ်ရုံသာမက ကြွက်အရေအတွက်ပေါင်း ၂၀,၀၀၀ ရဲ့ အိမ်လည်းဖြစ်ပါတယ်။ ပါးစပ်သမိုင်းရာဇဝင်အရ Karni Mata ( အမျိုးသမီးစစ်သည် ) ဆိုတဲ့ အမျိုးသမီးရဲ့ လင်ပါသားဟာ သေဆုံးသွားခဲ့ပါတယ်။ shwekhitonlinetv.com

ဒ့ါကြောင့် သူမက ဘုရားသခင်ထံပါးကနေပြီး လင်ပါသားအတွက် ပြန်လည်ရှင်သန်ခြင်းကို ချီးမြောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ထိုအခါမှာ ဘုရားသခင်ကနေပြီး လင်ပါသားအတွက်သာမက သူမရဲ့ နောက်ထပ် သားများအတွက်ကိုပါ ကြွက်တွေအဖြစ် ပြန်လည်ဝင်စားစေဖို့ ခွင့်ပေးလိုက်ပါတယ်။ ဒါ့ကြောင့် အဆိုပါ ဘုရားကျောင်းမှာရှိတဲ့ ကြွက်များဟာ ဘုရားသခင်စီရင်ထားတဲ့ သတ္တဝါများဖြစ်ကြတယ်လို့ အားလုံးက သတ်မှတ်ထားပြီး အစားအသောက်များ ကျွေးမွေးထားကြပါတယ်။ shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ အိန္ဒိယနိုင်ငံရဲ့ သူမတူ တမူထူးခြားတဲ့ လည်ပတ်စရာ နေရာများအကြောင်းပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဘယ်နေရာကို လည်ပတ်ချင်လဲဆိုတာ ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။