သင့်အိမ်ဝန်းကျင်ကို အိမ်မက်ထဲကအတိုင်း အလှပဆုံးဖြစ်အောင် ပြောင်းလဲပေးနိုင်တဲ့ သစ်ပင်များ

အခုတစ်ခေါက်ဖော်ပြပေးချင်တဲ့ အကြောင်းအရာတွေကတော့ သစ်ပင်ပန်းမန်နဲ့ အလှစိုက်အပင်တွေကို စိုက်ပျိုးရတာ ဝါသနာပါတဲ့သူတွေ အကြိုက်တွေ့စေမယ့် အကြောင်းအရာလေး ဖြစ်မယ်ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ အခုဖော်ပြပေးမှာက တစ်ပင်လောက်စိုက်ထားရုံနဲ့ ကိုယ့်ရဲ့ဥယာဉ်ခြံဝန်း၊ နေအိမ်ဝန်းကျင်ကို အလှပဆုံးဖြစ်အောင် ဖန်တီးနိုင်မယ့် အပင်တွေအကြောင်း ဖြစ်လို့ပါပဲ။ စိတ်ဝင်စားရင်တော့ အကြောင်းအရာလေးကို ဆက်လက်လေ့လာလိုက်ရအောင်နော် ….. shwekhitonlinetv.com

၁။ Jacaranda

Jacaranda လို့အမည်ရတဲ့ ဒီအပင်ကတော့ တောင်အမေရိကနဲ့ အလယ်အမေရိက မျိုးရင်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပူပိုင်းနဲ့ သမပိုင်းဒေသတွေမှာပါ ပေါက်ရောက်နိုင်လို့ လက်ရှိအချိန်မှာ ကမ္ဘာ့နေရာဒေသ အချို့မှာပါ မြင်တွေ့ နေရပြီဖြစ်ပါတယ်။ စူးရှတဲ့အနံရှိပြီး အရမ်းကိုလှပတဲ့ ခရမ်းနုရောင်ပွင့်ဖတ်တွေနဲ့ အပင်ကြီးမျိုးတွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Cherry Tree

ချယ်ရီပင်တွေကတော့ အထွေအထူးပြောဖို့ မလိုလောက်အောင် အားလုံးလဲသိပြီးသားဖြစ်မယ့် အပင်တွေပဲ ဖြစ်ပါတယ်။ ဂျပန်ရိုးရာအယူမှာတော့ ချယ်ရီပွင့်တွေဟာ မျှော်လင့်ခြင်းနဲ့ အသစ်တစ်ဖန်ဖြစ်ထွန်းခြင်းရဲ့ အမှတ်သင်္ကေတတစ်ရပ်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာတော့ အရောင်အသွေးမျိုးစုံနဲ့ ချယ်ရီပန်းပင် မျိုးစိတ်ပေါင်း (၂၀၀) ကျော်ရှိပါတယ်။ shwekhitonlinetv.com

၃။ Wisteria

နှစ်ပေါင်း (၁၀၀) ကျော်လောက်အထိ သက်တမ်းကြာရှည်စွာတည်ရှိနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အပင်ကြီးပုံစံမျိုးပင်စည်ကကြီးထွားနိုင်ပေမယ့်လည်း ရုက္ခဗေဒ သတ်မှတ်ချက်အရတော့ ဒီအပင်က စပျစ်ပင်လိုမျိုး နွယ်ပင်မျိုးနွယ်ဖြစ်ပါတယ်။ ဒါ့ကြောင့်တစ်ချို့နိုင်ငံတွေမှာတော့ တိုက်နံရံတွေမှာပါ ကပ်စိုက်ပြီးအလှဆင်ကြပါတယ်။ အပွင့်တွေဝေဝေဆာဆာပွင့်တက်ပြီး အရောင်အဆင်းကတော့ ခရမ်းနုရောင်နဲ့ အပြာနုရောင် အများဆုံးတွေ့ရတက်ပါတယ်။ shwekhitonlinetv.com

၄။ Magnolia

မြန်မာနိုင်ငံမှာတော့ ဒီအပင်ကို တတိုင်းမွှေးပင်လို့ ခေါ်ကြပါတယ်။ နွေရာသီရွက်ကြွေချိန်မှာ တစ်ပင်လုံးဖုံးအောင် အပွင့်တွေချည်းပွင့်တက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀၀၀) လောက်ကတည်းက ဒီအပင်တွေကို စတင်စိုက်ပျိုးခဲ့တာလို့လည်း မှတ်တမ်းတွေအရသိရပါတယ်။ အရောင်အသွေးအားဖြင့်တော့ ပန်းနုရောင်၊ အဖြူရောင်တို့ကို အများအားဖြင့်တွေ့ရတတ်ပါတယ်။ shwekhitonlinetv.com

၅။ Rhododendron

Rhododendron လို့ခေါ်တဲ့ တောင်ဇလပ်ပန်းတွေကိုတော့ မြန်မာနိုင်ငံမှာဆိုရင် ချင်းပြည်နယ်မှာ အများဆုံးတွေ့ရတက်ပါတယ်။ ရုက္ခဗေဒ သတ်မှတ်ချက်အရ ချုံပုတ်ပင်မျိုးနွယ်ဖြစ်ပေမယ့်လည်း အတော် အသင့်မြင့်မားတဲ့အထိ ရှင်သန်နိုင်ပါတယ်။ အပွင့်တွေ အဆုပ်လိုက်ပွင့်ဖူးတက်တဲ့ အပင်ဖြစ်ပြီး အရောင်အသွေးလည်းစုံလင်လှတာကြောင့် မိမိတို့နေအိမ်ခြံဝန်းကို အလှဆင်ဖို့ရွေးချယ်သင့်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Illawarra Flame tree

ဒီအပင်ကတော့ မြန်မာနိုင်ငံမှာတွေ့ရတက်တဲ့ စိန်ပန်းပင်အနွယ်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ခေါင်းလောင်းနဲ့တူတဲ့ အနီရောင်ပန်းတွေ တစ်ပင်လုံး ဝေဝေဆာဆာပွင့်တက်ပြီး အရမ်းကိုကြည့်လို့ကောင်းတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ လမ်းတွေမှာအလေ့ကျပေါက်တဲ့အရိုင်းပင်တွေကတော့ အမြင့် (၃၅) မီတာလောက် မြင့်ပြီး ခြံဝန်းတွင်းအလှစိုက်တဲ့အပင်တွေကတော့ အများဆုံး (၁၀) မီတာအထိသာကြီးထွားကြပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက ပန်းအလှစိုက်တဲ့ ဝါသနာရှင်တွေက ဒီအပင်ကို ဘွန်ဇိုင်းပင်ဖြစ်အောင် ပြုလုပ်ဖန်တီးပြီးစိုက်ပျိုးနေကြတာမျိုး လူမှုကွန်ယက်တွေပေါ်မှာ မြင်တွေ့နေရပြီဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Maple Tree

မေပယ်ပင်ကိုတော့ သူ့ရဲ့အရွက်တွေ အရောင်ပြောင်းလဲမှုကြောင့် လူသိများလှပါတယ်။ ဆောင်းဦးရာသီတွေမှာဆိုရင် ဒီအပင်တွေဟာ အရမ်းကိုလှပပြီး မြင်ရသူတိုင်းကို အေးချမ်းလွမ်းဆွတ်တဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်တဲ့ အပင်တွေလည်း ဖြစ်ပါတယ်။ ရိုမန်တစ်ဆန်တဲ့သူတွေ စိတ်ကူးယဉ်တက်တဲ့ သူတွေအကြိုက်ပေါ့ …. shwekhitonlinetv.com

၈။ Yellow Mimosa

ဒီအပင်မျိုးကိုတော့ မြန်မာနိုင်ငံမှာဆိုရင် ထိကရုံးကြီး လို့ခေါ်လေ့ရှိပါတယ်။ အဝါရောင်အပွင့်တွေတစ်ပင်လုံးအနှံ့ ဖူးပွင်းလေ့ရှိပြီး အပင်ပုံစံနဲ့ အပွင့်တွေက အဝေးကကြည့်ရင် ပိတောက်ပန်း၊ ငုဝါပန်း၊ မလေးရှားပိတောက် စတဲ့အပင်တွေနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မျိုးရင်းကတော့ သြစတြေးလျ တိုက်ဖြစ်ပြီး ဘယ်လိုမြေဆီလွှာအခြေအနေမျိုးမှာ မဆိုပေါက်ရောက်နိုင်တဲ့ အပင်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Crape Myrtles

ဒီအပင်တွေကတော့ ချုံနွယ်ပုံစံမျိုးလည်းတွေ့ရသလို ပင်စည်တစ်ဖြောင့်တည်းနဲ့အပင်ကြီးမျိုးအဖြစ်လည်းတွေ့ရတက်တဲ့ Hybrid အမျိုးအစားအပင်တွေဖြစ်ပါတယ်။ သူ့ရဲ့အပွင့်တွေကတော့ အရောင်အသွေးစုံလင်လှသလို တစ်ပင်လုံးနီးပါးပြည့်နေအောင် ပွင့်တတ်တာကြောင့် ကြည့်ရတာ တကယ့်ကိုရှုမငြီးနိုင်တဲ့ အပင်တစ်မျိုးပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Guayacán tree

အလယ်နဲ့တောင်အမေရိကဒေသတွေမှာ အလေ့ကျပေါက်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ပူပြင်းတဲ့နွေရာသီမှာ အပင်က အရွက်တွေအကုန်ဆုံးရှုံးပြီး ရိုးတံအပျိုင်းပျိုင်းဖြစ်နေတတ်ပေမယ့် မိုးဦးကျပြီဆိုရင် အဝါရောင် အပွင့်တွေ တစ်ပင်လုံးအပြည့် ဝေနေအောင်ပွင့်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အပင်ကို ကြည့်တာနဲ့တင် ဒီလိုအပင်မျိုးကို ခြံဝန်းထဲမှာစိုက်ပျိုးထားရင် ဘယ်လောက်တောင် လှမလဲဆိုတာ တွေးကြည့်နိုင်မှာပါ။shwekhitonlinetv.com

အခုဖော်ပြပေးခဲ့တာကတော့ မိမိရဲ့ နေအိမ်ခြံဝန်းလေးကို အိမ်မက်တိုင်းပြည်လေးထဲကလို သစ်ပင်ပန်းပင်တွေနဲ့ အလှဆင်လိုတဲ့သူတွေအနေနဲ့ စိုက်ပျိုးသင့်တဲ့ အပင်တွေပဲဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။