ထူးဆန်းအောင် ပြုလုပ်ခဲ့ပေမဲ့ ရယ်စရာကောင်းတဲ့အဖြစ်နဲ့ ကြုံခဲ့ရတဲ့ ဖန်တီးမှုများ

ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာတဲ့အမျှ လူတို့ရဲ့ တီထွင်ဖန်တီးမှုတို့ကလည်း အဆုံးမရှိ တိုးတက်လာတယ်ဆိုတာ အားလုံးသိကြမယ် ထင်ပါတယ်နော်။ Shwe Khit ပရိတ်သတ်ကြီးအတွက် အခုတခေါက် ဖော်ပြပေးသွားမှာကတော့ အများနဲ့မတူ တမူထူးဆန်းစေဖို့ ဖန်တီးခဲ့ပေမဲ့ တကယ့်အမြင်မှာတော့ ရယ်စရာဖြစ်ခဲ့ရတဲ့ ဖန်တီးမှုတွေအကြောင်းပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

၁။​ သွားတွေနဲ့ အပြည့်ဖုံးအုပ်ထားတဲ့ ကိတ်မုန့်

ကိတ်မုန့်တွေကို ပြုလုပ်တဲ့အခါ အရသာပိုင်းအတွက်သာမက အမြင်အာရုံမှာလည်း ဆွဲဆောင်မှုရှိစေဖို့အတွက် ဖန်တီးပြုလုပ်လာကြပါတယ်။ ပုံမှာတွေ့ရတဲ့ ကိတ်မုန့်ကတော့ သွားဆရာဝန်တယောက်အတွက် ကိတ်မုန့်လို့ ယူဆရပါတယ်။ ဘာလို့လဲဆိုတော့ ကိတ်မုန့်တခုလုံးကို အဖြူရောင်ချောကလက်တွေနဲ့ ပြုလုပ်ထားတဲ့ သွားတွေနဲ့ ဖုံးအုပ်ထားလို့ပဲ ဖြစ်ပါတယ်။ သွားတွေနဲ့ ဖုံးအုပ်သလို ဖြစ်နေတဲ့ အဆိုပါ ကိတ်မုန့်ကိုတော့ ဘယ်သူကမှ စားချင်စိတ်ဖြစ်လာမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၂။ ကျောချမ်းစရာကောင်းတဲ့ အိမ််သာ

ပုံမှာတွေ့ရတဲ့ အိမ်သာကတော့ မြင်လိုက်တာနဲ့တင် တခါတည်း ထွက်ပြေးချင်စိတ်ပေါက်စေမယ် ထင်ပါတယ်။ အိမ်သာရဲ့ အဖုံးကို သံမှိုတွေ ကျဲချထားတဲ့ ဒီဇိုင်းနဲ့ အလှဆင်ထားတာကတော့ တကယ့်ကို ဆိုးရွားလွန်းတဲ့ အပြင်အဆင်ပါပဲနော်။ shwekhitonlinetv.com

၃။ မျက်လုံးတွေ အပြည့်နဲ့ ပန်းအိုး

ပုံမှာ တွေ့မြင်ရတာကတော့ မျက်လုံးတွေ အပြည့်နဲ့ ပန်းအိုးပဲ ဖြစ်ပါတယ်​။ အခုလို မျက်လုံးတွေ အပြည့်နဲ့ ပန်းအိုးကို ညမှောင်မှောင်မှာ တွေ့ရမယ်ဆိုရင်တော့ တကယ်ကို ခြောက်ခြားစရာ ဖြစ်နေမှာပါနော်။ shwekhitonlinetv.com

၄။ ယင်ကောင်ဦးထုပ်

New Orleans ရဲ့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှာ ခင်းကျင်းပြသထားတဲ့ ဦးထုပ်ပဲ ဖြစ်ပါတယ်​။ ယင်ကောင်တွေဆိုတာ လူကို စိတ်အနှောင့်အယှက်ပေးနိုင်ဆုံး သတ္တဝါတွေလို့ ဆိုရလောက်တဲ့အထိ လူတွေရဲ့ မနှစ်မြို့ခြင်းကို ခံရတဲ့ တိရစ္ဆာန်တွေပဲ ဖြစ်ပါတယ်။ လူတွေ မနှစ်မြို့တဲ့ ယင်ကောင်ပုံစံကိုယူပြီး ဦးထုပ်ကို တီထွင်ဖန်တီးခဲ့တဲ့သူကတော့ တကယ့်ကို လူထူးလူဆန်းပါပဲနော်။ shwekhitonlinetv.com

၅။​ လူခြေထောက်ပုံစံပန်းအိုး

ဂျင်းဘောင်းဘီအဟောင်းတွေထဲမှာ မြေဆွေးတွေထည့်ပြီး ပန်းပင်စိုက်ပျိုးရာကနေ အခုလို အလှဆင်ပန်းအိုးလေးတွေကို ဖန်တီးပြုလုပ်လာကြတာ ဖြစ်ပါတယ်။ လူခြေထောက်ပုံစံ ပန်းအိုးလေးတွေက အမြင်တမျိုးဆန်းသစ်ပြီး လှပတယ်ဆိုပေမဲ့ ရုတ်တရက် မြင်လိုက်မယ်ဆိုရင်တော့ ထိတ်လန့်မိကြမယ် ထင်ပါတယ်။ shwekhitonlinetv.com

၆။ မြက်ပင်အတုတွေနဲ့ကား

ကားကို အမျိုးမျိုး အလှဆင်ပြီး စီးကြတဲ့ သူတွေထဲမှာ ဒီကားပိုင်ရှင်ကတော့ အထူးဆန်းဆုံး ဖြစ်မယ်ထင်ပါတယ်။ ကားတစီးလုံးနီးပါးကို မြက်ပင်အတုတွေကပ်ပြီး အလှဆင်ထားတာကတော့ မြင်တဲ့သူတိုင်းကို အကြည့်မလွှဲနိုင်အောင် ဖမ်းစားနိုင်မယ်ဆိုတာ သေချာပါတယ်။ shwekhitonlinetv.com

၇။ ကြက်ပုံစံလက်ကိုင်အိတ်

မိန်းကလေးတွေရဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ တခေတ်ဆန်းပြီလားလို့တောင် တွေးနိုင်တဲ့ လက်ကိုင်အိတ်ပါ။ လူတကာရဲ့ အာရုံကို ဖမ်းစားချင်တယ်ဆိုရင်တော့ ကြက်ပုံစံလက်ကိုင်အိတ်ကို ကိုင်ပြီး ရှော့ပင်းသာ ထွက်လိုက်ပါနော်။ shwekhitonlinetv.com

၈။ ဥာဏ်ကြီးရှင်ရဲ့ တီထွင်မှု

Jet ski လို့ခေါ်တဲ့ ရေထဲမှာပဲ စီးလို့ရတဲ့ စီးတော်ယာဥ်ကို ရေထဲမှာသာမက ကုန်းပေါ်မှာပါ စီးလို့ရအောင် ဖန်တီးပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ ဘေးဘက်ကို ကားနေတဲ့ သူ့ရဲ့ ကိုယ်ထည်ကြောင့် ယာဥ်မတော်တဆမှု ဖြစ်နိုင်ခြေများသလို စီးရတာလည်း အဆင်ပြေမယ် မထင်ပါဘူးနော်။ shwekhitonlinetv.com

၉။ ပန်းအိုးတဖြစ်လဲ အိမ်သာ

အိမ်သာအဟောင်းတွေကို ဒီလိုအလှဆင်ပြီး ပြန်လည်အသုံးပြုနိုင်ပါသေးတယ်နော်။ စွန့်ပြစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတာဟာ ကောင်းပေမဲ့လည်း အိမ်သာအဟောင်းကို ပန်းအိုးပြောင်းလိုက်တာကတော့ ကြည့်ရတာ တမျိုးဖြစ်နေမယ်ထင်ပါတယ်။ shwekhitonlinetv.com

၁၀။ လူခြေထောက်တွေပေါက်နေတဲ့ Speaker

ယှဥ်ပြိုင်မှုတွေများတဲ့ ခေတ်ကြီးမှာ အသံချဲ့စက် ( speaker ) တွေကိုလည်း ဒီဇိုင်းအမျိုးမျိုးနဲ့ ဖန်တီးပြုလုပ်လာကြပါတယ်။ ယခု ပုံထဲမှာ တွေ့ရတဲ့ speaker ကတော့ လူခြေထောက်ပေါက်နေတဲ့ ပုံစံမျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ အခုလို speaker ကို လူခြေထောက်ပေါက်နေတဲ့ပုံစံက ကြည့်လိုက်တာနဲ့ ထူးဆန်းနေမယ်ထင်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။ 

Be the first to comment

Leave a Reply