သင်လည်း အဖြေရှာလို့ရမှာ မဟုတ်တဲ့ ရူးသွပ်လောက်စရာ ဒီဇိုင်းအိုင်ဒီယာများ

အခုတစ်ခေါက်ဖော်ပြပေးမယ့် အိမ်တွင်းအိမ်ပြင်ဒီဇိုင်းတွေကိုကြည့်ရှုပြီးရင်တော့ သူတို့တွေအနေနဲ့ ဘာကြောင့်များဒီလိုမျိုးတွေ ပြုလုပ်ဖန်တီးထားသလဲဆိုတာ သင့်အနေနဲ့ အဖြေရှာလို့ရမှာမဟုတ်တာ အာမခံပါတယ်။ တစ်ကယ်လို့များ အဖြေကိုသိခဲ့ရင်တော့ Comment မှာပြောပြပေးသွားကြပါဦးနော် … shwekhitonlinetv.com

၁။ မီးဖိုချောင်က လျှို့ဝှက်ဘိုထိုင်

မီးဖိုချောင်ထဲမှာ လျှို့ဝှက်ဘိုထိုင် တစ်ခုထားရှိထားတဲ့အကြောင်းအရင်းကဘာများဖြစ်မလဲ ? ဖြစ်နိုင်ချေရှိတာက အရေးပေါ်အခြေအနေမျိုးမှာ ကိစ္စဖြေရှင်းဖို့နဲ့တူပါတယ်။ shwekhitonlinetv.com

၂။ ရူးသွပ်လွန်းတဲ့ စိတ်ကူး

ဒီဘေစင်ကို ပြုလုပ်ဖန်တီးထားတဲ့သူကတော့ အတော်လေးကို ရူးသွပ်တဲ့စိတ်ကူးစိတ်သန်းမျိုးရှိနေတာ သေချာပါတယ်။ မဟုတ်ရင် ဘယ်သူကမှဘေစင်လို ရေဇလုံထဲမီးပလပ်ပေါက်လာတပ်ဆင်ထားမှာ မဟုတ်ဘူးလေ။ shwekhitonlinetv.com

၃။ အလွန်ကျဉ်းမြောင်းလွန်းတဲ့အိမ်

နေရာကျဉ်းကျဉ်းလေးမှာ ရသလိုအိမ်ကိုဆောက်ထားတာကတော့ တစ်ကယ့်ကိုချီးကျူးချင်စရာပါ။ ဒါပေမယ့် လေပြင်းမုန်တိုင်းတို့ ငလျင်တို့လို့ သဘာဝဘေးအန္တရာယ်တွေကြောင့် ဒီအိမ်မှာနေရဲတဲ့သူရှိပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။ shwekhitonlinetv.com

၄။ အမြဲသန့်ရှင်းရေးလုပ်နေဖို့ အကြံကောင်း

ဒီ ဘိုထိုင်အိမ်သာရဲ့ ဒီဇိုင်းကတော့လုံးဝမှန်အကြည်ဒီဇိုင်းဖြစ်နေပါတယ်။ ကိုယ့်ရဲ့မစင်တွေကို ပြန်လည်မြင်နေရမှာဖြစ်တာကြောင့် အမြဲတမ်းသန့်ရှင်းရေးလုပ်ဖို့အတွက် တွန်းအားပေးတဲ့ အနေနဲ့ ဖန်တီးထားတာဖြစ်နိုင်ပါတယ်။ shwekhitonlinetv.com

၅။ ကမ္ဘာ့အန္တရာယ်အများဆုံး Bathtub

ကမ္ဘာပေါ်မှာရှိသမျှ Bathtub တွေထဲမှာတော့ ဒီ Bathtub ရဲ့အနေအထားက အန္တရာယ်အများဆုံးဖြစ်မယ်ထင်ပါတယ်။ ရေစိမ်ပြီးလို့ ယောင်ယမ်းပြီးသာခြေချော်သွားခဲ့ရင်တော့ …… shwekhitonlinetv.com

၆။ ထူးဆန်းတဲ့အိမ်သာ

ဒီအိမ်သာကိုကြည့်ရတာ ထိတ်လန့်သည်းဖိုကားတွေထဲကလိုမျိုး တစ်ခုခုကိုယ့်ဆီကိုလာတော့မလို ခံစားစေရပါတယ်။ ဘယ်လိုစိတ်ကူးမျိုးနဲ့များ အိမ်သာကိုဒီလိုဆောက်ခဲ့ကြသလဲဆိုတာ စဉ်းစားမရအောင်ပါပဲ။ shwekhitonlinetv.com

၇။ ဧည့်ခန်းအလယ်ကရေချိုးဇလုံ

ဒါကတော့ ဧည့်ခန်းအလယ်မှာ ခန့်ခန့်ကြီးရေစိမ်ချင်တဲ့သူတွေအတွက် အထူးပြုလုပ်ထားတဲ့ ဖန်ခွက်ပုံစံရေချိုးဇလုံဖြစ်ပါတယ်။ အဆင်းအတက်လုပ်ဖို့အတွက်တော့ လှေကားတစ်ခုလိုမယ်ထင်ပါရဲ့ … shwekhitonlinetv.com

၈။ အမွှေးထူတဲ့လှေကားများ

အမွှေးအမျင်တွေကို အသည်းယားတက်တဲ့သူတွေအဖို့တော့ ဒီလှေကားထစ်တွေကို အသုံးပြုရဲမယ်မထင်ပါဘူး။ ဘာကြောင့်များလှေကားထစ်ကိုဒီလိုပြုလုပ်ထားပါလိမ့်နော် … shwekhitonlinetv.com

၉။ အိမ်လား ? မီးပြတိုက်လား ? မျှော်စင်လား ?

ဒီအဆောက်အဦးကရော … လူနေအိမ်လား ? မီးပြတိုက်လား ? မျှော်စင်လား ? ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဆောက်ထားသလဲ မစဉ်းစားတက်အောင်ပါပဲ။ shwekhitonlinetv.com

၁၀။ လျှို့ဝှက်အိမ်သာ

ဒါကတော့ မီးဖိုချောင်ထဲမှာလျှို့ဝှက်ထားရှိတဲ့ နောက်ထပ်အိမ်သာဒီဇိုင်းတစ်ခုဖြစ်ပါတယ်။ ဒီပုံကိုကြည့်ကြည့်ချင်း သင့်အနေနဲ့ ဒီလျှို့ဝှက်အိမ်သာကိုတွေ့လိမ့်မယ်မထင်ပါဘူး။ shwekhitonlinetv.com

၁၁။ ခေါင်းစားချင်စရာဒီဇိုင်းနဲ့အိမ်

ဒီအိမ်ရဲ့ဒီဇိုင်းအနေအထားကိုကြည့်ပြီး တည်ဆောက်တဲ့သူတော့ ဘယ်လောက်ခေါင်းစားခဲ့မယ်မသိပါဘူး။ လောလောဆယ်တော့ ကြည့်ရင်းခေါင်းမူးနေတာအမှန်ပါ။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့် မပြုပါ။

Be the first to comment

Leave a Reply