လူသားတွေကို အန္တရာယ်အပေးဆုံး သတ္တဝါ (၁၀) မျိုး

ကမ္ဘာပေါ်မှာလူသားတွေကိုအသက်အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့သတ္တဝါတွေကတော့ အများအပြားရှိပါတယ်။ အခုတစ်ခါဖော်ပြပေးချင်တာကတော့ အဲ့ဒီလိုအန္တရာယ်ရှိတဲ့ သတ္တဝါတွေအများကြီးရှိတဲ့ အထဲကနှစ်စဉ်လူသားတွေကို အရေအတွက်အများဆုံးအသက်ဆုံးရှုံးအောင်လုပ်နေတဲ့ သတ္တဝါ (၁၀) မျိုးအကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ ခြင်္သေ့

ခြင်္သေ့တွေကတော့ ကမ္ဘာပေါ်က ဒေသအများအပြားမှာ တွေ့နိုင်တဲ့ တောရိုင်းသတ္တဝါတွေဖြစ်ပါတယ်။ သူတို့တွေကြောင့် လူတွေအသက်ဆုံးရှုံးရတာကတော့ တစ်နှစ်ကိုပျမ်းမျှအယောက် (၂၀၀) ဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ ရေမြင်း

တိရိစ္ဆာန်ရုံတွေထဲမှာမြင်တွေ့ရတဲ့ရေမြင်းတွေကတော့ နှေးကွေးလေးလံတဲ့ပုံပန်းသဏ္ဍာန်ရှိပြီး လူသားတွေကို အန္တရာယ်မပြုနိုင်ဘူးလို့ထင်ရပါတယ်။ ဒါပေမယ့် အာဖရိကလိုနေရာမျိုးမှာ သဘာဝအတိုင်းနေထိုင်ကျက်စားနေတဲ့ရေမြင်းတွေနဲ့တွေ့ရင်တော့ ဝေးဝေးကနေရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ကြောင့်နှစ်စဉ်အသက်ဆုံးရှုံးနေရတဲ့လူဦးရေကအယောက် (၅၀၀) လောက်ရှိနေလို့ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ ဆင်

ကုန်းနေသတ္တဝါတွေထဲမှာအကြီးမားဆုံးဖြစ်တဲ့ဆင်တွေကတော့ ဒီစာရင်းရဲ့အဆင့် (၈) နေရာမှာရှိနေပါတယ်။ သူတို့ကြောင့်အသက်ဆုံးရှုံးနေရတဲ့လူသားအရေအတွက်ကတော့ နှစ်စဉ်ပျမ်းမျှအယောက် (၆၀၀) နှုန်းဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ မိချောင်း

မိချောင်းလို့ဆိုလိုက်တာနဲ့လူသားတွေအတွက်အန္တရာယ်ရှိတဲ့သတ္တဝါဆိုတာကို အထူးတလည်ပြောနေဖို့လိုမယ် မထင်ပါဘူး။ မြစ်ချောင်းအင်းအိုင်တွေထဲမှာနှစ်စဉ်မိချောင်းစာဖြစ်သွားတဲ့ လူဦးရေကတော့အယောက် (၁,၀၀၀) နီးပါးရှိပါတယ်။ shwekhitonlinetv.com

၆။ ကင်းမြှီးကောက်

ကင်းမြှီးကောက်တွေကြောင့်နှစ်စဉ် အသက်ဆုံးရှုံးရတဲ့လူဦးရေကိုသိမယ်ဆိုရင် သင့်အနေနဲ့မအံ့သြဘဲနေနိုင်မယ်မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ ကင်းမြှီးကောက်တွေကြောင့်နှစ်စဉ်အသက်ဆုံးရှုံးနေရတဲ့လူဦးရေက မိချောင်းတွေရဲ့ (၃) ဆကျော်အထိရှိနေလို့ဖြစ်ပါတယ်။အဆိပ်ပြင်းလွန်းတဲ့ကင်းမြှီးကောက်တွေကြောင့် နှစ်စဉ်လူသား (၃,၃၀၀) ကျော် အသက်ပျောက်နေရပါတယ်။ shwekhitonlinetv.com

၅။ Assassin Bugs

Assassin Bugs လို့ခေါ်တဲ့ဒီအင်းဆက်ကောင်တွေကလည်း လူတွေဆီကိုကပ်ပါးရောဂါတွေသယ်ဆောင်လာပြီး နှစ်စဉ်လူဦးရေ (၁၀,၀၀၀) လောက်ကို အသက်ဇီဝိန်ချွေလျှက်ရှိပါတယ်။ shwekhitonlinetv.com

၄။ ခွေး

ခွေးတွေကတော့ လူသားတွေနဲ့လက်ပွန်းတတီးနေထိုင်ကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။ ဒါပေမယ့်ခွေးရူးပြန်ရောဂါကြောင့်အသက်ဆုံးရှုံးရသူဦးရေကတော့ (၅,၉၀၀၀) နီးပါးရှိနေပါတယ်။ shwekhitonlinetv.com

၃။ မြွေ

မြွေတွေဟာလည်းကမ္ဘာအနှံ့က ဒေသပေါင်းစုံမှာဖြန့်ကျက်နေထိုင်ကြတဲ့သတ္တဝါတွေဖြစ်ပါတယ်။ မြွေမျိုးစိတ်တွေအားလုံးထဲမှာအဆိပ်ရှိတဲ့မြွေကပိုများပြားပြီးနှစ်စဉ်လူဦးရေ (၁၃၈,၀၀၀) လောက်ဟာသူတို့ကြောင့် အသက်ဆုံးရှုံးနေရပါတယ်။ shwekhitonlinetv.com

၂။ လူ

လူတွေအတွက်အန္တရာယ်အရှိဆုံးသတ္တဝါတွေထဲမှာအဆင့်(၂) နေရာမှာရှိနေတာကတော့ လူ ပဲဖြစ်ပါတယ်။
လောဘ၊ ဒေါသ၊ မောဟတွေ ရန်ငြိုးတွေစတဲ့အကြောင်းအမျိုးမျိုးနဲ့ လူလူချင်းပြန်လည်တိုက်ခိုက်ကြရာကနေ နှစ်စဉ်လူပေါင်း (၄၀၀,၀၀၀) လောက်အသက်ဆုံးရှုံးနေရတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ shwekhitonlinetv.com

၁။ ခြင်

အဆင့် (၁) နေရာမှာရှိနေတာကတော့ကမ္ဘာပေါ်မှာအပေါများဆုံးအင်းဆက်တွေထဲကတစ်မျိုးဖြစ်တဲ့ ခြင် ပဲဖြစ်ပါတယ်။ ခြင်တွေဟာရောဂါပေါင်းများစွာကိုသယ်ဆောင်ပြီးလက်ဆင့်ကမ်းတက်တဲ့ အင်းဆက်သတ္တဝါဖြစ်တာနဲ့အညီ သူတို့ဆီကတစ်ဆင့်ရောဂါကူးဆက်ပြီး အသက်ဆုံးရှုံးနေရသူကတော့ နှစ်စဉ် (၇၂၅,၀၀၀) လောက်ရှိနေပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။