ကမ္ဘာပေါ်က အရှည်ဆုံး တံတားကြီး (၁၀) စင်း

တစ်နေရာကနေ တစ်နေရာကိုအချိန်တိုအတွင်း သွားလာဖို့၊ ကုန်စည်စီးဆင်းဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေးက အရေးကြီးဆုံးအခန်းကဏ္ဍကပါဝင်နေပါတယ်။ တံတားတွေဆိုတာကတော့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ ပို့ဆောင်ဆက်သွယ်ရေး အဆင့်အတန်းကို ဖော်ပြနေတဲ့ပြယုဂ်တွေလည်းဖြစ်ပါတယ်။  shwekhitonlinetv.com

အခုတစ်ခေါက်ဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ကမ္ဘာအနှံ့မှာရှိတဲ့ တံတားတွေထဲကမှ အကွာအဝေးအရှည်လျားဆုံး တံတားကြီး (၁၀) စင်းအကြောင်းပဲဖြစ်ပါတယ်။  shwekhitonlinetv.com

၁၀။ Manchac Swamp Bridge , USA

ဒီတံတားကတော့ အမေရိကန်ပြည်ထောင်စု လူဝီစီယားနားပြည်နယ်မှာတည်ရှိတာဖြစ်ပါတယ်။ ကမ္ဘာပေါ်ကဧရာမရွှံ့နွံအိုင်ကြီးဖြစ်တဲ့ Mancah နွံအိုင်ကြီးကိုဖြတ်သန်းပြီးတည်ဆောက်ထားတာဖြစ်ပါတယ်။ တံတားရဲ့အရှည်ကတော့စုစုပေါင်း ၃၆.၇ ကီလိုမီတာ (၂၂.၈ မိုင်) ရှည်လျားပါတယ်။  shwekhitonlinetv.com

၉။ Wuhan Metro Bridge , China

တရုတ်နိုင်ငံ ဟျူဘေးပြည်နယ်၊ ဝူဟန်မြို့ကိုပြေးဆွဲပေးနေတဲ့ ရထားလမ်းကြောင်းမှာတည်ဆောက်ပေးထားတဲ့ တံတားဖြစ်ပါတယ်။ ကားလမ်းမတွေပေါ်ကနေဖြတ်သန်းတည်ဆောက်ထားတဲ့ ဒီတံတားရဲ့အရှည်ကတော့ ၃၈ ကီလိုမီတာ (၂၃.၆၁ မိုင်) ရှည်လျားပြီး ၂၀၀၄ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်အသုံးပြုခဲ့တာဖြစ်ပါတယ်။  shwekhitonlinetv.com

၈။ Lake Pontchartrain Causeway , USA

ဒီတံတားကလည်း အမေရိကန်ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်မှာပဲရှိတာဖြစ်ပါတယ်။ နာမည်ကျော် Pontchartrain ရေကန်ကြီးကိုဖြတ်ပြီးတည်ဆောက်ထားတဲ့ ဒီတံတားရဲ့အရှည်ကတော့ ၃၈.၄၄၂ ကီလိုမီတာ (၂၃.၈ မိုင်) တောင်ရှိပါတယ်။ shwekhitonlinetv.com

၇။ Beijing grand bridge , China

တရုတ်နိုင်ငံပေကျင်းမြို့က မြန်နှုန်းမြင့်ရထားတွေသွားဖို့ အတွက်တည်ဆောက်ထားတဲ့ တံတားဖြစ်ပါတယ်။ ဒီတံတားရဲ့အရှည်ကတော့ ၄၈ ကီလိုမီတာ (မိုင် ၃၀ နီးပါး) ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကမှဖွင့်လှစ်ခဲ့တာလည်းဖြစ်ပါတယ်။  shwekhitonlinetv.com

၆။ Bang Na Expressway , Thailand

ဒီတံတားကတော့ ထိုင်းနိုင်ငံမှာတည်ရှိတာဖြစ်ပြီး ခြောက်လမ်းသွားအမြန်လမ်းအဖြစ် သီးသန့်မိုးပျံတံတားဆောက်လုပ်ပေးထားတာဖြစ်ပါတယ်။ ဒီတံတားရဲ့စုစုပေါင်းအရှည်ကတော့ ၅၅ ကီလိုမီတာ (၃၄ မိုင်) ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Weinan Weihe Grand Bridge , China

တရုတ်နိုင်ငံ ကျန်းကျိုးနဲ့ ရှိယန်း ကိုဆက်သွယ်ထားတဲ့ ဒီတံတားကတော့မြန်နှုန်းမြင့်ရထားတွေနဲ့ ကားတွေအချိန်တိုတွင်းလိုရာခရီးရောက်အောင်တည်ဆောက်ပေးထားတာဖြစ်ပါတယ်။ ဒီတံတားဟာမြစ်၊ ချောင်းများစွာကိုဖြတ်သန်းတည်ဆောက် ထားတာဖြစ်ပြီး အရှည်က ၇၉ ကီလိုမီတာ (၄၉.၅ မိုင်) ရှည်လျားပါတယ်။  shwekhitonlinetv.com

၄။ Tianjin Grand Bridge , China

နိုင်ငံဧရိယာကျယ်ဝန်းလှတဲ့ တရုတ်နိုင်ငံကတော့နိုင်ငံအတွင်းမှာ တစ်နေရာကတစ်နေရာအချိန်တိုတွင်းသွားလာနိုင်ဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ဖန်တီးပေးထားပါတယ်။ ဒီတံတားကလည်း မြန်နှုန်းမြင့်ရထားတွေသွားလာနိုင်ဖို့အတွက် ငွေကြေးများစွာအကုန်အကျခံတည်ဆောက်ပေးထားတာဖြစ်ပါတယ်။ တံတားရဲ့အရှည်ကတော့ ၁၁၃ ကီလိုမီတာ (၇၀.၆ မိုင်) ဖြစ်ပါတယ်။  shwekhitonlinetv.com

၃။ Cangde Grand Bridge , China

ဒီတံတားကလည်း ၂၀၁၀ ခုနှစ်အတွင်းမှာစတင်ဖွင့်လှစ်ခဲ့တဲ့ တံတားဖြစ်ပါတယ်။ ၁၁၆ ကီလိုမီတာ (၇၂ မိုင်) ရှည်လျားတဲ့ ကမ္ဘာ့တတိယအရှည်ဆုံး ဒီတံတားပေါ်မှာတော့ မီးရထားတွေအနေနဲ့ အရှိန်မိုင်ကုန်တင်ပြီးမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Changhua–Kaohsiung Viaduct , Taiwan

ထိုင်ဝမ်အမြန်မီးရထားလမ်းကွန်ယက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းကစတင်ဖွင့်လှစ်အသုံးပြုခဲ့တဲ့ ဒီတံတားရဲ့အရှည်ကတော့ ၁၅၇ ကီလိုမီတာ (၉၇.၅ မိုင်) ရှည်လျားပါတယ်။ ဒီတံတားကို ငလျင်ဒဏ်ခံနိုင်အောင် ဒီဇိုင်းဆွဲတည်ဆောက်ထားတာကြောင့် ထိုင်ဝမ်နိုင်ငံသားတွေအတွက်တော့ ဂုဏ်ယူစရာပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။shwekhitonlinetv.com

၁။ The Danyang-Kunshan Grand Bridge , China

လက်ရှိကမ္ဘာပေါ်မှာအရှည်ဆုံးတံတားအဖြစ်မှတ်တမ်းဝင်နေတာကတော့ ပေကျင်း-ရှန်ဟိုင်းကိုဆက်သွယ်ထားတဲ့ The Danyang-Kunshan Grand Bridge ပဲဖြစ်ပါတယ်။ အမြန်လမ်းသဘောမျိုး တည်ဆောက်ထားတဲ့ ဒီတံတားကြီးရဲ့ စုစုပေါင်းအရှည်က ၁၆၄ ကီလိုမီတာ (၁၀၂.၄ မိုင်) ပဲဖြစ်ပါတယ်။  shwekhitonlinetv.com

ယခုဆောင်းပါးကို Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ တခြားနေရာများတွင် ကူးယူဖော်ပြခွင့် မပြုပါ။