အသက် (၂၃) နှစ်အရွယ်သာရှိသေးတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်မှုးလေး ကိုင်လီယန်ဘာပေဟာ မကြာသေးမီကမှအသင်းနဲ့ စာချုပ်သက်တမ်းသစ်တိုးခဲ့ပါတယ်။ စာချုပ်သစ်အရ ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၂၅ ခုနှစ်အထိဆက်လက်ရှိနေတော့မှာဖြစ်ပါတယ်။ နောက်ပြီးစာချုပ်ပါအချက်အလက်တွေအရဆိုရင် ဘာပေဟာ တစ်ပတ်ကို ပေါင် (၁) သန်းအထိရရှိမှာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com
ဒါဟာ လက်ရှိဘောလုံးကမ္ဘာမှာဘယ်ကစားသမားမှ မရရှိဖူးတဲ့ လုပ်ခလစာတစ်ရပ်လည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဘာပေနဲ့အတူ လစာနှုန်းထားအမြင့်ဆုံးရရှိနေတဲ့ ဘောလုံးသမား (၁၀) ဦးကိုဖော်ပြရရင်တော့ ….. shwekhitonlinetv.com
၁၀။ ရောဘတ်လီဝန်ဒေါစကီး – တစ်ပတ်လုပ်ခ ပေါင် (၃၅၀,၀၀၀)

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသွင်းစက်ဖြစ်တဲ့ ပိုလန်တိုက်စစ်မှုး ရောဘတ်လီဝန်ဒေါစကီးကတော့ တစ်ပတ်ကိုလုပ်ခလစာအဖြစ် စတာလင်ပေါင် (၃၅၀,၀၀၀) ရရှိနေပြီး ဒီစာရင်းရဲ့အဆင့် (၁၀) နေရာမှာရပ်တည်နေပါတယ်။ shwekhitonlinetv.com
၉။ အန်တိုနီယိုဂရစ်ဇ်မန်း – တစ်ပတ်လုပ်ခ ပေါင် (၃၅၆,၀၀၀)

ဘာစီလိုနာအသင်းကနေ အက်သလက်တီကိုမက်ဒရစ်အသင်းထံမှာ အငှားလာရောက်ကစားနေတဲ့ ပြင်သစ်တိုင်စစ်မှုး အန်တိုနီယိုဂရစ်ဇ်မန်းကတော့ တစ်ပတ်လုပ်ခအဖြစ် စတာလင်ပေါင် (၃၅၆,၀၀၀) ရရှိနေတဲ့သူပါ။ ဒါကြောင့်သူကတော့ ဒီစာရင်းမှာ အဆင့် (၉) ချိတ်နေပါတယ်။ shwekhitonlinetv.com
၇။ ဒေးဗစ်ဒီဟေးယား – တစ်ပတ်လုပ်ခ ပေါင် (၃၇၅,၀၀၀)

တိုက်စစ်မှုးတွေနဲ့ တိုက်စစ်အားသန်တဲ့ကစားသမားတွေပဲပါဝင်တဲ့ ဒီစာရင်းမှာ ဒီဟေးယားက ဂိုးသမားအဖြစ်တစ်ဦးသောသူအဖြစ်ပါဝင်နေတာဖြစ်ပါတယ်။ စပိန်လက်ရွေးစင်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ဂိုးသမားဖြစ်တဲ့ ဒီဟေးယားကတော့ တစ်ပတ်ကို ပေါင် (၃၇၅,၀၀၀) ထိရရှိနေတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com
၇။ အာလင်းဟော်လန်း – တစ်ပတ်လုပ်ခ ပေါင် (၃၇၅,၀၀၀)

မကြာသေးမီကမှ ဒေါ့မွန်အသင်းကနေ မန်ချက်စတာစီးတီးအသင်းကိုပြောင်းရွှေ့လာတဲ့ နော်ဝေးတိုက်စစ်မှုး အာလင်းဟော်လန်းကတော့ စာချုပ်အရ တစ်ပတ်လစာ ပေါင် (၃၇၅,၀၀၀) ရရှိမယ်လို့သိရပါတယ်။ ဒါကြောင့် ဒီစာရင်းမှာ ဒီဟေးယားနဲ့အတူတူ အဆင့် (၇) အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပါတယ်။ shwekhitonlinetv.com
၅။ ကီဗင်ဒီဘရိုင်းနား – တစ်ပတ်လုပ်ခ ပေါင် (၃၈၅,၀၀၀)

မန်ချက်စတာစီးတီးအသင်းရဲ့ ကပ္ပတိန်လည်းဖြစ်သလို ကွင်းလယ်ဗိုလ်ချုပ်လည်းဖြစ်တဲ့ ဘယ်လ်ဂျီယံကစားသမား ကီဗင်ဒီဘရိုင်းနားကတော့ တစ်ပတ်လုပ်ခ ပေါင် (၃၈၅,၀၀၀) အထိရရှိနေပြီး ဒီစာရင်းမှာ အဆင့် (၅) အဖြစ် ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ တန်းတူရပ်တည်နေပါတယ်။ shwekhitonlinetv.com
၅။ ခရစ္စတီယာနိုရော်နယ်လ်ဒို – တစ်ပတ်လုပ်ခ ပေါင် (၃၈၅,၀၀၀)

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၅) ကြိမ်ရယူထားပြီး အသက် (၃၇) နှစ်ရှိပြီဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာတစ်ပတ်လုပ်ခ ပေါင် (၃၈၅,၀၀၀) ရရှိနေတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ဒီစာရင်းမှာသူက အဆင့် (၅) နေရာမှာရှိနေပါတယ်။ shwekhitonlinetv.com
၄။ မိုဟာမက်ဆာလာ – တစ်ပတ်လုပ်ခ ပေါင် (၄၀၀,၀၀၀)

ဒီစာရင်းရဲ့အဆင့် (၄) နေရာမှာတော့ပြီးခဲ့တဲ့ရက်ပိုင်းကမှ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားတဲ့ အီဂျစ်တောင်ပံကစားသမား မိုဟာမက်ဆာလာက တစ်ပတ်လုပ်ခ ပေါင် (၄၀၀,၀၀၀) နဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ shwekhitonlinetv.com
၃။ နေမာ – တစ်ပတ်လုပ်ခ ပေါင် (၆၀၆,၀၀၀)

ဘရာဇီးလ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှုး နေမာကတော့ လက်ရှိအချိန်မှာ တစ်ပတ်လုပ်ခ ပေါင် (၆၀၆,၀၀၀) အထိရရှိနေတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အနာဂတ်က လှုပ်ခတ်နေတာကြောင့် တစ်ကယ်လို့ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုတာဖြစ်ဖြစ် အသင်းသစ်ပြောင်းတာမျိုးဖြစ်ဖြစ် ပြုလုပ်နိုင်ခဲ့ရင် ယခုထက်ပိုပြီး ဝင်ငွေများပြားလာဖို့ရှိပါတယ်။ shwekhitonlinetv.com
၂။ လီယွန်နယ်မက်ဆီ – တစ်ပတ်လုပ်ခ ပေါင် (၉၆၀,၀၀၀)

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို (၆) ကြိမ်ဆွတ်ခူးထားတဲ့ လီယွန်နယ်မက်ဆီတစ်ယောက် ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းကိုမထင်မှတ်ဘဲပြောင်းရွှေ့ခဲ့ခြင်းမှာ လစာငွေကအဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မက်ဆီဟာ ပီအက်စ်ဂျီမှာ တစ်ပတ်လုပ်ခ ပေါင် (၉၆၀,၀၀၀) အထိ ကြောက်ခမန်းလိလိ လစာငွေကိုရရှိမှာဖြစ်လို့ပါပဲ။ shwekhitonlinetv.com
၁။ ကိုင်လီယန်ဘာပေ – တစ်ပတ်လုပ်ခ ပေါင် (၁,၀၀၀,၀၀၀)

အသင်းပိုင်ရှင်ရဲ့ကြွယ်ဝချမ်းသာမှုနဲ့အတူ ကမ္ဘာကျော်ကစားသမားတွေကို ငွေကြေးမက်လုံးနဲ့ ဆွဲဆောင်ထားနိုင်တဲ့ ပီအက်စ်ဂျီအသင်းဟာ သူတို့အသင်းကတိုက်စစ်မှုးလေး ကိုင်လီယန်ဘာပေကိုလည်း အသင်းကထွက်မသွားအောင်လို့ မယုံကြည်နိုင်စရာလစာငွေနဲ့ ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ စာချုပ်သစ်အရဆိုရင် ဘာပေဟာ တစ်ပတ်ကို ပေါင် (၁) သန်းအထိရရှိတော့မှာဖြစ်ပါတယ်။ ဒါဟာ ဘောလုံးလောကမှာတစ်ခါမှ မကြားဖူးတဲ့ လုပ်ခလစာနှုန်းထားတစ်ရပ်လည်းဖြစ်ပါတယ်။ shwekhitonlinetv.com
Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင်ကျေးဇူးပြု၍ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံအပ်ပါသည်။
Be the first to comment
You must log in to post a comment.