ဘုရားကျောင်းရှေ့မှာ ကိုယ်လုံးတီးပုံတွေ ရိုက်ခဲ့လို့ ထောင်ကျတော့မယ့် ရုရှား Streamer

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရုရှားနိုင်ငံက ထင်ပေါ်ကျော်ကြားတဲ့ Online Streamer တစ်ဦးဟာ ဘုရားကျောင်းရှေ့မှာ အဝတ်ဗလာနဲ့ဓာတ်ပုံရိုက်ခဲ့တာကြောင့် ထောင်ကျမယ့်အရေးနဲ့ ရင်ဆိုင်နေရကြောင်းသိရပါတယ်။ shwekhitonlinetv.com

Polina Murugina လို့အမည်ရတဲ့ အသက် (၂၄) နှစ်အရွယ် ရုရှား Streamer ဟာ ရုရှားနိုင်ငံရဲ့ ညစ်ညမ်းမှုဥပဒေအသစ်ကို ချိုးဖောက်တဲ့အပြင် “ယုံကြည်သူများ၏ဘာသာရေးခံစားချက်များကိုစော်ကားခြင်း”အတွက် ဆိုးဆိုးဝါးဝါးပြစ်တင်ဝေဖန်ခြင်းခံနေရပါတယ်။ shwekhitonlinetv.com

သူမအနေနဲ့ အကျဉ်းထောင်ရဲ့ သံတိုင်တွေနောက်ကွယ်မှာ အချိန်ကုန်ဆုံးရဖို့ သေချာသလောက်ရှိနေပြီး ပြစ်မှုထင်ရှားကြောင်း စစ်ဆေးတွေ့ရှိပါက ရုရှားရူဘယ် (၃၀၀,၀၀၀) ပါဒဏ်ငွေအဖြစ်ပေးဆောင်သွားရဖို့ရှိနေပါတယ်။ shwekhitonlinetv.com

တစ်ကိုယ်လုံးတက်တူးထိုးထားတဲ့ ခပ်မိုက်မိုက် Streamer ပိုလီနာဟာ ဒီဖြစ်ရပ်နဲ့ပတ်သတ်လို့တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်းမရှိပေမယ့် ဒီပုံတွေတင်ထားတဲ့သူမရဲ့ Instagram အကောင့်ကိုတော့ ပိတ်ထားပါတယ်။ shwekhitonlinetv.com

ကရင်မလင်နန်းတော်အနေနဲ့ နိုင်ငံအတွင်းက ဘုရားကျောင်းများ သို့မဟုတ် နိုင်ငံတော် အဆောက်အဦများဘေးတွင် မဖွယ်မရာပြုလုပ်သူများ၊ မဖွယ်မရာဓာတ်ပုံရိုက် သူများကို ထိထိရောက်ရောက်အရေးယူခြင်းဖြင့်ဖြိုခွင်းလျက်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၁ အတွင်းမှာလည်း မော်စကိုမြို့ရှိ St Basil’s Cathedral အနီးမှာ X-rated ဓာတ်ပုံတွေ ရိုက်ကူးခဲ့တဲ့ ကျော်ကြားတဲ့စုံတွဲတစ်တွဲကို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ shwekhitonlinetv.com

ယခုလအစောပိုင်းတုန်းကလည်း Lola Bunny လို့အမည်ရတဲ့ OnlyFans မော်ဒယ်တစ်ဦးဟာ ဘုရားကျောင်းအပြင်ဘက်မှာ သူမရဲ့ ရင်သားကို ဖော်ပြနေတဲ့ ဗီဒီယို ထွက်ပေါ်လာပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့သိရပါတယ်။ shwekhitonlinetv.com

ရုရှားအစိုးရကတော့ နိုင်ငံသားတွေ မီဒီယာတွေအနေနဲ့လည်း ဘာသာရေးဆိုင်ရာအဆောက်အဦးအနီးနားမှာ အဆိုပါဖြစ်စဉ်များကို တွေ့ရှိခဲ့ပါတိုင်ကြားနိုင်ပြီး “ဘာသာရေးဆိုင်ရာ ခံစားချက်များကို စော်ကားခြင်း” ပုဒ်မနဲ့တရားစွဲဆိုနိုင်ကြောင်း တရားဝင်ထုတ်ပြန်ထားပါတယ်။ shwekhitonlinetv.com

ဒီလိုမျိုး ဘာသာရေးဆိုင်ရာအဆောက်အအုံတွေရဲ့ အနီးဝန်းကျင်မှာမဖွယ်မရာပြုခြင်းကို ပြင်းထန်တဲ့အရေးယူမှုတွေပြုလုပ်တာဟာ ဘာသာရေးအထွတ်အမြတ်ထားတဲ့နိုင်ငံတွေအနေနဲ့ အတုယူစရာ ကောင်းလှပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။