မိမိထက် အသက်များစွာငယ်တဲ့ သူတွေကိုသာ ရွေးချယ်တွဲခုတ်တဲ့ နာမည်ကျော်အမျိုးသားများ

“Age is just a number” (အသက်အရွယ်ဆိုတာကိန်း ဂဏန်းတစ်ခုသာဖြစ်တယ်) ဒီစကားကိုတော့ အသက်အရွယ်ကွာဟတဲ့ စုံတွဲတော်တော်များများပြောတာကြားဖူးကြမယ်ထင်ပါတယ်။ တစ်ကယ်လည်း အပြင်မှာအသက်အရွယ်များစွာကွာဟပေမယ့် တွဲခုတ်နေတဲ့စုံတွဲတွေအများအပြားရှိပါတယ်။ ဒါပေမယ့်အခုဖော်ပြမယ့် ကမ္ဘာကျော်တွေကတော့ တမင်တကာ မိမိထက်အသက်များစွာငယ်တဲ့သူကို မှ ရွေးချယ်တွဲသလားထင်ရအောင်ကို ငယ်ရွယ်ချောမောတဲ့ အမျိုးသမီးတွေကိုမှ ရွေးချယ်တွဲတဲ့သူတွေဖြစ်ပါတယ်။ shwekhitonlinetv.com

၁။ Steven Tyler (71) and Aimee Ann Preston (31)

ကမ္ဘာကျော် Aero Smith တေးဂီတအဖွဲ့ရဲ့ပင်တိုင်အဆိုတော်ကြီးဖြစ်တဲ့ Steven Tyler ကတော့ အသက် (၇၁) နှစ်ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူ့ရဲ့နှလုံးသားကနုတယ်လို့ပဲဆိုရမလားမသိပါဘူး။ ဘာလို့လဲဆိုတော့ လက်ရှိတွဲနေတဲ့ Aimee Ann Preston ကသူ့ထက်အသက် (၄၀) တိတိငယ်နေလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

၂။ Leonardo DiCaprio (47) and Camila Morrone (24)

အော်စကာဆုရမင်းသားကြီးဖြစ်တဲ့ Leonardo DiCaprio ကလည်း ရည်စားများပြီးပွေရှုပ်လွန်းတဲ့သူလို့ နာမည်ထွက်နေတဲ့သူဖြစ်ပါတယ်။ အခုလည်း သူ့ထက်အသက် (၂၃) နှစ်လောက်ငယ်တဲ့ မော်ဒယ်သရုပ်ဆောင်မလေး Camila Morrone နဲ့ တွဲခုတ်နေပြန်လေရဲ့။ shwekhitonlinetv.com

၃။ Sean Penn (61) and Leila George (29)

နာမည်ကျော် သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ Sean Penn ကတော့ Charlize Theron လိုနာမည်ကျော် မင်းသမီးကြီးအပါအဝင်မိန်းမလှလေးများစွာနဲ့ တွဲခုတ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အခုလည်း အသက် (၂၉) နှစ်သာရှိသေးတဲ့ သြစတြေးလျသရုပ်ဆောင်မလေး Leila George နဲ့ တွဲနေပါတယ်။ Sean Penn နဲ့ နီးစပ်တဲ့သူတွေရဲ့ အဆိုအရတော့သူ့မှာ မိန်းကလေးတွေကိုညှို့နိုင်တဲ့ မှော်ပညာတွေရှိနေတယ်လို့ဆိုကြပါတယ်။ shwekhitonlinetv.com

၄။ Diddy (52) and Lori Harvey (24)

အသက် (၅၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာမည်ကျော်ရက်ပါ Diddy (Sean Combs) ကလည်း Cassie Ventura နဲ့ ၂၀၁၈ ခုနှစ်ကလမ်းခွဲပြီးနောက်ပိုင်း တစ်ကိုယ်ရေနေထိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အသက် (၂၄) နှစ်အရွယ် အမေရိကန်မော်ဒယ်မလေး Lori Harvey နဲ့ တွဲနေကြောင်း သတင်းတွေထွက်နေပါတယ်။ shwekhitonlinetv.com

၅။ Mel Gibson (65) and Rosalind Ross (31)

ဝါရင့်မင်းသားကြီးဖြစ်တဲ့ Mel Gibson ကတော့ သူ့ထက်အသက်တစ်ဝက်ကျော်ငယ်တဲ့ အမေရိကန်မော်ဒယ်မလေး Rosalind Ross နဲ့ ၂၀၁၄ ခုနှစ်ကတည်းက လက်ရှိအချိန်အထိတွဲနေခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Chris Pratt (42) and Katherine Schwarzenegger (31)

Marvel ရဲ့ စူပါဟီးရိုးတစ်ဦးဖြစ်တဲ့ Chris Pratt ကလည်းအမျီုးသမီးတွေအမြင်မှာ စူပါဟီးရိုးတစ်ဦးများဖြစ်နေမလား တွေးထင်စရာပါပဲ။ လက်ရှိသူနဲ့တွဲနေတာကတော့ သူ့ထက် (၁၁) နှစ်ငယ်တဲ့ အမေရိကန်စာရေးဆရာမလေး Katherine Schwarzenegger ပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ Josh Duhamel (49) and Audra Mari (27)

အမေရိကန်မော်ဒယ်နဲ့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Josh Duhamel ကတော့ (၁၀) နှစ်ကြာလက်တွဲလာတဲ့ နာမည်ကျော်အဆိုတော် ဖာဂီနဲ့ ၂၀၁၉ ခုနှစ်ကကွာရှင်းပြတ်စဲခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူ့ထက် (၂၂) နှစ်လောက်ငယ်တဲ့ Miss America ဟောင်းတစ်ဦးဖြစ်တဲ့ Audra Mari နဲ့ တွဲခုတ်လျက်ရှိပါတယ်။ shwekhitonlinetv.com

၈။ Johnny Depp (58) and Sophie Hermann (34)

စွယ်စုံရမင်းသားကြီး Jonny Deep ကတော့လက်ရှိချစ်သူလေးဖြစ်တဲ့ Sophie Hermann နဲ့ ၂၀၂၁ ခုနှစ်အတွင်းကမှတွေ့ဆုံပြီး တွဲခုတ်နေတာဖြစ်ပါတယ်။ သူမကတော့ Jonny Deep ထက် (၂၄) နှစ်တောင်ငယ်ရွယ်တဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Bruce Willis (66) and Emma Heming (43)

ပရိသတ်အချစ်တော် အက်ရှင်မင်းသားကြီးဖြစ်တဲ့ Bruce Willis ကတော့ သူ့ထက်အသက် (၂၃) နှစ်လောက်ငယ်တဲ့ မော်ဒယ်သရုပ်ဆောင် Emma Heming နဲ့ (၂၀၀၉) ခုနှစ်ကတည်းက တွဲခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူမကိုလက်ထပ်ထိမ်းမြားထားပြီး သားသမီး (၂) ဦးရရှိထားပါတယ်။ shwekhitonlinetv.com

၁၀။ Jason Statham (54) and Rosie Huntington-Whiteley (34)

နောက်ဆုံးဖော်ပြပေးချင်တာကတော့ နည်မည်ကျော်အက်ရှင်မင်းသားဖြစ်တဲ့ Jason Statham တို့စုံတွဲပဲဖြစ်ပါတယ်။ သူတို့စုံတွဲကလည်း တစ်ဦးနဲ့တစ်ဦးအသက် (၂၀) ကွာခြားကြပါတယ်။ သူတို့နှစ်ဦးကတော့ (၂၀၁၆) ခုနှစ်မှာထိမ်းမြားလက်ထပ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ သားသမီး (၁) ဦးသာရရှိသေးပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။