သင်မသိလောက်သေးတဲ့ Undertaker နဲ့ပတ်သတ်တဲ့ စိတ်ဝင်စားဖွယ်အချက်များ

The Undertaker ဆိုတာကတော့ WWE ပရိသတ်တွေအတွက် အထူးတလည်မိတ်ဆက်စရာမလိုတဲ့ ကမ္ဘာကျော်စူပါစတားတစ်ယောက်လို့ပြောလို့ရသလို WWE နပန်းလောကရဲ့ Icon တစ်ဦးလို့လည်းဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးမှာကတော့ Undertaker နဲ့ပတ်သက်ပြီး ပရိသတ်တွေမသိလောက်သေးတဲ့ ထူးခြားချက်လေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုပေးပါဦးနော် …… shwekhitonlinetv.com

၁။ သခွားသီးကြောက်တဲ့ Undertaker

လူကောင်ကြီးမားပြီးရက်စက်ကြမ်းကြုတ်တဲ့ အသွင်သဏ္ဍာန်ရှိတဲ့ Undertaker မှာ ထူးဆန်းတဲ့အကြောက်လွန်ရောဂါတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သခွားသီးကိုကြောက်တာပဲဖြစ်ပါတယ်။ သူ့အနေနဲ့သခွားသီးကိုမြင်ရင်ပျို့အန်မတက်ဖြစ်ပျက်လေ့ရှိပါတယ်။ shwekhitonlinetv.com

၂။ ဘရာဇီးလ် ဂျူဂျစ်ဆု ခါးပတ်နက်ရထားသူ

ဘရာဇီးလ်ဂျူဂျစ်ဆု ကိုယ်ခံပညာရပ်ကိုတော့ MMA တိုက်ခိုက်ရေးသမားတွေသုံးတာကို မကြာခဏမြင်ဖူးကြမယ်ထင်ပါတယ်။ Undertaker ဟာလည်း ဂျူဂျစ်ဆု ကိုယ်ခံပညာရပ်မှာ ခါးပတ်နက်အဆင့်ထိရရှိထားလို့ ခေသူတော့မဟုတ်ပါဘူး။ သူ့ရဲ့ နာမည်ကျော်ချုပ်ကွက်တစ်ခုဖြစ်တဲ့ “Hell’s Gate” ဆိုတာကလည်း ဂျူဂျစ်ဆု နည်းနဲ့ချုပ်တဲ့ ချုပ်ကွက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ ပြိုင်ဘက်ရဲ့ချုပ်ကွက်နဲ့ မရှုံးနိမ့်ဖူးခြင်း

Undertaker ဟာ ၁၉၈၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ပွဲပေါင်း (၂၄၀၀) နီးပါးယှဉ်ပြိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း Undertaker အနေနဲ့ တရားဝင်ယှဉ်ပြိုင်တဲ့ ပွဲတွေမှာတစ်ကြိမ်တစ်ခါမှပြိုင်ဘက်ရဲ့ချုပ်ကွက်နဲ့ ရှုံနိမ့်ဖူးခြင်းမရှိပါဘူး။ shwekhitonlinetv.com

၄။ အိမ်ထောင် (၃) ဆက်နှင့် ကလေး (၄) ယောက်ဖခင်

Undertaker ဟာ ၁၉၈၉ ခုနှစ်မှာ Jordi Lynn နဲ့ လက်ထပ်ခဲ့ပြီး Gunner Vincent လို့အမည်ရတဲ့သားတစ်ဦးရရှိခဲ့ပါတယ်။ သူမနဲ့ ၁၉၉၉ ခုနှစ်မှာလမ်းခွဲခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ Sara Frank နဲ့ ထပ်မံအိမ်ထောင်ကျခဲ့ပါတယ်။ သူမနဲ့ ၂၀၀၇ နှစ်အထိပေါင်းသင်းခဲ့ပြီး Chasey Gracie ဆိုတဲ့သမီးနှစ်ယောက် ထပ်မံရရှိခဲ့ပါတယ်။ လက်ရှိဇနီးဖြစ်တဲ့ Michelle McCool နဲ့တော့ ၂၀၁၀ ခုနှစ်မှာလက်ထပ်ခဲ့ပြီး Kaia Faith Calaway ဆိုတဲ့ သမီးတစ်ဦးထပ်မံရရှိထားပါတယ်။ shwekhitonlinetv.com

၅။ Shawn Michaels ကိုသေရာပါဒဏ်ရာပေးခဲ့သူ

၁၉၉၀ ပြည့်နှစ်တွေတုန်းကတော့ Shawn Michaels က WWE ရဲ့ချန်ပီယံဖြစ်ခဲ့ပြီး WWE ရဲ့ ဥက္ကဌဖြစ်တဲ့ Vince အပေါ်မှာလည်း အတော်လေးလွှမ်းမိုးနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်စင်နောက်က Shawn Michaels ရဲ့အမူအကျင့်တွေကိုတော့ တစ်ခြားကစားသမားတော်တော်များများက ကြည့်လို့မရခဲ့ပါဘူး။ ဒီထဲမှာ Undertaker လည်းအပါအဝင်ဖြစ်ပါတယ်။ တစ်ကြိမ်မှာတော့ Stone Cole Steve Austin နဲ့ ပူးပေါင်းပြီး Shawn Michaels ကို သေရာပါစေမယ့်နောက်ကျောဒဏ်ရာရရှိအောင် ပြုမူခဲ့ဖူးတယ်လို့ Undertaker ကဝန်ခံခဲ့ဖူးပါတယ်။ shwekhitonlinetv.com

၆။ Kane နှင့်အကြိမ်အများဆုံးတွေ့ဆုံခဲ့သည့် Undertaker

Kane နဲ့ Undertaker ကိုအများစုက ညီအစ်ကိုအဖြစ်သိရှိထားပါတယ်။ ဒါပေမယ့် Undertaker ရဲ့ ကစားသမားဘဝတစ်လျောက်အများဆုံးတွေ့ဆုံခဲ့ရတဲ့ပြိုင်ဘက်ကတော့ Kane ဖြစ်နေပါတယ်။ သူဟာ Kane နဲ့ (၁၈၄) ကြိမ်ဆုံတွေ့ခဲ့ပြီး (၁၀၆) ပွဲနိုင် ကာ (၂၁) ပွဲရှုံးနိမ့်ခဲ့ပါတယ်။ ကျန်တဲ့ပွဲစဉ်တွေကတော့ သရေရလဒ်ထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

၇။ ဘတ်စကတ်ဘော ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ Undertaker

၁၉၈၅ ခုနှစ်မှာတော့ အထက်တန်းကျောင်းသားလေး Mark William Calaway (The Undertaker) ဟာ ဘတ်စကတ်ဘောအသင်းတစ်သင်းမှာပါဝင်ကစားခဲ့ဖူးပါတယ်။ ဘတ်စကတ်ဘောကစားခြင်းကြောင့် သူ့ရဲ့ညာဘက်လက်ချောင်းလေးတစ်ချောင်းလည်းကျိုးခဲ့ဖူးတယ်လို့သိရပါတယ်။ နောက်ပိုင်းမှာတော့ Undertaker ဟာ ဥရောပမှာ ပရော်ဖက်ရှင်နယ်ဘတ်စကတ်ဘောကစားသမား ဖြစ်နိုင်မယ့်အခွင့်အရေးကို စွန့်လွှတ်ပြီးတော့ WWE နပန်းသမားဘဝကိုသာရွေးချယ်ခဲ့တာဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။