သွား ပြုပြင်ပြီးနောက်ပိုင်း ပိုပြီး ချောမောလှပလာကြတဲ့ နာမည်ကျော် ဆယ်လီများ

လက်ရှိအချိန်မှာ ချောမောလှပပြီးကမ္ဘာကျော်ဆယ်လီတွေဖြစ်နေကြသူတွေထဲက အချို့ဟာမွေးကတည်းကပြီးပြည့်စုံတဲ့ ရုပ်ရည်သွင်ပြင်ကိုပိုင်ဆိုင်ထားကြသူတွေတော့ မဟုတ်ပါဘူး။ ၎င်းတို့ရဲ့မွေးရာပါရုပ်ဆင်းသွင်ပြင်က ချို့ယွင်းချက်အနည်းငယ်ကို ပြင်ဆင်ပြီးမှသာ အခုလိုမျိုးချောမောလှပ လာကြတာဖြစ်ပါတယ်။ ဒီလိုမျိုးကမ္ဘာကျော်တွေထဲကမှ သွားပြုပြင်ထားတဲ့ ဆယ်လီအချို့ကိုဖော်ပြပေးချင်ပါတယ်။ shwekhitonlinetv.com

၁။ Madonna

ပေါ့ဘုရင်မကြီး မက်ဒေါနားကတော့ လက်ရှိအချိန်မှာအသက် (၆၃) နှစ်ရှိပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်းသူမရဲ့ရုပ်ရည်ကိုကြည့်မယ်ဆိုရင် (၄၀) ဝန်းကျင်လောက်သာထင်ရအောင် နုပျိုလွန်းလှပါတယ်။ ဒီအတွက်လည်း ခွဲစိတ်မှုတွေပြင်ဆင်မှုတွေအများအပြားပြုလုပ်ထားတဲ့သူဖြစ်ပါတယ်။ ဒီလိုခွဲစိတ်ပြုပြင်မှုတွေထဲမှာ သူမရဲ့သွားတွေလည်းပါဝင်ပါတယ်။ shwekhitonlinetv.com

၂။ Arnold Schwarzenegger

မင်းသားကြီး အာနိုးလ်ရှဝါဇင်ဂါ ဟာလည်းမူလပထမတုန်းက ရှေ့သွားအနည်းငယ်ကျဲတဲ့သူဖြစ်ပါတယ်။ ပြုပြင်ပြီးတဲ့အချိန်မှာတော့ပိုမိုခန့်ညားသွားသလိုထင်ရပါတယ်။ shwekhitonlinetv.com

၃။ Dakota Johnson

ဒါကိုတာဂျွန်ဆင် ကတော့ အသက် (၃၂) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင်၊ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ သူမဟာ သွားကိုပြုပြင်ပြီးနောက်မှာတော့ ပိုမိုပြီးကြည့်ကောင်းသွားတာအမှန်ပါပဲ။ shwekhitonlinetv.com

၄။ David Beckham

ကမ္ဘာကျော်ဘောလုံးမင်းသားကြီး ဒေးဗစ်ဘက်ခမ်းကလည်း မညီမညာဖြစ်နေတဲ့သူ့ရဲ့သွားတွေကိုပြုပြင်မှုတွေ ပြုလုပ်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၅။ Scarlett Johansson

လက်ရှိအချိန်မှာ အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးချော စကားလက်ဂျိုဟန်ဆန်ကလည်း သူမရဲ့လှပတဲ့မျက်နှာနဲ့လိုက်ဖက်မှုရှိအောင်သွားတွေကို အနည်းငယ်ပြုပြင်မှုပြုလုပ်ထားတဲ့သူဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ Ben Affleck

နာမည်ကျော် ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ၊ သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးသားသူအဖြစ်လုပ်ကိုင်နေတဲ့ ဘင်မ်အက်ဖလက်ကတော့ အသက် (၅၀) နီးပါးရှိပြီဖြစ်ပါတယ်။ ဒါပေမယ့်သူ့ရဲ့ ယောက်ျားပီသပြီးကြည့်ကောင်းလွန်းတဲ့ ရုပ်ရည်ကြောင့် ငယ်ရွယ်တဲ့မော်ဒယ်လ်မလေးတွေကို ဆွဲဆောင်နေနိုင်တုန်းပဲဖြစ်ပါတယ်။ သူလည်း သွားတွေကိုပြုပြင်ထားတဲ့သူတစ်ဦးလို့သိရပါတယ်။ shwekhitonlinetv.com

၇။ Kristen Stewart

အသက် (၃၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင်မလေး ခရစ္စတင်းစတီးဝပ်ဟာလည်းသူူမရဲ့မျက်နှာကို ပြုပြင်မှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။ အထူးသဖြင့် သူမရဲ့သွားတွေကိုပြုပြင်ထားတာပဲဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ Matthew Perry

အမေရိကန်ဟာသ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မက်သရူးပယ်ရီဟာလည်း လူသိများကျော်ကြားတဲ့သူတစ်ဦးဖြစ်ပါတယ်။ သူကတော့ သွားအပါအဝင်ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ချို့ကိုပါ ပြုပြင်မှုတွေပြုလုပ်ထားသူဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ Katie Holmes

အသက် (၄၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သရုပ်ဆောင် ကေတီဟုမ်းကတော့ လက်ရှိအချိန်မှာ ဒါရိုက်တာ၊ ထုတ်လုပ်သူအဖြစ်ရုပ်ရှင်ကားတွေဖန်တီးနေသူဖြစ်ပါတယ်။ တစ်ချိန်ကလှပချောမောလွန်းတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားခဲ့တဲ့သူမဟာလည်း သွားတွေကိုပြုပြင်ထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ shwekhitonlinetv.com

၁၀။ Christina Aguilera

ခရစ္စတီးနားအဂွီလီရာ ကတော့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းမှာ သရုပ်ဆောင်ပိုင်းဘက်ကိုပါအားစိုက်လာတာကြောင့် TV အစီအစဉ်တွေမှာတောင်သူမကိုမြင်တွေ့လာနေရပါတယ်။ သူမဟာလည်း သူမရဲ့မညီမညာဖြစ်နေတဲ့ သွားတွေကို တစ်ကြိမ်ထက်မကပြုပြင်ထားသူဖြစ်ပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။