လာသမျှဧည့်သည်တွေကို ဆဲဆိုကျိန်ဆဲနေလို့ နေရာခွဲထားရတဲ့ ကြက်တူရွေး (၅) ကောင်

ကြက်တူရွေးဆိုတာကတော့ လူသားတွေပြောတဲ့စကားတွေကို လိုက်လံတုပပြောတက်တဲ့သတ္တဝါလေးတွေဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ကြက်တူရွေးလေးတွေက အတုမြင်အတတ်သင်နိုင်တဲ့ သတ္တဝါလေးတွေပေါ့။ shwekhitonlinetv.com

ဒီလိုဥာဏ်ကောင်းတဲ့ကြက်တူရွေးလေးတွေနဲ့ပတ်သတ်ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့သတင်းတစ်ပုဒ်ရှိပါတယ်။ အဲ့ဒီသတင်းကတော့ လာသမျှဧည့်သည်တွေကို ဆဲဆိုကျိန်ဆဲလို့ အတူမထားရဲတော့ဘဲ သီးခြားစီနေရာခွဲထားရတဲ့ ဗြိတိန်သဘာဝဘေးမဲ့စင်တာတစ်ခုက ကြက်တူရွေးလေး (၅) ကောင်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကြက်တူရွေးလေး (၅) ကောင်ရဲ့အမည်တွေကတော့ ဘီလီ၊ အဲရစ်၊ တိုင်ဆန်၊ ဂျိတ် နဲ့ အယ်လ်ဆီ တို့ပဲဖြစ်ပါတယ်။ မီးခိုးရောင်အဆင်းနဲ့ အာဖရိကန်ကြက်တူရွေးမျိုးလေးတွေဖြစ်တဲ့ သူတို့ (၅) ကောင်ဟာ အာဖရိကတောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးဌာနကနေ ဗြိတိန် လင်ကွန်းရှိုင်းယားမှာရှိတဲ့ သဘာဝဘေးမဲ့စင်တာ ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ shwekhitonlinetv.com

အတက်လွန်ပြီး မှတ်ညဏ်ကောင်းတဲ့ ဒီကြက်တူရွေးလေး (၅) ကောင်ဟာ တိရိစ္ဆာန်ရုံဝန်ထမ်းတွေပြောတဲ့ ရိုင်းစိုင်းတဲ့ စကားအသုံးအနှုန်းမှတ်သားထားကြပြီး တိရိစ္ဆာန်ရုံကို လာသမျှဧည့်သည်တိုင်းကို ဆဲဆိုကျိန်ဆဲနေကြတာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒီကြက်တူရွေးလေးတွေဟာ တိရိစ္ဆာန်ရုံလာတဲ့ဧည်သည်တွေကို F*** off , Go to the hell စသဖြင့် (၅) ကောင်ပေါင်းပြီး ရေရွတ်ကျိန်ဆဲနေကြတာကို ဧည့်သည်တွေကတော့သဘောကျလျက်ရှိပါတယ်။ ဒီအတွက်လည်းတိုင်ကြားမှုတစ်စုံတစ်ရာပြုလုပ်ကြခြင်းမရှိပါဘူး။ shwekhitonlinetv.com

ဒါပေမယ့်လည်း ကလေးတွေအတွက်တော့ဒီအသုံးအနှုန်းတွေဟာမသင့်တော်တဲ့အတွက် နောက်ဆုံးမှာ တိရိစ္ဆာန်ရုံတာဝန်ရှိသူတွေအနေနဲ့ သူတို့ (၅) ကောင်ကိုသီးခြားစီ မတူညီတဲ့နေရာတွေမှာသာ ခွဲထားလိုက်ပါတော့တယ်။ shwekhitonlinetv.com

Shwe Khit Online TV မှ ရေးသားတင်ဆက်ပါသည်။ ကူးယူဖော်ပြခွင့်မပြုပါ။