သူ့ကို အန္တရာယ်ပေးမှာ မကြောက်ဘဲ ဧရာမ မိကျောင်းကြီးနဲ့အတူတူ ရေချိုးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံများ

ဒီအမျိုးသားရဲ့ အမည်ကတော့ Gilberto “Chito” Shedden ဖြစ်ပါတယ်။ လူအများစုကတော့သူ့ကို Chito လို့ပဲသိထားကြပါတယ်။ ကော်စတာရီကာနိုင်ငံမှာ နေထိုင်ပြီး တံငါလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူတစ်ဦးပါ။ shwekhitonlinetv.com

ဒီလူက အရှည် (၁၆) ပေလောက်ရှိတဲ့ မိချောင်းတစ်ကောင်နဲ့ အတူအမြဲတစေ ရေကူးလေ့ရှိတယ်ဆိုရင် သင်ယုံပါမလား ? မယုံမရှိပါနဲ့ ဒါဟာတစ်ကယ့်အဖြစ်မှန်ပါ။ နောက်ပြီး Chito လိုလူအတွက် ဒီကိစ္စဟာ အထူးအဆန်းမဟုတ်ဘဲ ထမင်းစား၊ ရေသောက်သလိုပါပဲ။ shwekhitonlinetv.com

ဘာကြောင့်လဲဆိုတော့ Chito က မိချောင်းတစ်ကောင်ကို ဘယ်လိုပြုမူဆက်ဆံရမယ်။ ထိန်းကျောင်းလေ့ကျင့်ပေးရမယ်ဆိုတာကို ကောင်းကောင်းသိထားတဲ့အပြင်ဒီမိချောင်းနဲ့ သူ့ရဲ့ကြားမှာ ကြီးမားတဲ့သံယောဇဉ်ကလည်းရှိနေလို့ဖြစ်ပါတယ်။ shwekhitonlinetv.com

သူတို့ (၂) ယောက်ရဲ့ဇာတ်လမ်းကို ပြန်ပြောင်းပြောပြရမယ်ဆိုရင်တော့ ၁၉၈၉ ခုနှစ်ရဲ့နေ့တစ်နေ့မှာ Chito ဟာ ကော်စတာရီကာနိုင်ငံ Reventazón မြစ်ကမ်းနားမှာ ငါးဖမ်းရင်း သေနတ်ဒဏ်ရာနဲ့ မိကျောင်းတစ်ကောင်ကို တွေ့ရှိပြီး ကယ်တင်ခဲ့ရာကနေစပါတယ်။ shwekhitonlinetv.com

Chito အနေနဲ့ ဒီဒဏ်ရာရနေတဲ့ မိချောင်းကိုပြန်လည်ကျန်းမာလာအောင် ပြုစုကျွေးမွေးခဲ့ပါတယ်။ နောက်ပြီးတော့ ဒီမိချောင်းကို Chito က “Pocho” လို့နာမည်ပေးခဲ့ပါတယ်။ Pocho ပြန်လည်ကျန်းမာပြီး အားအင်ပြည့်ဖြိုးလာဖို့အတွက် တစ်ပတ်ကို ကြက်သား နှင့် ငါး ကီလိုဂရမ် (၃၀) ခန့် ကျွေးမွေးခဲ့ရပါတယ်။ shwekhitonlinetv.com

ဒဏ်ရာပျောက်ကင်းပြီး ပြန်လည်စိုပြေလာတဲ့အချိန်မှာ Chito က ဒီမိချောင်းကို အိမ်အနီးနားမှာရှိတဲ့ မြစ်ထဲကိုပြန်လွှတ်ပေးခဲ့ပေမယ့် နောက်တစ်နေ့မနက်မှာတော့ ဒီမိချောင်းက သူ့အိမ်နားကိုပြန်လာခဲ့တယ်လို့သိရပါတယ်။ shwekhitonlinetv.com

“ကျွန်တော်က သူ့ကို ကောင်းကောင်းကျွေးမွေးပြုစုခဲ့ပြီး ပြန်လည်ကျန်းမာစေခဲ့ပါတယ်။ နောက်တော့ သူ့သဘာဝအတိုင်းနေစေချင်လို့ အိမ်နားမှာရှိတဲ့ မြစ်ထဲကိုပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မနက်ရောက်တော့ ကျွန်တော့အိမ်ရှေ့မြက်ခင်းပြင်မှာ Pocho ကပြန်ရောက်နေတယ်ဗျ။ နောက်ပြီးသူ့နာမည်ခေါ်ရင် ကျွန်တော့်နောက်ကို လျှောက်လိုက်နေတက်တယ်။ ဒါနဲ့ပဲ ကျွန်တော်လည်း သူနဲ့သူငယ်ချင်းဖြစ်လာခဲ့တာပေါ့” လို့ Chito က NPR ရေဒီယိုနဲ့ တွေ့ဆုံချိန်မှာ ပြောပြခဲ့ပါတယ်။ shwekhitonlinetv.com

ဒီလိုနဲ့ပဲ Chito နဲ့ Pocho တို့ဟာအလွန်ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေအဖြစ် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြပါတယ်။ Pocho ကလည်းသူ့ရဲ့ အသက်သခင်ကျေးဇူးရှင်လည်းဖြစ် (၂၂) နှစ်ကြာလောက် ပေါင်းသင်းခဲ့တဲ့ လူသားသူငယ်ချင်းလည်းဖြစ်တဲ့ Chito ကို အရမ်းယဉ်ပါးခဲ့ပုံရပါတယ်။ shwekhitonlinetv.com

Chito က “သူလည်း တဖြည်းဖြည်းအကောင်ကြီးလာသလို ကျွန်တော်လည်းအရင်လို မရှာဖွေနိုင်တော့ သူ့ကို လုံလောက်တဲ့အစာကျွေးမွေးဖို့ခက်ခဲလာခဲ့တယ်။ ဒါကြောင့် ရေကန်တစ်ကန်သူ့အတွက်ပြုလုပ်ဖန်တီးပေးပြီး သူ့အစာဖိုးအတွက် အခကြေးငွေယူပြီး ပြသခဲ့ရပါတယ်။” လို့ဆိုပါတယ်။ shwekhitonlinetv.com

လူတစ်ဦးကို (၂) ဒေါ်လာနဲ့ပြသခဲ့ရာကနေ တစ်စတစ်စ လူသိများလာခဲ့ပြီး လူမှုကွန်ယက်တွေကတစ်ဆင့် သူတို့နှစ်ဦးဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ သူတို့နှစ်ဦးအကြောင်းကို ရိုက်ကူးထားတဲ့ Documentry ရုပ်ရှင်တွေတောင်ရှိတယ်လို့သိရပါတယ်။ shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။