အများသုံး အိမ်သာတွေ အောက်ခြေမှာ ပွင့်နေတဲ့ အဓိက အကြောင်းအရင်းများ

ရွှေခေတ်ပရိသတ်တွေအနေနဲ့ ဈေးဝယ်စင်တာတွေ စားသောက်ဆိုင်တွေ စတဲ့နေရာတွေက အများသုံးသန့်စင်ခန်းတွေကို အသုံးပြုဖူးကြမယ်လို့ထင်ပါတယ်။ များသောအားဖြင့် သတိထားမိတာက ဒီသန့်စင်ခန်းတွေဟာ သန့်ရှင်းသပ်ရပ်ပြီး အနံ့အသက်ဆိုးတွေ ထွက်ပေါ်နေခြင်းမရှိတာပါ။ ဒါကတော့ ရှင်းပါတယ် ဒီနေရာတွေမှာရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ အမြဲမပြတ် သန့်ရှင်းရေးကိုပြုလုပ်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ shwekhitonlinetv.com

နောက်ထပ်သတိထားမိတာတစ်ခုကတော့ ဒီအများသုံးသန့်စင်ခန်းတွေရဲ့ တံံခါးတွေဟာ အောက်ခြေကြမ်းပြင်ကိုထိအနေဘဲ လစ်ဟာနေတာပဲဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ ? အမှန်က ဒီလိုမျိုး သန့်စင်ခန်းတွေရဲ့တံခါးကို အောက်ခြေထိ မထိစေဘဲ ဟ ထားရတဲ့အကြောင်းအရင်းတွေရှိနေပါတယ်။ ဒီအကြောင်းလေးကို ရွှေခေတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။ shwekhitonlinetv.com

၁။ သန့်ရှင်းရေးပြုလုပ်ရလွယ်ကူခြင်း

တံခါးရဲ့အောက်ခြေကို ဟ ထားခြင်းအားဖြင့် သန့်ရှင်းရေးဝန်ထမ်းတွေအနေနဲ့ သန်ရှင်းရေးုပြုလုပ်ရတာလွယ်ကူမြန်ဆန်စေပါတယ်။ shwekhitonlinetv.com

၂။ မတော်တဆမှုဖြစ်ပွားခဲ့လျှင် အလွယ်တကူ သိရှိကူညီနိုင်ခြင်း

အများသုံးသန့်စင်ခန်းတွေဟာ လူပေါင်းများစွာနေ့စဉ်ဝင်ထွက် အသုံးပြုနေတဲ့နေရာနေဖြစ်ပါတယ်။ တစ်ကယ်လို့ကျန်းမာရေးအခြေအနေမကောင်းတဲ့ သူတစ်ဦးက သန့်စင်ခန်းကိုအသုံးပြုနေရင်း မတော်တဆ သတိလစ်တာ တက်တာမျိုးတွေဖြစ်ပြီး လဲကျတာမျိုးရှိခဲ့ရင် အခန်းတံခါးအောက်ခြေကိုဟထား ခြင်းကြောင့် ပတ်ဝန်းကျင်ကလူတွေအနေနဲ့ အလွယ်တကူသိရှိပြီး အကူအညီပေးနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၃။ မသင့်လျှော်သည့်အပြုအမူများကိုတားမြစ်နိုင်ရန်

သန့်စင်ခန်းအောက်ခြေကို ဟ ထားတာကြောင့် တစ်ကယ်လို့များ သန့်စင်ခန်းအတွင်းမှာ မသင့်လျှော်တဲ့အပြုအမူမျိုးတွေပြုလုပ်မယ့်သူတွေကို သတိပေးတားမြစ်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၄။ ကုန်ကျစရိတ်သက်သာခြင်း

ဒီအချက်ကတော့ရှင်းပါတယ်။ သန့်စင်ခန်းတံခါးဟာ ကြမ်းပြင်ထိရောက်ရှိအောင် မရှည်လျားတာကြောင့် ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။ shwekhitonlinetv.com

၅။ လေဝင်လေထွက်ကောင်းမွန်ခြင်း

သန့်စင်ခန်းတံခါးအောက်ခြေကို ဟ ထားတာကြောင့် လေဝင်လေထွက်ကောင်းမွန်ပြီး တော်ရုံတန်ရုံ အနံ့အသက်ဆိုးတွေဟာ အတွင်းမှာလှောင်ပိတ်မနေတော့ဘဲ လျှင်မြန်စွာပျောက်ကွယ်သွားမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၆။ သန့်စင်ခန်း အား/မအား အလွယ်တကူသိရှိနိုင်ခြင်း

သန့်စင်ခန်းအောက်ခြေတံခါးဟာ လွတ်နေတာကြောင့် တစ်ကယ်လို့များအထဲမှာ အသုံးပြုသူရှိနေမယ်ဆိုရင် သင့်အနေနဲ့ အလွယ်တကူသိရှိနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၇။ အရေးပေါ်ထွက်ပေါက်အဖြစ်သုံးနိုင်ခြင်း

တစ်ကယ်လို့များသန့်စင်ခန်းရဲ့ တံခါးကိုအပြင်ကနေတစ်ဦးဦးကလော့ချထားတာမျိုး တံခါးဂျက် ဂျမ်းဖြစ်ပြီးဖွင့်မရတာမျိုးကြုံခဲ့ရင် သင့်အနေနဲ့ အချိန်ကုန်ခံနေစရာမလိုဘဲ လွတ်နေတဲ့အောက်ခြေနေရာကနေ တွားသွားပြီး အပြင်ကိုထွက်နိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

၈။ အပြင်မှာစောင့်နေသူတွေရှိမရှိ သိရှိနိုင်ခြင်း

သန့်စင်ခန်းတံခါးကို အပြည့်ပိတ်ထားမယ်ဆိုရင်အပြင်မှာ သန့်စင်ခန်းအသုံးပြုသူတွေစောင့်နေကြောင်းကို အထဲကလူကအလွယ်တကူ သိရှိနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သန့်စင်ခန်းတံခါးအောက်ခြေကဟ ထားတာကြောင့် အပြင်မှာနောက်လူတွေစောင့်နေရင် အထဲကလူအနေနဲ့ အလွယ်သိရှိနိုင်ပြီး ကိစ္စကိုမြန်မြန်ပြီးအောင် ဖြေရှင်းပြီး နောက်လူကိုအလှည့်ပေးမှာဖြစ်ပါတယ်။ shwekhitonlinetv.com

၉။ လိုအပ်သည့်ပစ္စည်းများကို အလွယ်တကူဝေမျှအသုံးပြုနိုင်ခြင်း

တစ်ကယ်လို့များ သန့်စင်ခန်းကိုအသုံးပြုပြီးတဲ့အခါ အထဲမှာ သန့်စင်ခန်းသုံးတစ်ရှူးစက္ကူတွေကုန်နေတာမျိုးက ကြုံတွေ့ရတက်တဲ့ ပြဿနာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သန့်စင်ခန်းတံခါးအောက်ခြေကို ဟထားတာကြောင့် ဘေးအခန်းမှာအသုံးပြုနေတဲ့သူဖြစ်ဖြစ် အပြင်မှာရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းကပဲဖြစ်ဖြစ် သင့်ကိုအလွယ်တကူ ကူညီနိုင်မှာဖြစ်ပါတယ်။ shwekhitonlinetv.com

ဒါကတော့ အများသုံးသန့်စင်ခန်းတွေရဲ့ တံခါးကိုအောက်ခြေထိအပြည့်မထားဘဲ နေရာလွတ်ချန်ထားရတဲ့ အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ တစ်ကယ်လို့များဒီအကြောင်းအရာလေးက သင့်အတွက်ဗဟုသုတ ဖြစ်စေမယ်ဆိုရင် အခြားသူတွေလည်းသိရှိအောင် ဝေမျှပေးသွားပါဦးနော် ….. shwekhitonlinetv.com

Shwe Khit Online TV မှရေးသားတင်ဆက်ပါသည်။ယခုဆောင်းပါးကိုတခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။